မြန်မာ-中文
နိုင်ငံပေါင်းစုံပူးပေါင်းဆောင်ရွက်မှုဖြင့် ဖွံ့ဖြိုးတိုးတက်ရေးကို အတူလက်တွဲကြိုးပမ်းကြကြောင်း အာရှအခြေခံအဆောက်အအုံရင်းနှီးမြှုပ်နှံမှုဘဏ် ဥက္ကဋ္ဌ ကျင်းလိချွင် ပြောကြား

ကိုလံဘို၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ)
အာရှအခြေခံအဆောက်အအုံရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) သည် ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးစီးပွားကို ဖော်ဆောင်ခြင်းနှင့် နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒ အခြေခံမူကို အစဉ်အမြဲလက်ကိုင်ထားကာ အဖွဲ့ဝင်များ အခက်အခဲ အတူကျော်လွှား၍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ရန် ကြိုးပမ်းကူညီလျက်ရှိကြောင်း အာရှအခြေခံအဆောက်အအုံရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) ဥက္ကဋ္ဌ ကျင်းလိချွင်က မကြာမီရက်ပိုင်းတွင် သီရိလင်္ကာနိုင်ငံ မြို့တော် ကိုလံဘို၌ ဆင်ဟွာသတင်းထောက်၏ သီးသန့်တွေ့ဆုံမေးမြန်းမှုတွင် ပြောကြားခဲ့သည်။
AIIB သည် တရုတ်နိုင်ငံမှ အဆိုပြုပြီး နိုင်ငံပေါင်း ၅၇ နိုင်ငံက စုပေါင်းတည်ထောင်ထားသည့် အပြည်ပြည်ဆိုင်ရာ နိုင်ငံစုံဖွံ့ဖြိုးတိုးတက်ရေးဘဏ်ဖြစ်သည်။ စတင်တည်ထောင်သည့် အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံအနေဖြင့် သီရိလင်္ကာ၏ လူမှုစီးပွားတိုးတက်ရေးသည် AIIB ၏ အစဉ်သဖြင့် အထူးဂရုပြုမှုကို ရရှိခဲ့သည်။
၂၀၂၂ ခုနှစ်တွင် သီရိလင်္ကာစီးပွားရေး အကျပ်အတည်းဖြစ်ပေါ်ခဲ့ရာ AIIB က ရှေးဦးစွာ အရေးပေါ်ငွေကြေး ကူညီပံ့ပိုးခဲ့ကြောင်း၊ “အခက်တွေ့ချိန်တွင် လက်ကမ်းဖေးမပေးခြင်း” ပုံစံဖြင့် ထောက်ခံအားပေးမှုသည် ယင်းဒေသတွက် အဓိပ္ပာယ်လေးနက်မှုရှိခဲ့သလို သီရိလင်္ကာအစိုးရနှင့် ပြည်သူများ၏ ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြုမှုကို ရရှိခဲ့ကြောင်း ကျင်းလိချွင်က မိတ်ဆက်ပြောကြားခဲ့သည်။
“AIIB က လက်တွေ့နဲ့ သက်သေပြခဲ့လိုက်တာက အဖွဲ့ဝင်နိုင်ငံတွေရဲ့ ပူပင်မှုက ကျွန်တော်တို့ရဲ့ ပူပန်မှုဖြစ်တယ်၊ အရေးကြီးဆုံးအချိန်မှာ လိုအပ်တဲ့အကူအညီကို ပံ့ပိုးပေးတယ် ဆိုတာပါပဲ” ဟု ကျင်းလိချွင်က ပြောကြားခဲ့သည်။
