Connect with us

China

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ဂျာမနီနိုင်ငံခြားရေးဝန်ကြီး Annalena Baerbock တွေ့ဆုံဆွေးနွေး

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ဂျာမနီနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Annalena Baerbock တို့ ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၄ ရက်က တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

နယူးယောက်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဂျာမနီနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Annalena Baerbock နှင့် စက်တင်ဘာ ၂၄ ရက်က နယူးယောက်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့တွေ့ဆုံရာ၌ ဝမ်ရိက ယခုနှစ်တွင် တရုတ်-ဂျာမနီ အဆင့်မြင့်အရာရှိများ နီးကပ်သည့်အသွားအလာရှိကြရာ နှစ်နိုင်ငံခေါင်းဆောင်များက နှစ်ဖက်ဆက်ဆံရေးအတွက် မဟာဗျူဟာအစီအစဉ် ရေးဆွဲပေးခဲ့ကြောင်း ပြောကြားခဲ့သည်။ ကုန်သွယ်စီးပွား ပူးပေါင်းဆောင်ရွက်မှုသည် အဆင့်မြင့်မားသော ဖွံ့ဖြိုးတိုးတက်မှုကို ထိန်းထားနိုင်ခဲ့ကြောင်း၊ အထူးသဖြင့် အစိမ်းရောင်၊ ဒစ်ဂျစ်တယ်၊ ဆန်းသစ်ဖန်တီးမှု စသည့် ထွန်းသစ်စကဏ္ဍများ၏ ပူးပေါင်းဆောင်ရွက်မှုသည် လက်တွေ့ရလဒ်များ ဖြစ်ထွန်းခဲ့ရာ တရုတ်-ဂျာမနီ ဆက်ဆံရေး အပြန်အလှန် အကျိုးဖြစ်ထွန်းမှု၊ မဟာဗျူဟာကျမှု ရှိကြောင်းကို အပြည့်အဝ ဖော်ပြခဲ့ပါကြောင်း၊ ၂၀ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ တတိယအကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးတွင် တရုတ်ပုံစံ ခေတ်မီအသွင်ပြောင်းရေး ရည်မှန်းချက်ကို ချမှတ်ပြီးဖြစ်ရာ ပြုပြင်ပြောင်းလဲရေးကို ဘက်စုံ နက်ရှိုင်းစွာ တစ်ဆင့်တိုးဆောင်ရွက်ရန်၊ အဆင့်မြင့် ပြည်ပတံခါးဖွင့်လှစ်ရေး တွန်းအားပေးရန် သန္နိဋ္ဌာန်ချထားကြောင်း၊ ဂျာမနီလုပ်ငန်းအများအပြားက ထက်မြက်ဖျတ်လတ်စွာ ထိုအခွင့်အရေးကို လက်ဦးမှု ရယူပြီး တရုတ်ဈေးကွက်ကို တက်ကြွစွာ ချဲ့ထွင်ကြရာ ပြီးခဲ့သည့်နှစ်ဝက်က ဂျာမနီ၏ တရုတ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုများ သမိုင်းစံချိန်သစ် တင်ခဲ့ကြောင်း၊ တရုတ်နှင့် ဂျာမနီသည် ကမ္ဘာ့ ဒုတိယနှင့် တတိယ အကြီးဆုံး စီးပွားရေးအစုအဖွဲ့ဖြစ်သည့်အားလျော်စွာ အပြန်အလှန်တိုးတက်စေမှုမှတစ်ဆင့် အကျိုးများ ရရှိခဲ့ပြီး ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် စည်ပင်သာယာဝပြောရေးအတွက် အကျိုးဆောင်ခဲ့သလို ကမ္ဘာ့တည်ငြိမ်ရေးအတွက်လည်း အားအင် ဖြည့်တင်းပေးခဲ့ကြကြောင်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် တရုတ်-ဂျာမနီဆက်ဆံရေးကို အထူးအလေးထားရာ ဂျာမနီနိုင်ငံနှင့်အတူ နိုင်ငံရေး အပြန်အလှန်ယုံကြည်မှု အားဖြည့်ရန်၊ အကျိုးစီးပွားပေါင်းစည်းမှု နက်ရှိုင်းစေရန်၊ နှစ်နိုင်ငံ ဘက်စုံ မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေး တစ်ဆင့်တိုး နက်ရှိုင်းစေရန် ဆောင်ရွက်သွားလိုကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။ လာမည့်နှစ်သည် တရုတ်နိုင်ငံနှင့် ဥရောပသမဂ္ဂ သံတမန်ဆက်ဆံရေး ထူထောင်သည့် နှစ် ၅၀ ပြည့် အထိမ်းအမှတ်နှစ်ဖြစ်ကြောင်း၊ တရုတ်-ဥရောပ ပူးပေါင်းဆောင်ရွက်မှုသည် နှစ်ဖက်အကျိုးစီးပွားနှင့်ကိုက်ညီသလို ကမ္ဘာ့တည်ငြိမ်ရေးအတွက်လည်း အကျိုးရှိကြောင်းကို တရုတ်-ဥရောပ ဆက်ဆံရေး ရာစုနှစ်ဝက် သမိုင်းဖြစ်စဉ်တွင် အပြည့်အဝ ပြသပြီးဖြစ်ကြောင်း၊ တရုတ်-ဥရောပ ဆက်ဆံရေး၏ အခြေခံမှာ အပြန်အလှန်အကျိုးဖြစ်ထွန်းသည့် ပူးပေါင်းဆောင်ရွက်မှု၊ နှစ်ဖက်စီးပွားရေးတွင် မြင့်မားသည့်အပြန်အလှန်ဖြည့်စွက်မှု ရှိခြင်းကို အခြေခံရာ နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှု၏ ရလဒ်သည် မျှော်မှန်းထားသည်ထက် ပိုများအောင် ဖော်ဆောင်နိုင်ကြောင်း၊ ကုန်သွယ်စီးပွားအရေးကိစ္စကို နိုင်ငံရေးအသွင်ပြောင်း၍ အလွန်အကျွံ အကောက်ခွန် စည်းကြပ်နေခြင်းသည် မည်သူ၏အကျိုးစီးပွားနှင့်မျှ ကိုက်ညီမှုမရှိသလို ကမ္ဘာကြီး အစိမ်းရောင်အသွင်ပြောင်းရေးအတွက်လည်း အကျိုးမရှိကြောင်း၊ ဂျာမနီနှင့် ဥရောပသမဂ္ဂအနေဖြင့် ဆက်လက်ခိုင်မာစွာ တံခါးဖွင့်ဆောင်ရွက်ရန်၊ တွေ့ဆုံညှိနှိုင်းမှုများ ခိုင်မာစွာ ဆောင်ရွက်ရန်၊ သက်ဆိုင်ရာပြဿနာများအား သင့်လျော်စွာ ကိုင်တွယ်စီမံရန် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေး စည်းမျဉ်းစည်းကမ်းများနှင့် တရားမျှတစွာ ယှဉ်ပြိုင်သည့်ပတ်ဝန်းကျင်ကို အတူတကွ ကာကွယ်ထိန်းသိမ်းရန် မျှော်လင့်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

