Connect with us

Africa & Middle East

အီရန်နိုင်ငံ သမ္မတ Pezeshkian နှင့် ဝမ်ရိ တွေ့ဆုံဆွေးနွေး

နယူးယောက်မြို့ ကုလသမဂ္ဂအထွေထွေညီလာခံ ကာလအတွင်း ဒေသစံတော်ချိန် စက်တင်ဘာ ၂၄ ရက်၌ အီရန်နိုင်ငံ သမ္မတ Pezeshkian ( ဝဲဘက်မှ တတိယ) နှင့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိတို့ တွေ့ဆုံခဲ့ကြစဉ် (ဆင်ဟွာ)

နယူးယောက်၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)
အီရန်နိုင်ငံ သမ္မတ Pezeshkian သည် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် နယူးယောက်မြို့ ကုလသမဂ္ဂအထွေထွေညီလာခံကာလ ဒေသစံတော်ချိန် စက်တင်ဘာ ၂၄ ရက်၌ တွေ့ဆုံခဲ့သည်။
ဝမ်ရိက သမ္မတ ရှီကျင့်ဖိန်၏ ရင်းနှီးစွာ နှုတ်ခွန်းဆက်စကားအား သမ္မတ Pezeshkian ကို ဦးစွာ ပြောကြားခဲ့သည်။ တရုတ်နှင့် အီရန်တို့သည် ရှေးခေတ်ယဉ်ကျေးမှု နိုင်ငံများဖြစ်ပြီး လူသားများ တိုးတက်မှုအတွက် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။ သံတမန်ဆက်ဆံရေး ထူထောင်ခဲ့သော ၅၃ နှစ်ကြာကာလအတွင်း နှစ်နိုင်ငံသည် အပြန်အလှန် လေးစားမှု၊ ယုံကြည်မှု၊ ထောက်ခံမှုများဖြင့် နှစ်နိုင်ငံ ဆက်ဆံရေး ကောင်းမွန် တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးပြီး ဒေသတွင်းနှင့် ကမ္ဘာ့ငြိမ်းချမ်းတည်ငြိမ်ရေးကို မြှင့်တင်ခဲ့ကြကြောင်း၊ တရုတ်နိုင်ငံသည် တရုတ်-အီရန် ဆက်ဆံရေးကို မဟာဗျူဟာနှင့် ရေရှည်ရှုထောင့်မှ အမြဲထိန်းသိမ်းထားပြီး အီရန်နှင့်အတူ ကဏ္ဍအသီးသီးတွင် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်၊ ကိုယ်စီဖွံ့ဖြိုးတိုးတက်မှုကို ကူညီအားဖြည့်ရန်၊ နှစ်နိုင်ငံ နိုင်ငံ့ခေါင်းဆောင်များ၏ မဟာဗျူဟာဦးဆောင်မှုအောက်တွင် တရုတ်-အီရန် ဘက်စုံ မဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေး ပိုမိုဖွံ့ဖြိုးတိုးတက်မှု ရရှိစေရေးကို တွန်းအားပေးရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
နိုင်ငံတကာ ဒေသတွင်း အခြေအနေများ မည်သို့ပင် ပြောင်းလဲစေကာမူ တရုတ်နိုင်ငံသည် အီရန်နိုင်ငံ၏ ယုံကြည်စိတ်ချရသော မိတ်ဖက်အဖြစ် အစဉ်တည်ရှိနေမည်ဖြစ်ပြီး အီရန်နိုင်ငံ၏ အချုပ်အခြာအာဏာ၊ လုံခြုံရေး၊ နယ်မြေပိုင်နက်ပြည့်စုံမှု၊ အမျိုးသားဂုဏ်သိက္ခာကို ကာကွယ်ထိန်းသိမ်းရာတွင် အမြဲထောက်ခံသလို အီရန်ပြည်တွင်းရေးတွင် ပြည်ပအင်အားစုများ၏ ဝင်ရောက်စွက်ဖက်မှု၊ ပိတ်ဆို့ဖိနှိပ်မှုများကို ဆန့်ကျင်သွားမည်ဟု ဝမ်ရိက ပြောကြားခဲ့သည်။ တရုတ်နှင့် အီရန် နှစ်နိုင်ငံစလုံးသည် လွတ်လပ်စွာ သီးခြား ရပ်တည်မှုရှိသော ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို လျှောက်လှမ်းကြကာ နိုင်ငံတကာ တရားမျှတမှုကို အခိုင်အမာ ကာကွယ်ကြရာ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ တရားဝင်အခွင့်အရေးများနှင့် အကျိုးစီးပွားများကို အတူကာကွယ်ထိန်းသိမ်းသင့်ပြီး ကမ္ဘာ့ဗဟုအသွင်ပြောင်းမှုနှင့် နိုင်ငံတကာ ဆက်ဆံရေးကို ဒီမိုကရေစီအသွင်ပြောင်းလဲမှုကို မြှင့်တင်သင့်ပါကြောင်း၊ ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခပြဿနာတွင် တရုတ်နိုင်ငံသည် တရားမျှတမှုကို အမြဲလက်ကိုင်ထားမည်ဖြစ်ပြီး အပစ်အခတ်ရပ်စဲရေးနှင့် စစ်ပွဲအဆုံးသတ်ရေးကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အီရန်နှင့် ဆော်ဒီအာရေဗျစသည့် ဒေသတွင်းနိုင်ငံများ ဆက်ဆံရေး ဆက်လက် ပိုမိုကောင်းမွန်လာစေရန်၊ စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုဖြင့် ဒေသတွင်းလုံခြုံရေးပြဿနာများကို ဖြေရှင်းရန်၊ အရှေ့အလယ်ပိုင်း၏ကံကြမ္မာသည် အရှေ့အလယ်ပိုင်းကိုယ်ပိုင်လက်ထဲ၌သာရှိရန်၊ အာရပ်နှင့် အစ္စလာမ်မစ်နိုင်ငံများ စည်းလုံးညီညွတ်၍ ပိုမိုအားကောင်းပြီး ခိုင်မာသော အသံများထွက်လာစေရန်၊ အရှေ့အလယ်ပိုင်းတွင် ရေရှည်တည်တံ့သောငြိမ်းချမ်းရေး ဆောလျင်စွာရရှိရန် တရုတ်နိုင်ငံက ထောက်ခံအားပေးကြောင်း ၎င်းက ပြောကြားခဲ့သည်။
Pezeshkian က ဝမ်ရိအား သမ္မတ ရှီကျင့်ဖိန်ထံ ရင်းနှီးစွာ နှုတ်ခွန်းဆက်ကြောင်း ပြောကြားခဲ့သည်။ အီရန်-တရုတ် ချစ်ကြည်ရေး သမိုင်းကြောင်း ရှည်လျားကြောင်း၊ အီရန်သည် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို အခိုင်အမာ လိုက်နာကြောင်း၊ တရုတ်နိုင်ငံနှင့် ချစ်ကြည်ရင်းနှီးမှုကို တိုးမြှင့်ကာ “ရပ်ဝန်းနှင့်ပိုးလမ်းမ” ပူးတွဲတည်ဆောက်ရေးတွင် တက်ကြွစွာပါဝင်ဆောင်ရွက်ပြီး ဘက်စုံပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်ကို အကောင်အထည်ဖော်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။ အပြောင်းအလဲများသော ဤကမ္ဘာကြီး၌ အချို့နိုင်ငံများက တစ်ဖက်သတ်ဝါဒ၊ ဗိုလ်ကျစိုးမိုးမှုများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်မှု ရင်ဆိုင်နေရချိန်တွင် အီရန်နှင့် တရုတ်တို့သည် ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်ကာ စိန်ခေါ်မှုများကို အတူတကွ ရင်ဆိုင်ဖြေရှင်းပြီး နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒနှင့် နိုင်ငံတကာ တရားမျှတမှုကို ပူးပေါင်းထိန်းသိမ်းကာကွယ်သင့်ပါကြောင်း၊ တရုတ်နိုင်ငံသည် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဒေသတွင်းလုံခြုံရေးတွင် အရေးပါသောအခန်းကဏ္ဍမှ အမြဲပါဝင်ခဲ့သည်။ အရှေ့အလယ်ပိုင်းတွင် ဆက်လက်ဖြစ်ပွားနေသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကြေကွဲဖွယ်ဖြစ်ရပ်များကို ရင်ဆိုင်ရချိန်တွင် တရုတ်နိုင်ငံအနေဖြင့် အပစ်အခတ်ရပ်စဲရေး၊ စစ်ပွဲအဆုံးသတ်ရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများ ဖြေလျှော့ပေးရေးတွင် ပိုမိုအရေးပါသောအခန်းကဏ္ဍမှ ပါဝင်ရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
………………..
(Chinese Version)
伊朗总统佩泽希齐扬会见王毅
新华社纽约9月24日电(记者邓仙来 潘云召)当地时间9月24日,伊朗总统佩泽希齐扬在纽约联大期间会见中共中央政治局委员、外交部长王毅。
王毅首先转达了习近平主席对佩泽希齐扬总统的亲切问候。王毅表示,中伊都是文明古国,为人类进步做出了重要贡献。建交53年来,两国相互尊重、相互信任、相互支持,推动双边关系健康稳定发展,促进地区和世界和平稳定。中方始终从战略和长远角度把握中伊关系,愿同伊方推进各领域务实合作,助力各自国家发展,在两国元首战略引领下,推动中伊全面战略伙伴关系取得更大发展。
王毅说,无论国际地区形势如何变化,中方始终是值得伊朗信赖的伙伴,将一如既往支持伊方维护主权安全、领土完整、民族尊严,反对外部势力干涉伊内政和制裁施压。中国和伊朗都坚持走独立自主的发展道路,坚定捍卫国际公平正义,应共同维护发展中国家正当权益,推动世界多极化和国际关系民主化。在巴以冲突问题上,中国将坚持公道正义,推动停火止战。我们支持伊朗和沙特等地区国家继续改善关系,通过团结协作解决地区安全问题,把中东命运掌握在自己手中。支持阿拉伯和伊斯兰国家团结一致,发出更强有力声音,早日实现中东持久和平。
佩泽希齐扬请王毅转达对习近平主席的诚挚问候。表示伊中友好源远流长,伊方坚定奉行一个中国政策,致力于发展对华友好,愿积极参与共建“一带一路”,落实全面合作计划。在这个多变的世界,面对一些国家大搞单边主义、霸凌霸权,伊中应加强合作,携手应对挑战,共同维护多边主义和国际公平正义。中国一直为世界和平和地区安全发挥着重要作用。面对中东正在上演的人道悲剧,期待中国为停火止战、缓解人道危机发挥更大作用。(完)
图说:当地时间9月24日,伊朗总统佩泽希齐扬(右三)在纽约联大期间会见中共中央政治局委员、外交部长王毅。