သီရိလင်္ကာ ကပ်ဘေးအန္တရာယ်လျှော့ချရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး တည်ဆောက်မှုများတွင်လည်း AIIB ပါဝင်ခဲ့သည်။ AIIB ချေးငွေဖြင့်ပံ့ပိုးသည့် “မြေပြိုမှုအန္တရာယ် လျှော့ချရေးစီမံကိန်း” သည် မြေထိန်းနံရံများ ပြုပြင်တည်ဆောက်ခြင်း၊ ကုန်းစောင်းမြေခိုင်ခံ့အောင် ထပ်တိုးဆောင်ရွက်ခြင်း၊ ရေနုတ်မြောင်းစနစ်တည်ဆောက်ခြင်း စသည့် စီမံကိန်းလုပ်ငန်းများဖြင့် မြေပြိုမှုအန္တရာယ်လျှော့ချရန်ရည်ရွယ်ကာ သီရိလင်္ကာနိုင်ငံ၏ အန္တရာယ်များပြားသည့် တောင်တန်းဒေသများတွင် တွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းစီမံကိန်းသည် သက်ရောက်မှုဒဏ်ခံရသည့် ဒေသ ၂၀၃ ခု၊ နေထိုင်သူ မိသားစု ၁ သန်းကျော်ကို အကျိုးဖြစ်ထွန်းစေမည်ဟု ခန့်မှန်းရကြောင်း၊ ၎င်းတို့အနက် စီမံကိန်းနေရာများအပြား တည်ဆောက်ပြီးစီးကာ အသုံးပြုနေပြီ ဖြစ်ကြောင်း သိရသည်။
ဒေသအလိုက် သင့်လျော်အောင်စီမံဆောင်ရွက်ခြင်း၊ လိုအပ်ချက်အလိုက် မူဝါဒကျင့်သုံးခြင်းသည် AIIB စီမံကိန်း ဖြန့်ကြက်မှု၏ အချက်အချာ အခြေခံမူဖြစ်ကြောင်း၊ ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းသစ်များကို AIIB က သီရိလင်္ကာနိုင်ငံနှင့် ဆွေးနွေးလျက်ရှိရာ သီရိလင်္ကာနိုင်ငံ၏ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ဖော်ဆောင်မှု၊ ဓာတ်အားပို့လွှတ်မှုနှင့် ဓာတ်အားခွဲမှု အဆောက်အဦများ ပြည့်စုံကောင်းမွန်ရေးကို ဆက်လက်အားပေးထောက်ခံကာ အစိမ်းရောင် ကာဗွန်လျော့နည်း ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးသွားမည် ဖြစ်ကြောင်း ကျင်းလိချွင်က ပြောကြားခဲ့သည်။
၂၀၁၅ ခုနှစ် စတင်တည်ထောင်ချိန်မှစ၍ AIIB သည် ဆယ်စုနှစ်တစ်ခုကျော်ကြာ ဖွံ့ဖြိုးတိုးတက်ရေးဖြစ်စဉ်ကို လျှောက်လှမ်းခဲ့ပြီးဖြစ်သည်။
တရုတ်နိုင်ငံက AIIB တည်ထောင်ရန် စတင်အဆိုပြုသည့် မူလရည်ရွယ်ချက်မှာ ဒေသတွင်း အပြန်အလှန်ချိတ်ဆက်မှု တည်ဆောက်ရေးကို မြှင့်တင်ရန်၊ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး စီမံခန့်ခွဲမှု ကောင်းမွန်အောင် ပြုပြင်ရန်အတွက် အင်အားများဖြင့် အကျိုးထမ်းဆောင်ရန်ဖြစ်ကြောင်း ကျင်းလိချွင်က ဆိုသည်။
