Connect with us

China

နွေဦးပွဲတော်ခရီးသွားလာမှုများပြားသော ကာလအတွက် အသင့်အနေအထားရှိ၊ ရထားလမ်းဝန်ထမ်းများ၏ ဘက်ပေါင်းစုံစွမ်းရည်မြှင့်တင်

ထိုက်ယွမ်မီးရထား ကျည်ဆန်ရထားအသုံးချစခန်းတွင် မီးရထားကို စစ်ဆေးထိန်းသိမ်းမှုပြုလုပ်နေသော စက်ဆရာ သန်ကျီချွမ်အား ဇန်နဝါရီ ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တစ်နှစ်တစ်ခါ ရောက်ရှိလို့လာသည့် နွေဦးပွဲတော်ခရီးသွားလာမှု များပြားသောကာလ စတင်တော့မည်ဖြစ်သည်။ အိမ်အပြန်လမ်းတွင် တရုတ်လူမျိုးများ၏ ဆုံစည်းမှုအပေါ် နွေးထွေးသော စောင့်မျှော်မှုများမှာ ပြည့်နှက်နေပါသည်။
မီးရထားလိုင်းများတွင် အများအကျိုးပြုရန် တက်ကြွစွာ ပြင်ဆင်နေကြသော မီးရထားလမ်းဝန်ထမ်း အများအပြားသည် စစ်ဆေးပြုပြင်ခြင်းနှင့် ထိန်းသိမ်းခြင်း၊ ဝန်ထမ်းစေလွှတ်ခြင်းနှင့် ညွှန်ကြားခြင်း၊ ကင်းလှည့်ခြင်းနှင့် ကာကွယ်ထိန်းချုပ်ခြင်း၊ ရေခဲဆီးနှင်းများ ရှင်းလင်းခြင်း၊ ချွတ်ယွင်းမှုများ ကိုင်တွယ်ဖြေရှင်းခြင်း၊ အစားအစာများ ချက်ပြုတ်ပို့ဆောင်ခြင်းတို့ဖြင့်…၂၀၂၅ ခုနှစ်၏ နွေဦးပွဲတော် ခရီးသွားလာမှုများပြားသောကာလ ဘေးကင်းလုံခြုံမှု ရှိစေမည်ဖြစ်သည်။
မီးရထားလမ်း “၂၄ နာရီ” အချိန်တိုင်း နာရီတိုင်းတွင် မီးရထားလမ်း ဝန်ထမ်းများက မိမိ၏ တာဝန်ကျရာ၌ စွဲစွဲမြဲမြဲတာဝန် ထမ်းဆောင်ကာ စိတ်ရင်းအတိုင်း ဝန်ဆောင်မှုပေး၍ ထောင်သောင်းနှင့်ချီသော အိမ်ထောင်စုများ၏ ဆုံစည်းရာလမ်းကို ထိန်းသိမ်းစောင့်ရှောက်ပေးထားသည်။
မီးရထားလမ်းကွန်ရက်များမှာ ပို၍ များပြားလာသလို မီးရထားများသွားလာမှုမှာလည်း ပို၍ များပြားလာပြီး ခရီးသည် ပို့ဆောင်ရသည့်အရေအတွက်မှာ ပို၍ တိုးများလာသော်လည်း ကြိုးကြိုးစားစား၊ စေ့စေ့စပ်စပ်၊ လုံခြုံရေးကို တင်းကျပ်စွာ ကာကွယ်မှုသည် မီးရထားလမ်း ဝန်ထမ်းများအနေဖြင့် အခိုင်အမာ လိုက်နာသည့် ကျင့်ဝတ်စံနှုန်းများဖြစ်သည်။ မီးရထားမောင်းနှင်သူများ၊ အစားအသောက်ပို့ဆောင်ပေးသူများ၊ မြန်နှုန်းမြင့်ရထားပေါ်ရှိ ဆရာဝန်များ၊ အစားအစာချက်ပြုတ်ပေးသော ဝန်ထမ်းများ၊ ရေခဲရှင်းလင်းပေးသောဝန်ထမ်းများ၊ ရထားဝန်ထမ်းများ၊ စက် ဆရာများ၊ စွန့်ပစ် အညစ်အကြေးစုပ်ယူသန့်စင်ပေးသော ဝန်ထမ်းများ၊ မီးရထားလိုင်း ဝန်ထမ်းများ…၎င်းတို့၏ တာဝန်များမှာ မတူညီသော်လည်း တူညီသော ယုံကြည်မှုများရှိကြသည်။
နွေဦးပွဲတော်ခရီးသွားလာမှု များပြားသောကာလ မတိုင်မီ သတင်းထောက်က နွေဦးပွဲတော်ပို့ဆောင်ရေးအတွက် မအားမလပ် ပြင်ဆင်နေသောနေရာသို့ သွားရောက်ကာ နွေဦးပွဲတော်ပို့ဆောင်ရေးကို ထိန်းသိမ်းစောင့်ရှောက်သည့် မီးရထားလမ်းဝန်ထမ်းများ၏ “ကျွမ်းကျင်မှုများ” ကို ကင်မရာဖြင့် မှတ်တမ်းယူ၍ တိတ်တဆိတ် အကျိုးဆောင်ရွက်နေသော မီးရထားလမ်းဝန်ထမ်းများ၏ ပုံရိပ်များကို ဓာတ်ပုံဖြင့် ပြသခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ မီးရထားပို့ဆောင်ရေး ထိုက်ယွမ်အုပ်စုကုမ္ပဏီလီမိတက် ထိုက်ယွမ်တောင်ပိုင်းလမ်းကြောင်းအပိုင်း လွီလျန်မီးရထားလမ်းတွင် အလုပ်ရုံ မီးရထား ပြုပြင်ထိန်းသိမ်းရေး အလုပ်သမားများ လုပ်ငန်းဆောင်ရွက်နေသည်ကို ဇန်နဝါရီ ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

 


……………………………………….
(Chinese Version)
守护春运 铁路人的“十八般武艺”
太原,2025年1月13日
一年一度的春运即将拉开大幕。回家路上,涌动着中国人对团圆的温暖期盼。
铁路线上,众多甘于奉献的铁路人积极备战,检修维护、调度指挥、巡逻防控、铲冰除雪、故障处理、配餐送餐……为2025年的春运保驾护航。
铁路“十二时辰”,每时每刻都有铁路职工坚守岗位,用心服务,守护通往千家万户的团圆路。
铁路网越织越密、车流越来越大、旅客发送量越来越高,但兢兢业业、一丝不苟、严保安全,始终是铁路人坚守的行为准则。火车司机、送餐小哥、高铁医生、配餐工、打冰工、客运员、机械师、吸污工、线路工……大家职责不同,但都有一样的信念。
春运前夕,记者走进繁忙的春运备战现场,用镜头记录下铁路人守护春运的“十八般武艺”,以影像展示铁路人默默奉献的身影。
动车组机械师党子淳在太原动车组运用所对列车进行检查维护(1月9日摄)。新华社记者 詹彦 摄
中国铁路太原局集团有限公司太原南工务段吕梁线路车间铁路维修工在进行维修作业(1月9日摄)。