Connect with us

မြန်မာ-中文

ကာရေဘီယံဒေသ၌ အမေရိကန်၏ စိန်ခေါ်မှုအသွင် စစ်ရေးလေ့ကျင့်မှုကို ဗင်နီဇွဲလား ပြစ်တင်ရှုတ်ချ

ဗင်နီဇွဲလားနိုင်ငံ မြို့တော်ကရာကတ်စ်တွင် စီတန်းလှည့်လည်ဆန္ဒပြမှု၌ ပါဝင်သော ပြည်သူများနှင့် စစ်သည်များက ဆောင်ပုဒ်များ ဟစ်ကြွေးနေသည်ကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကရာကတ်စ်၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ)
ဗင်နီဇွဲလားနိုင်ငံ ဒုတိယသမ္မတ Delcy Rodriguez သည် အောက်တိုဘာ ၂၆ ရက်တွင် လူမှုမီဒီယာ၌ အစိုးရကြေညာချက်တစ်ခု ထုတ်ပြန်၍ ကာရေဘီယံဒေသ၌ အမေရိကန်စစ်တပ်၏ စိန်ခေါ်မှုအသွင် စစ်ရေးလေ့ကျင့်မှုကို ပြစ်တင်ရှုတ်ချခဲ့သည်။
ထိုနေ့အစောပိုင်းတွင် အမေရိကန်စစ်တပ် Gravely ပဲ့ထိန်းဒုံးကျည် ဖျက်သင်္ဘောသည် ထရီနီဒတ်နှင့် တိုဘက်ဂိုနိုင်ငံ မြို့တော်စပိန်ဆိပ်ကမ်း၌ ဆိုက်ကပ်ခဲ့ပြီး ရက်ပေါင်း ၃၀ ကြာ ရပ်နားသွားမည်ဖြစ်သည်။ ထိုကာလအတွင်း အမေရိကန် မရိန်းတပ်ဖွဲ့ အမှတ် ၂၂ ခရီးဝေးနှင် စစ်ဆင်ရေးတပ်ဖွဲ့သည် ထရီနီဒတ်နှင့် တိုဘက်ဂို ကာကွယ်ရေးတပ်များနှင့် ပူးတွဲလေ့ကျင့်မှုများ လုပ်ဆောင်သွားမည်ဖြစ်သည်။ ယင်းသည် အမေရိကန်အစိုးရက ဗင်နီဇွဲလားထံ တစ်ဆင့်တိုး စစ်ရေးဖိအားပေးမှုဖြစ်သည်ဟု အမေရိကန် မီဒီယာများက ဆိုသည်။
ဗင်နီဇွဲလားက ထို့အပေါ် ပြစ်တင်ရှုတ်ချကြောင်းဆို၍ ယခုအကြိမ် စစ်ရေးလေ့ကျင့်မှုသည် အမေရိကန်စစ်တပ် တောင်ပိုင်းဒေသစစ်ဌာနချုပ်၏ “ညှိနှိုင်းမှု၊ ပံ့ပိုးမှုနှင့် ထိန်းချုပ်မှုအောက်တွင်” လုပ်ဆောင်ခြင်းဖြစ်ရာ ကာကွယ်ရေး ရည်ရွယ်ချက်ဖြင့်မဟုတ်ဘဲ “ကိုလိုနီအသွင် စစ်ရေးကျူးကျော်ခြင်း လှုပ်ရှားမှုတစ်ခု” ဖြစ်ကြောင်း၊ ကာရေဘီယံဒေသအား အမေရိကန်ထိန်းချုပ်သည့် အကြမ်းဖက်ဒေသအဖြစ် ပြောင်းလဲရန် ကြိုးပမ်းခြင်းဖြစ်ပြီး ဗင်နီဇွဲလားအပေါ် ရန်လိုစိန်ခေါ်မှုဖြစ်သလို ကာရေဘီယံဒေသ ငြိမ်းချမ်းရေးအပေါ် ဆိုးရွားစွာ ခြိမ်းခြောက်မှုလည်းဖြစ်ကြောင်း ထောက်ပြ ပြောကြားခဲ့သည်။
ထရီနီဒတ်နှင့် တိုဘက်ဂိုနိုင်ငံနှင့် ဗင်နီဇွဲလားနိုင်ငံသည် Paria ပင်လယ်ကွေ့ တစ်ဖက်ကမ်းဆီ၌ တည်ရှိရာ နှစ်နိုင်ငံ ပင်လယ်ကမ်းရိုးတန်းကြား အနီးကပ်ဆုံးအကွာအဝေးသည် ၁၀ ကီလိုမီတာခန့်သာ ရှိသည်။
ဗင်နီဇွဲလားအနေဖြင့် အမေရိကန် ဖက်ဒရယ် စုံစမ်းစစ်ဆေးရေးဗျူရို (FBI) နှင့် တိုက်ရိုက်ဆက်သွယ်မှုရှိသည့် ကြေးစားတပ်သားတစ်ဖွဲ့အား ဖမ်းဆီးရမိထားပြီး ဖြစ်သည့်အပြင် ကြေးစားတပ်သားများက ထရီနီဒတ်နှင့် တိုဘက်ဂို သို့မဟုတ် ဗင်နီဇွဲလားပြည်တွင်း၌ အပြစ်ပုံချရန်ရည်ရွယ်သည့် “အလံတု” လှုပ်ရှားမှုများအား ဖော်ဆောင်ကာ ဗင်နီဇွဲလား-အမေရိကန် ဘက်စုံ စစ်ရေးပဋိပက္ခ ဖြစ်ပွားမှုကို ဖန်တီးရန် ကြိုးပမ်းနေသည်ကို စစ်ဆေးတွေ့ရှိရကြောင်းလည်း ကြေညာချက်တွင် ဖော်ပြထားသည်။
လတ်တလောကာလအတွင်း အမေရိကန်သည် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး အကြောင်းပြချက်ဖြင့် ကာရေဘီယံ ပင်လယ်ပြင်၌ Iwo Jima ကုန်းရေနှစ်သွယ် တိုက်ခိုက်ရေးသင်္ဘောနှင့် ဆိုက်ကပ်ဆင်းသက်သင်္ဘော၊ Gravely ဖျက်သင်္ဘောနှင့် မရိန်းတပ်ဖွဲ့ အမှတ် ၂၂ ခရီးဝေးနှင် စစ်ဆင်ရေးတပ်ဖွဲ့တို့ အပါအဝင် စစ်သင်္ဘောများစွာနှင့် စစ်သည်အင်အားများ ဖြန့်ကြက်နေရာချထားခဲ့သည်။ အမေရိကန် ပင်တဂွန် စစ်ဌာနချုပ်က Gerald R. Ford လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအုပ်စုအား အမေရိကန်စစ်တပ် တောင်ပိုင်းဒေသစစ်ဌာနချုပ် တာဝန်ယူရသည့်ဒေသသို့ ဖြန့်ကြက်နေရာချထားလျက်ရှိကြောင်း အောက်တိုဘာ ၂၄ ရက်တွင် ကြေညာခဲ့သည်။
စက်တင်ဘာလမှစ၍ ထရမ့်အစိုးရသည် ဗင်နီဇွဲလားနိုင်ငံပြင်ပပင်လယ်နှင့် အရှေ့ပစိဖိတ်သမုဒ္ဒရာ နိုင်ငံတကာပင်လယ်ရေပြင်၌ “မူးယစ်ဆေးဝါးပို့ဆောင်ရေးသင်္ဘော” ဟုဆိုသည့် သင်္ဘော ၁၀ စင်းအား ပစ်ချခဲ့ပြီး “မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းချသူ” ၄၀ ကျော်အား ပစ်ခတ်ရှင်းလင်းခဲ့ပြီးဖြစ်သည်ဟု ဆိုခဲ့သည်။
အမေရိကန် မူယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဌာနချုပ် (DEA) ၏ လတ်တလောနှစ်ပိုင်း အစီရင်ခံစာအရ ဗင်နီဇွဲလားသည် အမေရိကန်သို့ ဝင်ရောက်သည့် မူးယစ်ဆေးဝါးများ အဓိကအရင်းခံဒေသမဟုတ်ကြောင်း တွေ့ရသည်။ အမေရိကန်က စစ်ရေးခြိမ်းခြောက်မှုဖြင့် ဗင်နီဇွဲလားနိုင်ငံ၌ အုပ်ချုပ်ရေးအခွင့်အာဏာ ပြောင်းလဲရန် စီစဉ်ရေးဆွဲနေပြီး လက်တင်အမေရိကဒေသ၌ စစ်ရေးတိုးချဲ့မှုများ လုပ်ဆောင်နေသည်ဟု ဗင်နီဇွဲလားအစိုးရက အကြိမ်များစွာ ပြစ်တင်ပြောကြားခဲ့သည်။ (Xinhua)