“AIIB နဲ့ သီရိလင်္ကာရဲ့ ပူးပေါင်းဆောင်ရွက်မှုကနေ နိုင်ငံတကာဘက်ပေါင်းစုံ အဖွဲ့အစည်းပုံစံအသစ်အနေနဲ့ AIIB က နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းတွေကို တင်းတင်းကျပ်ကျပ်လိုက်နာတာ၊ အဖွဲ့ဝင်နိုင်ငံများ စိန်ခေါ်မှု ကိုင်တွယ်ဖြေရှင်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှု ဖော်ဆောင်ရေးကို ထောက်ခံအားပေးတာကို တွေ့နိုင်ပါတယ်” ၎င်းက ပြောကြားခဲ့သည်။
ဆယ်စုနှစ်တစ်ခုကြာကာလတွင် AIIB အဖွဲ့ဝင်အရေအတွက်သည် ၅၇ ခုမှ ၁၁၀ အထိ တိုးတက်လာခဲ့ရာ ကမ္ဘာတစ်ဝန်းရှိ ၈၁ ရာခိုင်နှုန်းသော လူဦးရေနှင့် ၆၅ ရာခိုင်နှုန်းသော ပြည်တွင်းထုတ်ကုန်တန်ဖိုး (GDP) ကို လွှမ်းခြုံထားခြင်း၊ နိုင်ငံတကာအဆင့်သတ်မှတ်ရေး အဖွဲ့အစည်းကြီး သုံးခု၏ AAA အဆင့် ယုံကြည်ရမှုအဆင့် အမြင့်ဆုံးကို အစဉ်တစိုက် ထိန်းထားခြင်း၊ ဘဏ္ဍာငွေထည့်ဝင်မှု လမ်းကြောင်းများအား စဉ်ဆက်မပြတ်တိုးချဲ့ကာ ငွေကြေးအမျိုးအစား အများအပြားဖြင့် ချေးငွေစာချုပ်များအား အောင်မြင်စွာ ထုတ်ဝေခြင်းစသည်တို့ ရှိခဲ့သည်။
“ဖွံ့ဖြိုးဆဲနိုင်ငံများကို ပင်မထားပြီး ဖွံ့ဖြိုးပြီးနိုင်ငံများ ကျယ်ကျယ်ပြန့်ပြန့်ပါဝင်တဲ့ အဖွဲ့အစည်းတစ်ခုက နိုင်ငံတကာ ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်ခြင်း စံနမူနာသစ်ကို တည်ထောင်နိုင်ခဲ့တယ်။ ဒါကိုက ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု ပုံစံသစ်ရဲ့ တစ်မူထူးခြားသော အကျိုးဆောင်မှုပဲ ဖြစ်ပါတယ်” ဟု ကျင်းလိချွင်က ပြောကြားခဲ့သည်။
ကျင်းလိချွင်အနေဖြင့် ရှုမြင်ရလျှင် AIIB အောင်မြင်ရသည့် အဓိကအကြောင်းရင်းတစ်ခုမှာ နိုင်ငံပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒကို အစဉ်အမြဲ အခိုင်အမာလက်ကိုင်ထားခြင်း ဖြစ်သည်။
“ဥတုရာသီပြောင်းလဲမှု၊ စွမ်းအင်အသွင်ပြောင်းမှု၊ ဇီဝမျိုးစုံမျိုးစိတ်ကွဲများ ကာကွယ်ထိန်းသိမ်းမှု စတာတွေက ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတွေဖြစ်ပြီး ဘယ်နိုင်ငံကမှ တစ်ကိုယ်တည်း ရင်ဆိုင်ဖြေရှင်းလို့မရပါဘူး။ ကျွန်တော်တို့က စစ်မှန်တဲ့ နိုင်ငံပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒကို အခိုင်အမာ လက်ကိုင်ထားတယ်ဆိုတာက နိုင်ငံအရွယ်အစား ကြီးငယ်မရွေး၊ တစ်ပြေးညီ တန်းတူညီမျှရှိတယ်၊ ကိစ္စရှိရင် အားလုံးထိုင်ပြီး ဆွေးနွေးကြတယ်၊ ဘယ်နိုင်ငံတစ်နိုင်ငံက ပြောတာသာ အကျုံးဝင်တယ် ဆိုတာမျိုး မဟုတ်ဘူး” ဟု ၎င်းက ဆိုသည်။
