Connect with us

China

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က လကမ္ဘာစူးစမ်းလေ့လာရေး ခရီးစဉ် Chang’e-6 မစ်ရှင်တွင် ပါဝင်သုတေသနပြုစမ်းသပ်သူ ကိုယ်စားလှယ်များအား လက်ခံတွေ့ဆုံ၍ အရေးကြီး မိန့်ခွန်းပြောကြား

တရုတ်ကွန်မြူနစ်ပါတီနှင့် နိုင်ငံ့ခေါင်းဆောင်များ ဖြစ်ကြသော ရှီကျင့်ဖိန်၊ လီချန်၊ ကျောက်လဲ့ကျိ၊ ဝမ်ဟုနင်၊ ချိုက်ချီ၊ တင်းရွှဲရှန်၊ လီရှီးတို့သည် ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၃ ရက်က ပြည်သူ့ခန်းမဆောင်တွင် လကမ္ဘာစူးစမ်းလေ့လာရေး စီမံကိန်း Chang'e-6 မစ်ရှင်၌ ပါဝင်သုတေသနပြုစမ်းသပ်သူ ကိုယ်စားလှယ်များအား လက်ခံတွေ့ဆုံပြီး လကမ္ဘာ နမူနာပစ္စည်းနှင့် လကမ္ဘာ စူးစမ်းလေ့လာရေး စီမံကိန်း အောင်မြင်မှုရလဒ် ပြခန်းသို့ လေ့လာကြည့်ရှုခဲ့ရာ သမ္မတ ရှီကျင့်ဖိန်က အရေးကြီးမိန့်ခွန်းပြောကြားနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၂၄ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော် သမ္မတ၊ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် စက်တင်ဘာ ၂၃ ရက် နံနက်ပိုင်းက ပြည်သူ့ခန်းမဆောင်တွင် လကမ္ဘာစူးစမ်းလေ့လာရေး ခရီးစဉ် Chang’e-6 မစ်ရှင်၌ ပါဝင်သုတေသနပြုစမ်းသပ်သူ ကိုယ်စားလှယ်များအား လက်ခံတွေ့ဆုံ၍ အရေးကြီး မိန့်ခွန်းပြောကြားခဲ့သည်။

ထိုသို့ပြောကြားရာတွင် လကမ္ဘာစူးစမ်းလေ့လာရေး စီမံကိန်း ရလဒ်များသည် တရုတ်နိုင်ငံ၏အာကာသလူသား မျိုးဆက်ပေါင်းများစွာ၏ ဉာဏ်ပညာနှင့် ကြိုးပမ်းအားထုတ်မှုများဖြင့် စုစည်း ဖြစ်တည်လာခြင်း ဖြစ်ရာ တစ်ဖက်တွင်လည်း မိမိတို့၏ ဤနှစ်များအတွင်း သိပ္ပံနည်းပညာကဏ္ဍ၌ အမှီအခိုကင်းစွာ ကိုယ်ပိုင်ရပ်တည်မှုတွင် ရရှိသော ထင်ရှားသည့် အောင်မြင်မှုများကို ပြသနေခြင်းဖြစ်သလို တရုတ်လူမျိုးတို့၏ ဇွဲသတ္တိ၊ အားမာန်နှင့် ယုံကြည်ချက်ကို အပြည့်အဝ ပြသခြင်း ဖြစ်ကြောင်း သမ္မတ ရှီကျင့်ဖိန်က အလေးထား ပြောကြားခဲ့သည်။ လူမှုအသိုက်အဝန်းတစ်ရပ်လုံးတွင် အိပ်မက်ကို အကောင်အထည်ဖော်မှု၊ ရဲရဲဝံ့ဝံ့ သုတေသနပြု စူးစမ်းလေ့လာမှု၊ လက်တွဲတူညီ အခက်အခဲကို ကျော်ဖြတ်မှု၊ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဘုံအကျိုးစီးပွား ဖော်ဆောင်မှု ဟူသော လကမ္ဘာ စူးစမ်းလေ့လာရေး စိတ်ဓာတ်ကို မြှင့်တင်ရမည် ဖြစ်ကြောင်း၊ တရုတ်ပြည်သူတစ်ရပ်လုံး၏ အမျိုးသားရေး ယုံကြည်ချက်နှင့် ဂုဏ်သတင်းကို တစ်ဆင့်တိုး မြှင့်တင်ရမည်ဖြစ်သလို တရုတ်ပုံစံခေတ်မီအသွင်ပြောင်းခြင်းဖြင့် အင်အားကြီးနိုင်ငံတည်ဆောက်ရေး၊ အမျိုးသား မဟာပြန်လည်ဖွံ့ဖြိုးတိုးတက်ရေး၏ ကြီးမားသည့် အင်အားအဖြစ် ဘက်စုံ တွန်းအားပေး ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားကို တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းအဖွဲ့ဝင် လီချန်၊ ကျောက်လဲ့ကျိ၊ ဝမ်ဟုနင်၊ ချိုက်ချီ၊ တင်းရွှဲရှန်၊ လီရှီးတို့လည်း တက်ရောက်ခဲ့သည်။

နံနက်ပိုင်း ၁၀ နာရီခန့်တွင် ရှီကျင့်ဖိန် အစရှိသည့် ပါတီနှင့် နိုင်ငံ့ခေါင်းဆောင်များက ပြည်သူ့ခန်းမဆောင် မြောက်ဘက်ခန်းမသို့ ရောက်ရှိလာခဲ့ရာ ခန်းမဆောင်တစ်ခုလုံး အချိန်အတန်ကြာသည်အထိ ကြိုဆိုလက်ခုပ်သြဘာသံများဖြင့် စည်ကားခဲ့သည်။ ရှီကျင့်ဖိန် စသည့် နိုင်ငံ့ခေါင်းဆောင်များက အားလုံးနှင့် တရင်းတနှီး လက်ဆွဲနှုတ်ဆက်ပြီး စုပေါင်း အမှတ်တရ ဓာတ်ပုံ ရိုက်ကူးခဲ့သည်။

ကျယ်လောင်လှသည့် လက်ခုပ်ဩဘာသံများဖြင့် ရှီကျင့်ဖိန်က အရေးကြီး မိန့်ခွန်းပြောကြားခဲ့သည်။ ယခုနှစ် ဇွန်လ ၂၅ ရက်တွင် Chang’e-6 မစ်ရှင် ပြီးဆုံး၍ ပြန်လည်ရောက်ရှိလာချိန်တွင် မိမိအနေဖြင့် ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ပါကြောင်း၊ ယနေ့အခါ မိမိနှင့် အခြားသော ဗဟိုကော်မတီ ခေါင်းဆောင်ရဲဘော်များနှင့်အတူ အားလုံးကို လာရောက်ကြည့်ရှုကာ ပါတီ ဗဟိုကော်မတီကိုယ်စား လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုကြောင်းနှင့် ရင်းနှီးနွေးထွေးစွာ နှုတ်ခွန်းဆက်စကား ထပ်မံ ပြောကြားအပ်ပါကြောင်း ၎င်းက ပြောကြားခဲ့သည်။

ရှီကျင့်ဖိန်က Chang’e-6 သည် လူသားတို့၏ သမိုင်းတွင် ပထမဆုံး အကြိမ် လကမ္ဘာ၏အနောက်ဘက်ခြမ်းမှ နမူနာယူနိုင်ခဲ့ခြင်းဖြစ်သလို အချက်အချာကျသည့် နည်းပညာ အများအပြားကို ထိုးဖောက်နိုင်ခဲ့ရာ တရုတ်နိုင်ငံ အာကာသကဏ္ဍ အင်အားကြီးနိုင်ငံ၊ သိပ္ပံနည်းပညာ အင်အားကြီးနိုင်ငံအဖြစ် တည်ဆောက်ရေး၏ အထင်ကရ အောင်မြင်မှု ဖြစ်ပြီး တရုတ်နိုင်ငံ၏ လကမ္ဘာ စူးစမ်းလေ့လာရေးစီမံကိန်း၏ အရေးကြီးသည့် သမိုင်းမှတ်တိုင် ဖြစ်ခဲ့ကြောင်း ထောက်ပြ ပြောကြားခဲ့သည်။ နှစ်ပေါင်း ၂၀ ကြာကာလတွင် လကမ္ဘာ စူးစမ်းလေ့လာရေး စီမံကိန်းသည် ပင်မအချက်အချာနည်းပညာကဏ္ဍများ၌ တစ်စုတစ်စည်းတည်း ဆက်တိုက် ထိုးဖောက်နိုင်ခဲ့ကြောင်း၊ သိပ္ပံပညာတွေ့ရှိမှု၊ နည်းပညာဆန်းသစ်ဖန်တီးမှု၊ စီမံကိန်း လက်တွေ့ဖော်ဆောင်မှု၊ ရလဒ်အသွင်ပြောင်းမှု၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု စသည့် ကဏ္ဍများ၌ မြောက်မြားလှစွာသော ရလဒ်ကောင်းများ ရရှိခဲ့ရာ အရည်အသွေးမြင့်၊ စွမ်းဆောင်ရည်မြင့်မားမှုရှိသည့် လကမ္ဘာ စူးစမ်းလေ့လာရေးလမ်းကြောင်းကို လျှောက်လှမ်းနိုင်ခဲ့ပြီး တရုတ်နိုင်ငံ၏ အာကာသကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ လူသားမျိုးနွယ်တို့၏ စကြဝဠာစူးစမ်းလေ့လာရေးအတွက် ကြီးမားသည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ကျယ်ပြောလှသည့် စကြဝဠာကြီးအား စူးစမ်းလေ့လာရေး၊ အာကာသကဏ္ဍ အင်အားကြီးနိုင်ငံ တည်ဆောက်ရေးသည် မိမိတို့ မဆုတ်မနစ် ကြိုးပမ်းသည့် အာကာသအိပ်မက် ဖြစ်သည်ဟု ရှီကျင့်ဖိန်က အလေးထား ပြောကြားခဲ့သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ပြီး နှစ်ပေါင်း ၇၅ နှစ်ကြာ ကာလ၊ တရုတ်ကွန်မြူနစ်ပါတီ၏ ဦးဆောင်မှုအောက်တွင် တရုတ်နိုင်ငံ၏ ခေတ်အဆက်ဆက် အာကာသလူသားများသည် ကိုယ့်အားကိုယ်ကိုးမှု၊ ကိုယ်ပိုင်ဖန်တီးမှုကို ခိုင်မာစွာ ဆောင်ရွက်ခဲ့ပါကြောင်း၊ အာကာသလုပ်ငန်းသည် သုညမှ အရှိတရားဖြစ်တည်အောင် ဖော်ဆောင်ခြင်း၊ အားနည်းရာမှ အားကောင်းလာခြင်း၊ “အိပ်မက် မျှော်လင့်ချက်” မှ “အိပ်မက်ကို ပြီးပြည့်စုံအောင် ဖော်ဆောင်နိုင်ရန် ကြိုးပမ်းခြင်း” သို့ တွန်အား ပေးနိုင်ခဲ့ရာ သမိုင်းဝင်၊ အရည်အသွေးမြင့်၊ ခုန်ပျံကျော်လွှား တိုးတက်မှုများကို ဖော်ဆောင်ကာ အာကာသကဏ္ဍ အင်အားကြီးနိုင်ငံ တည်ဆောက်ရေးအတွက် ခိုင်မာသည့် ခြေလှမ်းကို လျှောက်လှမ်းနိုင်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ပြင်ပအာကာသသည် လူသားမျိုးနွယ်တို့၏ ဘုံနယ်မြေဖြစ်ပြီး အာကာသစူးစမ်းလေ့လာရေးသည် လူသားမျိုးနွယ်တို့၏ ဘုံလုပ်ငန်းဖြစ်ပါကြောင်း ရှီကျင့်ဖိန်က ထောက်ပြ ပြောကြားခဲ့သည်။ လကမ္ဘာစူးစမ်းလေ့လာရေး စီမံကိန်းသည် တန်းတူညီမျှ အပြန်အလှန် အကျိုးဖြစ်ထွန်းမှု၊ ငြိမ်းချမ်းစွာ အသုံးချမှု၊ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဘုံအကျိုးစီးပွားဖော်ဆောင်မှု ဟူသော မူကို အစဉ်အမြဲလက်ကိုင်ထားရမည် ဖြစ်ကြောင်း၊ “Chang’e” သည် တရုတ်ပိုင် ဖြစ်သလို လူသားမျိုးနွယ် တစ်ရပ်လုံးနှင့် သက်ဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သိပ္ပံနှင့်နည်းပညာ ပူးပေါင်းဆောင်ရွက်မှုအတွက် ကျယ်ပြန့်သည့်ပလက်ဖောင်း၊ ကမ္ဘာလုံးဆိုင်ရာ နက်ရှိုင်းသည့်အာကာသ စူးစမ်းလေ့လာရေး ဆောင်ရွက်ရန်အတွက် တရုတ်နိုင်ငံ၏ ဉာဏ်ပညာနှင့် တရုတ်နိုင်ငံ၏စွမ်းပကားကို ပံ့ပိုးပေးခဲ့ပါကြောင်း၊ မိမိတို့အနေဖြင့် ဆက်လက်တံခါးဖွင့်ထားကာ အာကာသကဏ္ဍ အပြည်ပြည်ဆိုင်ရာ ဖလှယ်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေး ပုံစံအမျိုးမျိုးကို နက်ရှိုင်းစွာ တွန်းအားပေးသွားမည် ဖြစ်သလို နိုင်ငံအသီးသီးနှင့် ဖွံ့ဖြိုးတိုးတက်ရေးရလဒ်များကို မျှဝေသွားမည် ဖြစ်သလို ပြင်ပအာကာသ စီမံခန့်ခွဲမှုကို ပြည်စုံကောင်းမွန်အောင် ဆောင်ရွက်သွားမည် ဖြစ်ရာ အာကာသ သိပ္ပံနည်းပညာ ရလဒ်များ လူသားမျိုးနွယ်တို့၏အကျိုးကို ပိုမိုဖော်ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အာကာသ စူးစမ်းလေ့လာမှုသည် ထာဝရ အဆုံးမရှိ ဖြစ်ပါကြောင်း ရှီကျင့်ဖိန်က အလေးထားပြောကြားခဲ့သည်။ အာကာသကဏ္ဍ ရဲဘော်များအနေဖြင့် တိုးတက်ရေး ဆက်လက် အားထုတ်ကြိုးပမ်းရန်၊ လကမ္ဘာနမူနာပစ္စည်းများကို အသေးစိတ် သိပ္ပံသုတေသနပြုရန်၊ နက်ရှိုင်းသည့်အာကာသ စူးစမ်းလေ့လာရေးစသည့် အာကာသကဏ္ဍ အရေးကြီး စီမံကိန်းများကို ဆက်လက် ကောင်းမွန်စွာ အကောင်အထည်ဖော်ရန်၊ အာကာသသိပ္ပံ၊ အာကာသနည်းပညာ၊ အာကာသ အသုံးချမှု ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး တွန်းအားပေးကာ အာကာသကဏ္ဍ အင်အားကြီးနိုင်ငံတည်ဆောက်ရေးအတွက် ထပ်မံ အကျိုးသစ် ဆောင်ကြဉ်းပေးရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ထို့နောက် ရှီကျင့်ဖိန်နှင့် အခမ်းအနားတက်ရောက်သူများက ပြည်သူ့ခန်းမဆောင် အရှေ့ခန်းမသို့ သွားရောက်၍ လကမ္ဘာ နမူနာပစ္စည်းများနှင့် “လကမ္ဘာစူးစမ်းလေ့လာရေး စီမံကိန်း နှစ်ပေါင်း ၂၀ ” ရလဒ်များ ပြခန်းအား ကြည့်ရှုလေ့လာခဲ့သည်။
အဆိုပါအခမ်းအနားကို လီကန့်ကျယ်၊ လီစူးလေ၊ ကျန်းယိုရှာ၊ ကျန်းကော်ချင်း၊ ဝူကျိန့်လုံတို့ လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

