Connect with us

Europe

တရုတ်ကုမ္ပဏီလုပ်ငန်းမှ တာဝန်ယူတည်ဆောက်ပေးသည့် ဘော့စနီးယားနှင့် ဟာဇီဂိုဗီနား အမြန်လမ်းစီမံကိန်း လမ်းကြောင်း တရားဝင်ဖွင့်လှစ်

ဘော့စနီးယားနှင့် ဟာဇီဂိုဗီးနားနိုင်ငံ ချာပလီနာမြို့ရှိ ပန်-ဥရောပ 5C စင်္ကြံအမြန်လမ်း ဘော့စနီးယားနှင့် ဟာဇီဂိုဗီးနား၊ ချာပလီနာပိုင်းရှိ ဥမင်လိုဏ်ခေါင်းဝင်ပေါက်တစ်နေရာကို စက်တင်ဘာ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘော့စနီးယားနှင့် ဟာဇီဂိုဗီးနား/ချာပလီနာ၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ)
China State Construction Engineering Corporation (CSCEC) နှင့် Power Construction Corporation of China တို့မှ တာဝန်ယူတည်ဆောက်ပေးသော ပန်-ဥရောပ 5C စင်္ကြံအမြန်လမ်း ဘော့စနီးယားနှင့် ဟာဇီဂိုဗီးနားနိုင်ငံရှိ ချာပလီနာအပိုင်း စီမံကိန်းကို မကြာသေမီရက်က တရားဝင် ဖွင့်လှစ်ပြေးဆွဲခဲ့ကြောင်း သိရသည်။
ယင်းစီမံကိန်းတည်ဆောက်မှုသည် ခက်ခဲပြီး ဘော့စနီးယားနှင့် ဟာဇီဂိုဗီးနားနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုအတွက် အဆင့်အသစ်များ ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း ဘော့စနီးယားနှင့် ဟာဇီဂိုဗီးနားနိုင်ငံ ဝန်ကြီးများကောင်စီ ဥက္ကဋ္ဌ Borjana Kristo က ယင်းစီမံကိန်းသုံးသပ်ရာတွင် ချီးကျူးပြောကြားခဲ့သည်။ ၎င်းသည် ဘော့စနီးယားနှင့် ဟာဇီဂိုဗီးနား၏ မြောက်ဘက်နှင့် တောင်ဘက်တို့ကို ချိတ်ဆက်ပေးရုံသာမက ခရိုအေးရှားနိုင်ငံ စီးပွားရေးစင်္ကြံကိုလည်း ဆက်သွယ်ပေးပြီး ဘော့စနီးယားနှင့် ဟာဇီဂိုဗီးနား၏ အပြန်အလှန်ချိတ်ဆက်မှုနှင့် စီးပွားရေး စုံလင်စွာ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေသည်။
ယင်းစီမံကိန်းသည် လေးနက်သည့်အဓိပ္ပါယ်ရှိကြောင်း၊ တရုတ်နည်းပညာနှင့် တရုတ်ကုမ္ပဏီလုပ်ငန်းများ၏ အရည်အချင်းကို ပြသကာ တရုတ်၊ ဘော့စနီးယားနှင့် ဟာဇီဂိုဗီးနားနိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်များ၏ ပူးပေါင်းအားထုတ်မှုနှင့် ဉာဏ်ပညာတို့ကို စုစည်းခဲ့ပြီး “ရပ်ဝန်းနှင့် ပိုးလမ်းမ”၊ အပြန်အလှန်ဆက်သွယ်မှုကို အကောင်အထည်ဖော်ရာတွင် နောက်ထပ် အောင်မြင်သော လက်တွေ့လုပ်ဆောင်မှုတစ်ခုလည်းဖြစ်ကြောင်း ဘော့စနီးယားနှင့် ဟာဇီဂိုဗီးနားနိုင်ငံရှိ တရုတ်သံရုံးမှ ယာယီတာဝန်ခံ မြောက်တာ့ခေါ ကပြောကြားခဲ့သည်။
ယင်းစီမံကိန်းသည် နှစ်လမ်းမောင်း လေးလမ်းသွားကားလမ်း အသိဉာဏ်ထည့်သွင်းထားသော အမြန်လမ်းမကြီး ဖြစ်ပြီး ၁ ကီလိုမီတာခန့်ရှည်လျားသော ဟာဇီဂိုဗီနား တံတား အပါအဝင် စုစုပေါင်း အရှည် ၁၁ ကီလိုမီတာခန့် ရှည်လျားကြောင်း အဆိုပါလမ်း တည်ဆောက်ရေးတွင် ပါဝင်ခဲ့သည့် China Construction Third Engineering Bureau မှ သက်ဆိုင်ရာ တာဝန်ခံ၏ ပြောကြားချက်အရ သိရသည်။ Power Construction Corporation of China နှင့် အဇာဘိုင်ဂျန် ကုမ္ပဏီတို့ ပူးပေါင်းဖွဲ့စည်းထားသောအဖွဲ့မှ တံတားတည်ဆောက်ရေးကို တာဝန်ယူပြီး CSCEC က တံတားမှလွဲ၍ လမ်းများကို တာဝန်ယူတည်ဆောက်ပေးကာ စုစုပေါင်း စီမံကိန်း ကုန်ကျစရိတ်မှာ ယူရို သန်း ၁၀၀ ဖြစ်ကြောင်း သိရသည်။
ယင်းစီမံကိန်းသည် ဘော့စနီးယားနှင့် ဟာဇီဂိုဗီးနားနိုင်ငံတွင် တရုတ်စီးပွားရေးလုပ်ငန်းမှ တာဝန်ယူတည်ဆောက်ပေးသည့် ပထမဆုံးသော အမြန်လမ်းနှင့် ပထမဆုံးသော ပန်-ဥရောပ 5C စင်္ကြံအမြန်လမ်းစီမံကိန်းသည် ဟန်ဂေရီမြို့တော် ဘူဒါပတ်စ်နှင့် ခရိုအေးရှားနိုင်ငံ Ploce ဆိပ်ကမ်းတို့ကို ချိတ်ဆက်ကာ ဘော့စနီးယားနှင့် ဟာဇီဂိုဗီးနားနိုင်ငံတို့ကို ဖြတ်သန်းသွားကြောင်း သိရသည်။
အဆိုပါ လမ်းပိုင်းဖွင့်လှစ်ပြီးနောက် ဘော့စနီးယားနှင့် ဟာဇီဂိုဗီးနားနိုင်ငံ အနောက်တောင်ပိုင်းနယ်စပ်နှင့် ခရိုအေးရှားနယ်စပ်ကို ချိတ်ဆက်ပေးမည်ဖြစ်သည်။ ဘော့စနီးယားနှင့် ဟာဇီဂိုဗီးနားနိုင်ငံတွင်း ၎င်းလမ်းအပြည့်အဝ ဖွင့်လှစ်ပြီးပါက လူများ သွားလာရေးနှင့် ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးကို ထိရောက်စွာ မြှင့်တင်ပေးမည်ဖြစ်ပြီး ဥရောပအလယ်ပိုင်းနှင့် အရှေ့နိုင်ငံများကို ချိတ်ဆက်သည့် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းဖြစ်လာရန် မျှော်လင့်ထားကြောင်း သိရသည်။ (Xinhua)