အနာဂတ်ကို ရှုမြော်ကြည့်လျှင် AIIB အနေဖြင့် လက်တွေ့လှုပ်ရှားမှုများဖြင့် သွေးစည်းမှုအင်အား၊ လှုံ့ဆော်မှုအင်အား၊ အများယုံကြည်မှုအင်အားကို ဆက်လက်ပြသကာ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးစီးပွားဖော်ဆောင်သည့် အယူအဆကို ပို၍ကျယ်ပြန့်သည့် စင်မြင့်တွင် အောင်မြင်မှုအသီးအပွင့်များ ပွင့်လန်းစေမည် ဖြစ်ကြောင်း ကျင်းလိချွင်က ပြောကြားခဲ့သည်။ (Xinhua)
——————
(Chinese Version)
专访|在多边合作中携手共谋发展——访亚投行行长金立群
新华社科伦坡10月11日电 专访|在多边合作中携手共谋发展——访亚投行行长金立群 新华社记者陈冬书 伍岳 任军
亚洲基础设施投资银行(亚投行)行长金立群日前在斯里兰卡首都科伦坡接受新华社记者专访时表示,亚投行始终秉持合作共赢和多边主义原则,致力于帮助成员共渡难关、实现可持续发展。
亚投行是由中国倡议发起、57国共同筹建的国际多边开发银行。作为创始成员国之一,斯里兰卡的经济社会发展一直受到亚投行高度关注。金立群介绍,2022年斯里兰卡经济一度出现困难,亚投行第一时间提供紧急资金援助,“雪中送炭”式的支持对当地意义重大,赢得斯政府和民众的广泛认可。
“亚投行以实际行动证明,我们急成员国之所急,在最关键时刻提供必要帮助。”金立群说。
亚投行还参与了斯里兰卡减灾与可持续发展建设。由亚投行贷款支持的“减少滑坡灾害项目”正在斯里兰卡多个高风险山区推进,旨在通过修建挡土墙、边坡加固、排水系统建设等工程方式,降低滑坡灾害风险。这一项目预计将惠及203个受影响地区、超100万户居民。其中,多个项目点已完成建设并启用。
金立群表示,因地制宜、按需施策是亚投行项目布局的关键原则,亚投行正与斯方探讨新的合作项目,将继续支持斯里兰卡发展可再生能源、完善输变电设施,推动绿色低碳发展。
自2015年成立以来,亚投行已走过10年发展历程。金立群说,中国发起成立亚投行的初衷,就是为了促进区域互联互通建设、改善全球经济治理贡献力量。“从亚投行与斯里兰卡的合作中可以看到,作为新型国际多边机构,亚投行严格遵守国际规则,支持成员应对挑战、实现发展。”
10年来,亚投行成员数量从57个增至110个,覆盖全球81%的人口和65%的国内生产总值;始终保持三大国际评级机构最高AAA级信用评级;不断拓宽融资渠道,成功发行多币种债券……“一个以发展中国家为主体、发达国家广泛参与的机构,树立起国际多边合作新典范,这本身就是对全球治理新模式的独特贡献。”金立群说。
在金立群看来,亚投行成功的主要原因之一,在于始终坚持多边主义。“气候变化、能源转型、生物多样性保护等都是全球性挑战,没有任何国家能够单独应对。我们坚持真正的多边主义,就是国家不分大小,一律平等,有事大家坐下来商量,而不是由任何一个国家说了算。”
展望未来,金立群说,亚投行将继续以实际行动展现凝聚力、感召力、公信力,让合作共赢的理念在更广阔的舞台上开花结果。(完)
1. 10月7日,亚洲基础设施投资银行(亚投行)行长金立群在斯里兰卡首都科伦坡接受新华社记者专访。 (配本社同题文字稿) 新华社记者 伍岳 摄