——————–
(Chinese Version)
委内瑞拉谴责美国在加勒比地区挑衅性军演
新华社加拉加斯10月26日电(记者田睿)委内瑞拉副总统罗德里格斯26日在社交媒体上发布一份政府公报,谴责美军在加勒比地区举行挑衅性军事演习。
当天早些时候,美军导弹驱逐舰“格雷夫利”号停靠特立尼达和多巴哥首都西班牙港,并将停留至30日。期间,美国海军陆战队第22远征队和特多国防军将举行联合训练。美国媒体说,这是美国政府进一步向委内瑞拉施加军事压力。
委内瑞拉对此表示谴责,指出此次军演是在美军南方司令部“协调、资助和控制下”进行,并非出于防御目的,而是“一场殖民性质的军事侵略行动”,企图将加勒比地区变成被美国掌控的暴力之地,是对委内瑞拉的敌对挑衅,也是对加勒比地区和平的严重威胁。
特多和委内瑞拉两国隔帕里亚湾相望,两国海岸线间隔最近处仅约10公里。
公报还说,委内瑞拉已逮捕一队同美国中央情报局有直接联系的雇佣兵,并查实雇佣兵正在特多或委内瑞拉境内推进旨在栽赃嫁祸的“假旗”行动,企图制造委美全面军事冲突。
近期,美国以缉毒为由在加勒比海域部署多艘军舰和兵力,包括“硫磺岛”号两栖攻击舰、“格雷夫利”号驱逐舰和海军陆战队第22远征队。五角大楼24日宣布,正把“杰拉尔德·R·福特”号航空母舰打击群部署到美军南方司令部责任区。
9月以来,特朗普政府已宣称在委内瑞拉外海及东太平洋国际水域击沉10艘所谓“运毒船”并打死40余名“毒贩”。而美国缉毒署近年报告显示,委内瑞拉并非流入美国毒品的主要来源地。委政府多次指责美国意图通过军事威胁在委策动政权更迭,并在拉美进行军事扩张。(完)
图说:9月23日,在委内瑞拉首都加拉加斯,参加游行活动的民众和军事人员在高呼口号。新华社发(马科斯·萨尔加多摄)