လကမ္ဘာစူးစမ်းလေ့လာရေး စီမံကိန်းသည် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ တရုတ်နိုင်ငံ စီးပွားရေးနှင့် သိပ္ပံနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး အလားအလာအတွက် ချမှတ်သည့် အရေးကြီး မဟာဗျူဟာမြောက် ဆုံးဖြတ်ချက် ဖြစ်သည်။ တရုတ်နိုင်ငံ အာကာသသမိုင်းတွင် ယနေ့အထိ နည်းပညာ အမြင့်မားဆုံးဖြစ်သည့် လကမ္ဘာ စူးစမ်းလေ့လာရေး မစ်ရှင်အနေဖြင့် Chang’e-6 သည် လူသားမျိုးနွယ်တို့၏ သမိုင်းတွင် ပထမဆုံးအကြိမ်ဖြစ်သော လကမ္ဘာ အနောက်ဘက်အခြမ်းမှ နမူနာပစ္စည်းကို ယူဆောင်၍ ပြန်လာနိုင်ခဲ့ရာ အနာဂတ် တရုတ်နိုင်ငံ၏ လကမ္ဘာနှင့် ဂြိုဟ်များ လေ့လာရေး အတွက် ခိုင်မာသည့် အခြေခံအုတ်မြစ်ကို ချထားပေးနိုင်ခဲ့ပါသည်။ (Xinhua)


