Connect with us

China

အမေရိကန် စသည့် နိုင်ငံအနည်းစုက လူ့အခွင့်အရေးကို ကြိုးကိုင်နေခြင်းအပေါ် အများက နှစ်သက်ကြမည်မဟုတ်ဟု ဝမ်ရိ ပြောကြား

နယူးယောက်ရှိ ကုလသမဂ္ဂရုံးချုပ်၌ ကျင်းပသည့် လုံခြုံရေးကောင်စီ ယူကရိန်းအရေး အဆင့်မြင့် ဆွေးနွေးပွဲတွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိအား ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နယူးယောက်၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)
စက်တင်ဘာ ၂၄ ရက်က ဂျီနီဗာ၌ ကျင်းပသည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးတွင် အမေရိကန် စသည့် နိုင်ငံအနည်းစုက ရှင်းကျန်းနှင့်ပတ်သက်သည့်ကိစ္စရပ်အပေါ် မဟုတ်မမှန် လုပ်ကြံပုတ်ခတ်ပြောဆိုခဲ့မှုနှင့်စပ်လျဉ်း၍ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး၊ နိုင်ငံအများအပြား နိုင်ငံခြားရေးဝန်ကြီးများနှင့် နယူးယောက်တွင် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

များပြားလှသည့် အစ္စလာမ်မစ်နိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၈၀ နီးပါးသည် ယင်းနေရာတွင် တရုတ်နိုင်ငံကို တစ်ခဲနက်အားပေးထောက်ခံသည့် ဘုံသဘောထားအား ပြောကြားခဲ့သလို နိုင်ငံပေါင်း ၂၀ ကျော်ကလည်း တရုတ်နိုင်ငံ၏ သမာသမတ်ကျသည့် ရပ်တည်ချက်ကို ထောက်ခံကြောင်း၊ လူ့အခွင့်အရေး နိုင်ငံရေးအသွင်ပြောင်းမှု၊ လူ့အခွင့်အရေး အကြောင်းပြသည့် အခြားနိုင်ငံပြည်တွင်းရေး စွက်ဖက်မှုကို အတိအလင်း ဆန့်ကျင်ကြောင်း နည်းလမ်းအသွယ်သွယ်ဖြင့် ဖော်ပြခဲ့ကြရာ နိုင်ငံပေါင်း ၁၀၀ ကျော်၏ စကားသံများက အမေရိကန် စသည့် အနည်းစုနိုင်ငံများ၏ နိုင်ငံရေးကြိုးကိုင်မှုအပေါ် အများ၏ မနှစ်မြို့ခြင်းကို အပြည့်အဝ ပြသနေသည်ဟု ဝမ်ရိက ပြောကြားခဲ့သည်။
အမေရိကန် စသည့် နိုင်ငံအနည်းစု၏ လုပ်ရပ်က စံချိန်နှစ်မျိုး ဆိုသည်မှာ မည်သည့်အရာ ဖြစ်သည်ကို ကမ္ဘာအား ထပ်မံပြသလိုက်ခြင်း ဖြစ်ကြောင်း ဝမ်ရိက ထောက်ပြ ပြောဆိုခဲ့သည်။ အမေရိကန် အနေဖြင့် အစ္စလာမ်လူ့အခွင့်အရေးကို ဤမျှ ဂရုစိုက်သည်ဆိုလျှင် အပြစ်မဲ့ အစ္စလာမ်ပြည်သူလူထု အများအပြား သေဆုံး ဒဏ်ရာရအောင် အဘယ်ကြောင့် အရှေ့အလယ်ပိုင်း စသည့် ဒေသများတွင် စစ်အစပျိုး သို့မဟုတ် စစ်မက်ကို အားပေးအားမြှောက်ပြုရသနည်း၊ အဘယ်ကြောင့် အာရပ် ပြည်သူများအတွက် မျှတမှု မရှိသည့် သမိုင်းကို လျစ်လျူရှုပြီး ကုလသမဂ္ဂတွင် ပါလက်စတိုင်း တရားဝင်နိုင်ငံဖြစ်ရေး မထောက်ခံရပါသနည်း၊ အဘယ်ကြောင့် ဂါဇာထာဝရအပစ်ရပ်ရေး ဖော်ဆောင်မှု၊ စစ်တပ် ဘက်စုံရုပ်သိမ်းမှုတွင် ပါဝင်သင့်သော အခန်းကဏ္ဍမှ မပါဝင်ရသနည်းဟု အများက မဖြစ်မနေ မေးခွန်းထုတ်ကြမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