Annalena Baerbock က တရုတ်နိုင်ငံသည် ဂျာမနီနိုင်ငံ၏ အရေးကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုသည် အပြန်အလှန် အကျိုးဖြစ်ထွန်း၍ ဘုံအကျိုးစီးပွားကို ဖော်ဆောင်နိုင်သလို ကဏ္ဍများမှာလည်း ကျယ်ပြန့်ကြောင်း ပြောကြားခဲ့သည်။ ဂျာမနီလက်ကိုင်ထားသည့် တရုတ်တစ်နိုင်ငံတည်း မူဝါဒမှာ မည်သည့် အပြောင်းအလဲမျှ မရှိကြောင်း၊ လွတ်လပ်သော ကုန်သွယ်ရေးနှင့် မျှတသော ယှဉ်ပြိုင်မှုကို ခိုင်မာစွာ လက်ကိုင်ထားသင့်သည်၊ တံခါးဖွင့်ပွင့်လင်းသည့် တွေ့ဆုံညှိနှိုင်းဆွေးနွေးမှုဖြင့် ကြုံတွေ့ရသော ပြဿနာများကို ဖြေရှင်းသင့်သည်၊ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေး စည်းမျဉ်းစည်းကမ်းများနှင့်စနစ်များကို ကာကွယ်ထိန်းသိမ်းသင့်သည်ဟု ဂျာမနီအနေဖြင့် အလားတူ ယူဆပါကြောင်း၊ ကမ္ဘာ့အကြီးဆုံး တစ်ခုတည်းသော ဈေးကွက်အနေဖြင့် ဥရောပသမဂ္ဂသည် ဈေးကွက်တံခါးဖွင့်လှစ်မှုကို ဆက်လက် ကြိုးပမ်းသင့်ပါကြောင်း၊ နိုင်ငံတကာရေးရာတွင် တရုတ်နိုင်ငံ၏ အခန်းကဏ္ဍကို ဂျာမနီနိုင်ငံအနေဖြင့် အလေးထားရာ တရုတ်နိုင်ငံနှင့်အတူ ကုလသမဂ္ဂ စသည့် နိုင်ငံပေါင်းစုံယန္တရား၏ ညှိနှိုင်းဆောင်ရွက်မှုများကို မြှင့်တင်ကာ ဥရောပသမဂ္ဂနှင့် တရုတ်နိုင်ငံ ဆက်ဆံရေး တိုးတက်အောင် အပြုသဘော တွန်းအားပေးသွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဝမ်ရိက ဂျာမနီနိုင်ငံသည် ပူးတွဲညှိနှိုင်းသူအနေဖြင့် “အနာဂတ်ထိပ်သီးအစည်းအဝေး” အောင်မြင်အောင် တွန်းအားပေးနိုင်သည့်အတွက် ဂုဏ်ပြုပါကြောင်း၊ နိုင်ငံတကာရေးရာတွင် ကုလသမဂ္ဂ၏ ဗဟိုအခန်းကဏ္ဍနှင့် ဦးဆောင်မှုအခန်းကဏ္ဍကို တရုတ်နိုင်ငံအနေဖြင့် အစဉ်အမြဲ ထောက်ခံအားပေးသွားမည် ဖြစ်ကြောင်း၊ ဂျာမနီနိုင်ငံအပါအဝင် နိုင်ငံပေါင်းစုံနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်သွားလိုပြီး ငြိမ်းချမ်းရေးထိန်းသိမ်းမှုနှင့် လုံခြုံရေး လက်တွေ့ဖော်ဆောင်မည့် တာဝန်ကို ထမ်းဆောင်ရန်အတွက် ကုလသမဂ္ဂနှင့် လုံခြုံရေးကောင်စီအား တွန်းအားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါတွေ့ဆုံဆွေးနွေးမှုတွင် နှစ်ဖက်အနေဖြင့် ယူကရိန်းအကျပ်အတည်း၊ အရှေ့အလယ်ပိုင်းဒေသအခြေအနေ စသည့်ကိစ္စရပ်များအား အမြင်သဘောထားချင်း ဖလှယ်ခဲ့ကြကြောင်း သိရသည်။ (Xinhua)
……………………..
(Chinese Version)
王毅会见德国外长贝尔伯克
新华社纽约9月24日电(记者潘云召 邓仙来)当地时间9月24日,中共中央政治局委员、外交部长王毅在纽约会见德国外长贝尔伯克。
王毅表示,今年以来,中德高层密切互动,两国领导人为双边关系作出战略规划。经贸合作保持高水平发展,特别是绿色、数字、创新等新兴领域合作取得务实成果,充分体现中德关系的互利性、战略性。中国共产党二十届三中全会锚定中国式现代化目标,决定进一步全面深化改革,推进高水平对外开放。许多德国企业已经敏锐把握这一先机,积极开拓中国市场,上半年德国对华投资额创历史新高。中德作为世界第二、第三大经济体,从彼此发展中受益并共同为世界和平与繁荣作出贡献,也为世界注入稳定性。
王毅说,中方高度重视中德关系,愿同德方一道,增强政治互信,加深利益融合,进一步深化两国全方位战略伙伴关系。明年是中国和欧盟建交50周年,中欧关系半个世纪的历程充分说明,加强中欧合作符合双方利益,也有利于世界的稳定。中欧关系的基础在于互利合作,双方经济高度互补,可以实现一加一大于二。将经贸问题政治化,滥征关税不符合任何一方利益,不利于世界的绿色转型。希望德国和欧盟坚持开放合作,坚持对话协调,妥善处理有关问题,共同维护国际贸易规则和公平竞争环境。
贝尔伯克表示,中国是德国最重要的贸易伙伴,两国合作互利共赢,领域广阔。德国坚持一个中国政策没有任何变化。德方同样认为应坚持自由贸易和公平竞争,通过开放透明的对话协商解决遇到的问题,维护国际贸易规则和秩序。作为世界上最大的单一市场,欧盟应努力保持市场开放。德方重视中国在国际事务中的重要作用,愿同中方加强在联合国等多边机制的协调,积极推动欧盟与中国关系的发展。
王毅祝贺德国作为共同协调员推动未来峰会取得成功,表示中国一贯支持联合国在国际事务中发挥核心和主导作用,愿同包括德国在内的各方加强协调,推动联合国和安理会切实把维护和平与安全的责任承担起来。
双方就乌克兰危机、中东局势等交换了意见。
1. 当地时间9月24日,中共中央政治局委员、外交部长王毅在纽约会见德国外长贝尔伯克。 新华社记者 吴晓凌 摄