…………………………..
(Chinese Version)
习近平在接见探月工程嫦娥六号任务参研参试人员代表时发表重要讲话强调   再接再厉乘势而上   加快建设航天强国   并参观月球样品和探月工程成果展览   李强赵乐际王沪宁蔡奇丁薛祥李希出席活动
新华社北京9月23日电 中共中央总书记、国家主席、中央军委主席习近平23日上午在人民大会堂接见探月工程嫦娥六号任务参研参试人员代表时发表重要讲话。他强调,探月工程成果凝结着我国几代航天人的智慧和心血,从一个侧面展示了我们这些年在科技自立自强上取得的显著成就,充分展现了中国人的志气、骨气和底气。要在全社会大力弘扬追逐梦想、勇于探索、协同攻坚、合作共赢的探月精神,进一步增强全体中华儿女的民族自信心和自豪感,凝聚起以中国式现代化全面推进强国建设、民族复兴伟业的磅礴力量。
中共中央政治局常委李强、赵乐际、王沪宁、蔡奇、丁薛祥、李希出席活动。   上午10时许,习近平等党和国家领导人来到人民大会堂北大厅,全场响起长时间热烈掌声。习近平等同大家亲切握手,并合影留念。
在热烈的掌声中,习近平发表重要讲话。他表示,今年6月25日,嫦娥六号完成任务后成功返回,我发了贺电。今天,我和其他中央领导同志来看望大家,代表党中央,再次向大家表示热烈祝贺和诚挚问候!
习近平指出,嫦娥六号完成了人类历史上首次月球背面采样,突破了多项关键技术,是我国建设航天强国、科技强国取得的又一标志性成果,是我国探月工程的重要里程碑。20年来,探月工程聚焦关键核心技术领域持续攻关,在科学发现、技术创新、工程实践、成果转化、国际合作等方面取得丰硕成果,走出一条高质量、高效益的月球探测之路,为我国航天事业发展、为人类探索宇宙空间作出了重大贡献。
习近平强调,探索浩瀚宇宙,建设航天强国,是我们不懈追求的航天梦。新中国成立75年来,在中国共产党领导下,我国一代代航天人坚持自力更生、自主创新,推动航天事业从无到有、从弱到强、从“蓝图绘梦”到“奋斗圆梦”,实现历史性、高质量、跨越式发展,航天强国建设迈出坚实步伐。
习近平指出,外层空间是人类的共同疆域,空间探索是人类的共同事业。探月工程始终秉持平等互利、和平利用、合作共赢的原则,“嫦娥”既是中国的、又属于全人类,为国际科技合作提供了广阔舞台,为全球深空探索贡献了中国智慧和中国力量。我们要继续敞开胸怀,深入推进多种形式的航天国际交流合作,同各国分享发展成果、完善外空治理,让航天科技成果更好造福人类。
习近平强调,探索太空永无止境。希望航天战线同志们再接再厉、乘势而上,精心开展月球样品科学研究,接续实施好深空探测等航天重大工程,推动空间科学、空间技术、空间应用全面发展,为建设航天强国再立新功。
随后,习近平等来到人民大会堂东大厅,参观月球样品和“九天揽月·探月工程二十年”成果展览。
李干杰、李书磊、张又侠、张国清、吴政隆出席上述活动。
实施探月工程是党中央把握我国经济科技发展大势作出的重大战略决策。作为我国航天史上迄今技术水平最高的月球探测任务,嫦娥六号在人类历史上首次实现月球背面采样返回,为未来我国开展月球和行星探测奠定坚实基础。(完)
1. 9月23日,党和国家领导人习近平、李强、赵乐际、王沪宁、蔡奇、丁薛祥、李希等在人民大会堂接见探月工程嫦娥六号任务参研参试人员代表并参观月球样品和探月工程成果展览。这是习近平发表重要讲话。新华社记者 鞠鹏 摄
2. 9月23日,党和国家领导人习近平、李强、赵乐际、王沪宁、蔡奇、丁薛祥、李希等在人民大会堂接见探月工程嫦娥六号任务参研参试人员代表并参观月球样品和探月工程成果展览。这是习近平等接见探月工程嫦娥六号任务参研参试人员代表。新华社记者 姚大伟 摄
3. 9月23日,党和国家领导人习近平、李强、赵乐际、王沪宁、蔡奇、丁薛祥、李希等在人民大会堂接见探月工程嫦娥六号任务参研参试人员代表并参观月球样品和探月工程成果展览。这是习近平等接见探月工程嫦娥六号任务参研参试人员代表。新华社记者 谢环驰 摄
4. 9月23日,党和国家领导人习近平、李强、赵乐际、王沪宁、蔡奇、丁薛祥、李希等在人民大会堂接见探月工程嫦娥六号任务参研参试人员代表并参观月球样品和探月工程成果展览。这是习近平等参观月球样品和探月工程成果展览。新华社记者 谢环驰 摄