များပြားလှသည့် အစ္စလာမ်မစ်နိုင်ငံများအနေဖြင့် အမေရိကန်၏ ပရိယာယ်လှည့်ကွက် ထိုးထွင်းသိမြင်ပြီးဖြစ်ရာ အမေရိကန်အနေဖြင့် လူ့အခွင့်အရေးကို အကြောင်းပြပြီး တရုတ်နိုင်ငံနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ပြည်တွင်းရေးကို စွက်ဖက်ရန် ကြိုးပမ်းခြင်းသာဖြစ်သည်ကို သိရှိနားလည်ကြကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။ အစ္စလာမ်မစ်နိုင်ငံများအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံပေါင်း ၁၀၀ ကျော်က လူအခွင့်အရေးကောင်စီ အစည်းအဝေးတွင် တရုတ်နိုင်ငံအား အတိအလင်း ထောက်ခံခဲ့သည်မှာ တရုတ်နိုင်ငံအတွက် တရားဝင် အခွင့်အရေးများကို ကာကွယ်ထိန်းသိမ်းဖြစ်သလို နိုင်ငံတကာ တရားမျှတမှုကို ကာကွယ်ထိန်းသိမ်းခြင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဘုံအကျိုးစီးပွားကို ကာကွယ်ထိန်းသိမ်းခြင်း၊ ပြည်တွင်းရေး မစွက်ဖက်ရေး ဟူသော နိုင်ငံတကာ ဆက်ဆံရေး အခြေခံမူကို ကာကွယ်ထိန်းသိမ်းခြင်း ပို၍ပင် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဝမ်ရိက ယခုနှစ်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်သည့် ၇၅ နှစ်ပြည့် နှစ်ပတ်လည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ လူ့အခွင့်အရေး ကာကွယ်ထိန်းသိမ်း၊ မြှင့်တင်မှုများ ကမ္ဘာ့အသိအမှတ်ပြု ဖြစ်သလို ရှင်းကျန်း၏ ဖွံ့ဖြိုးတိုးတက်လာမှုမှာ မျက်ဝါးထင်ထင်ဖြစ်ကြောင်း အလေးထားပြောကြားခဲ့သည်။ အနောက်အင်အားကြီးနိုင်ငံများ၏ တရုတ်နိုင်ငံလူ့အခွင့်အရေးအပေါ် ချိုးဖောက်မှုသမိုင်းမှာ သင်ခန်းစာယူဖွယ်ကောင်းရာ အမြင့်တွင်နေ၍ ဆရာလုပ်ပိုင်ခွင့်မရှိကြောင်း၊ မိမိတို့အနေဖြင့် တန်းတူညီမျှရှိမှုကို အခြေခံ၍ နိုင်ငံအသီးသီးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို ဖလှယ်သွားလိုကြောင်း၊ တရုတ်နိုင်ငံသည် ကမ္ဘာကြီးကို တံခါးဖွင့်ထားကြောင်း၊ နိုင်ငံအသီးသီး မိတ်ဆွေများ တရုတ်နိုင်ငံသို့ လာရောက်လည်ပတ် ကြည့်ရှုရန် ကြိုဆိုကြောင်း၊ အမှန်တရားအရှေ့တွင် လိမ်ညာလှည့်ဖျားသည့် ကောလာဟလများသည် အလိုအလျောက် ပျက်ပြယ်သွားမည် ဖြစ်ပြီး တရုတ်နိုင်ငံအပေါ် မဟုတ်မမှန် လုပ်ကြံပုတ်ခပ်မှု မှန်သမျှက အောင်မြင်မည် မဟုတ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)


…………………………………………….

(Chinese Version)
王毅:美国等少数国家操弄人权问题不得人心
新华社纽约9月25日电(记者杨士龙 潘云召)中共中央政治局委员、外交部长王毅在纽约会见联合国人权高专以及多国外长时表示,9月24日,在日内瓦举行的联合国人权理事会上,美国等少数国家借涉疆问题攻击抹黑中国人权状况。包括广大穆斯林国家在内的近80个国家当场宣读力挺中国的共同发言,还有20多个国家以不同方式表态,支持中方的正义立场,明确反对将人权问题政治化,反对以人权为借口干涉别国内政。100多个国家发出的清晰声音充分说明,美国等少数国家的政治操弄已经越来越不得人心。
王毅指出,美国等少数国家的做法再次向世人暴露了什么是双重标准。大家不禁要问,美国如此关心穆斯林的人权,为何不断在中东等地区挑起或支持战争,造成大量无辜穆斯林民众伤亡?为何对阿拉伯人民的历史不公视而不见,不支持巴勒斯坦成为联合国正式会员国?为何不为实现加沙永久停火、全面撤军发挥应有作用?
王毅表示,广大穆斯林国家早已看穿了美国的伎俩,清楚美国不过是以人权为幌子,企图干涉中国和发展中国家内政。包括穆斯林国家在内100多个发展中国家在人权理事会上明确支持中方,不仅是为了维护中方的正当权利,更是为了维护国际公平正义,维护发展中国家共同权益,维护不干涉内政这一国际关系基本准则。
王毅强调,今年是新中国成立75周年,中国保护促进人权的成就举世公认,新疆的发展进步有目共睹。西方列强侵犯中国人权的历史殷鉴不远,没有资格居高临下当教师爷。我们愿意在平等的基础上与各国就人权问题进行交流。中国的大门向世界敞开,欢迎各国朋友到中国走一走,看一看。在事实面前,任何谣言谎言都将不攻自破,任何对中国的抹黑污蔑都不会得逞。(完)
1. 当地时间9月24日,中共中央政治局委员、外交部长王毅在纽约联合国总部出席安理会乌克兰问题高级别会议。 新华社记者 李睿 摄