Asia
ယွန်းဆက်ယို အဖမ်းခံရ
ဆိုးလ်၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ)
ဇန်နဝါရီ ၁၅ ရက် ဒေသစံတော်ချိန် နံနက် ၁၀ နာရီ ၃၃ မိနစ်ခန့်တွင် ရာထူးမှ ရပ်ဆိုင်းခံထားရသည့် သမ္မတ ယွန်းဆက်ယို၏ ဖမ်းဝရမ်းအမိန့် ဆောင်ရွက်ခဲ့ကြောင်း တောင်ကိုရီးယား ပူးတွဲ စုံစမ်းစစ်ဆေးရေးဌာနချုပ်က အဆိုပါနေ့တွင် ပြောကြားခဲ့သည်။
သတင်းထောက်က ယခု သတင်းတင်ခဲ့သည့်အချိန်အထိ ယွန်းဆက်ယိုလိုက်ပါလာသော ရဲတပ်ဖွဲ့လုံခြုံရေးယာဉ်သည် အဆင့်မြင့် အစိုးရအရာရှိများ ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးဌာန (အစိုးရအရာရှိများ စုံစမ်းစစ်ဆေးရေးဌာန) သို့ ရောက်ရှိပြီဖြစ်သည်။
ယွန်းဆက်ယိုသည် အစိုးရအရာရှိများ စုံစမ်းစစ်ဆေးရေးဌာနသို့ သွားရောက်သည့် တစ်ချိန်တည်းတွင် ၎င်းဘက်က ၎င်းသမ္မတအိမ်တော်တွင် ကြိုတင်ရိုက်ကူးခဲ့သော ဗီဒီယိုကို ထုတ်လွှင့်ခဲ့သည်။ မမြင်အပ်ဖွယ် သွေးထွက်သံယိုကိစ္စများ မဖြစ်စေရန်၊ တရားမဝင် စုံစမ်းစစ်ဆေးခြင်းဖြစ်သော်လည်း အစိုးရအရာရှိများ စုံစမ်းစစ်ဆေးရေးဌာနသို့ သွားရောက်၍ စုံစမ်းစစ်ဆေးမှုခံယူရန် ဆုံးဖြတ်ခဲ့သည်ဟု ယွန်းဆက်ယိုက အဆိုပါဗီဒီယိုတွင် ပြောကြားခဲ့သည်။
အစိုးရအရာရှိများ စုံစမ်းစစ်ဆေးရေးဌာနနှင့် ရဲဘက်ဆိုင်ရာများက ဇန်နဝါရီ ၁၅ ရက် နံနက်အစောပိုင်းတွင် သမ္မတအိမ်တော်သို့ ရောက်ရှိခဲ့ပြီး ယွန်းဆက်ယိုအား ဖမ်းဝရမ်းအမိန့် ထပ်မံဆောင်ရွက်ရန် ကြိုးစားခဲ့သလို တစ်ချိန်တည်းမှာပင် သမ္မတလုံခြုံရေးဌာန၏ ယာယီအကြီးအကဲအဖြစ် ထမ်းဆောင်နေသော ဒုတိယအကြီးအကဲ Kim Sung-hoon စသည်တို့ကိုလည်း ဖမ်းဆီးခဲ့သည်။ (Xinhua)
…………………………
(Chinese Version)
尹锡悦被捕
新华社首尔1月15日电(记者陆爱华 姬新龙 陆睿)韩国共同调查本部15日说,已于当天10时33分执行对被停职总统尹锡悦的逮捕令。尹锡悦是韩国宪政史上第一个被逮捕的现职总统。
截至记者发稿时,尹锡悦乘坐的警卫车辆已抵达高级公职人员犯罪调查处(公调处)。
在尹锡悦前往公调处的同时,尹锡悦一方公布了其在总统官邸提前录制的视频。尹锡悦在视频中说,为防止发生不光彩的流血事件,虽然是非法调查,但决定前往公调处接受调查。
公调处和警方人员15日凌晨抵达总统官邸,尝试再次执行对尹锡悦的逮捕令,同时执行对代行总统警卫处长职权的次长金成勋等人的逮捕令。(完)
图说1:这是2024年5月27日,韩国总统尹锡悦在一场活动上致辞(资料照片)。新华社记者 姚琪琳 摄
图说2:1月15日,警察在位于韩国首尔的总统官邸附近维持秩序。新华社记者 姚琪琳 摄