…………………….
(Chinese Version)
中企在波黑承建高速公路项目正式通车
新华社波黑查普利纳9月5日电(记者殷晓圣)由中国建筑股份有限公司(中建)和中国电力建设集团有限公司(中国电建)承建的泛欧5C走廊高速公路波黑查普利纳段项目日前正式通车。
波黑部长会议主席克里什托高度评价该项目,称项目施工难度大,为波黑发展开辟新高度。它不仅连接波黑南北,还成为连接克罗地亚的经济走廊,有利于波黑互联互通和经济多元发展。
中国驻波黑使馆临时代办缪大可表示,该项目意义重大,展现中国技术和中国企业的实力,凝结中波合作伙伴共同的汗水和智慧,是共建“一带一路”、实现互联互通的又一成功实践。
参与建设的中建三局有关负责人介绍,项目为双向四车道智能化高速公路,全长约11公里,其中包括长度近1公里的黑塞哥维那大桥。中国电建与阿塞拜疆企业组成的联合体负责桥梁建设,中建承建大桥之外路段,工程总造价约1亿欧元。
该项目是中企在波黑承建的第一条高速公路和第一座桥梁。泛欧5C走廊高速公路项目连接匈牙利首都布达佩斯和克罗地亚普洛切港,途中穿越波黑。
该段通车后将波黑西南部边境同克罗地亚边境相连。波黑境内全线通车后,将有效促进人员流通和货物运输,有望成为连接中东欧国家的交通干线。(完)
图说:这是9月4日在波黑查普利纳拍摄的泛欧5C走廊高速公路波黑查普利纳段的一处隧道口。