Connect with us

China

တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးအဖွဲ့အစည်းက ထိုင်း-မြန်မာနယ်စပ်တွင် အဆက်အသွယ်ပြတ်တောက်၍ ပိတ်မိနေသော တရုတ်နိုင်ငံသားများအား အစွမ်းကုန်ကယ်ဆယ်၍ အမှုစုံစမ်းဆေးလျက်ရှိ

ပေကျင်း၊ ဇန်နဝါရီ ၁၇ ရက် (ဆင်ဟွာ)

မကြာသေးမီက သရုပ်ဆောင် ဝမ်XXX၊ မီးအလှပြပညာရှင် စွန်းXXXချန် စသည့် တရုတ်နိုင်ငံသားများစွာသည် ထိုင်း-မြန်မာနယ်စပ်သို့ လိမ်လည်ခေါ်ဆောင်ခံရပြီးနောက် အဆက်အသွယ်ပြတ်တောက်၊ ပိတ်မိနေမှုသည် လူမှုအသိုက်အဝန်း၏ အထူးအာရုံစိုက်ခြင်းခံခဲ့ရသည်။ အဆိုပါကိစ္စရပ်အပေါ် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက များစွာအလေးထားပြီး ပြည်ပသို့ ရောက်ရှိပြီး အဆက်အသွယ်ပြတ်တောက်၍ ပိတ်မိနေသူများ၏အခြေအနေအား ဘက်စုံခွဲခြမ်းစိတ်ဖြာမှု လုပ်ဆောင်ရန် သက်ဆိုင်ရာဒေသတွင်း ပြည်သူ့လုံခြုံရေးအဖွဲ့အစည်းများကို လျင်မြန်စွာ ဖြန့်ကြက်စီမံထားပြီး ပြည်ပအခြေစိုက် သံရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံး စသည့် သက်ဆိုင်ရာဌာနများနှင့် တက်ကြွစွာတွဲဖက်၍ လူကယ်ဆယ်ရေးနှင့် အမှုစုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း သတင်းထောက်က ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနမှ သိရသည်။ လက်ရှိတွင် ဝမ်XXX၊ စွန်းXXXချန်၊ ယန်XXXချီ၊ ဝူXXXချီ၊ လျင်XXXလိန်၊ ရွှီXXXနင် တို့ကို အောင်မြင်စွာကယ်ဆယ်နိုင်ခဲ့ပြီး တရုတ်နိုင်ငံသို့ ဘေးကင်းစွာ ပြန်လည်ပို့ဆောင်နိုင်ခဲ့ပြီဖြစ်သည်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်က ဝမ်XXX သည် ဝီချက်အဖွဲ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ သွားရောက်ကာ ဗီဒီယိုရိုက်ကူးသည့် အလုပ်ခေါ်စာကိုတွေ့ရှိသဖြင့် ထိုခေါ်စာပါ အကြောင်းအရာအတိုင်း ဒုတိယဒါရိုက်တာ “ယန်စီလျို့” ၏ ဝီချက်အကောင့်ကို ဆက်သွယ်ပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ သွားရောက်ရိုက်ကူးရေးကိစ္စအတွက် ညှိနှိုင်းခဲ့ကြောင်း စုံစမ်းစစ်ဆေးချက်အရ သိရှိရသည်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃ ရက် နံနက်ခင်းတွင် ဝမ်XXX သည် ထိုင်းနိုင်ငံ ဘန်ကောက်လေဆိပ်သို့ ရောက်ရှိပြီးနောက် “ယန်စီလျို့” စီစဉ်သည့်ကားဖြင့် စီးနင်းလိုက်ပါခဲ့ရာ ထိုင်း-မြန်မာ နယ်စပ်မှတစ်ဆင့် မြန်မာနိုင်ငံ မြဝတီ “အပိုလို” ဇုန် (Apolo Park) သို့ ပို့ဆောင်ခံခဲ့ရသည်။ ထို့နောက် “ဟွမ်ရာ့” “ခိုင်ရွှမ်” စသည့် ဆက်သွယ်ရေးလိမ်ညာမှုဇုန်များစွာသို့ ထပ်မံရောင်းစားခြင်းခံခဲ့ရသည်။

ပြည်သူ့လုံခြုံရေးအဖွဲ့အစည်းက အဆက်အသွယ်ပြတ်တောက်၊ ပိတ်မိနေသူများကို အစွမ်းကုန်ရှာဖွေ ကယ်ဆယ်သည့် တစ်ချိန်တည်းတွင် အမှုစုံစမ်းစစ်ဆေးရေးလုပ်ငန်းကိုလည်း တစ်ပြိုင်နက်တည်း လုပ်ဆောင်ကာ မြန်မာနိုင်ငံ မြဝတီတွင် ခိုအောင်းနေပြီး နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှု သီးသန့်လုပ်ဆောင်သည့် ရာဇဝတ်ဂိုဏ်းကို သဲလွန်စအရ ဖော်ထုတ်တွေ့ရှိခဲ့သည်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာမှစ၍ အဆိုပါရာဇဝတ်ဂိုဏ်းသည် ဝီချက်အဖွဲ့များစွာတွင် သရုပ်ဆောင်၊ မော်ဒယ်၊ ရိုက်ကူးရေးအဖွဲ့ဝန်ထမ်းများ အလုပ်ခေါ်သည် ဟူသော အချက်အလက်အတုများ ထုတ်ပြန်ကာ လာရောက်ရန်ဆန္ဒရှိသူများအတွက် လေယာဉ်လက်မှတ်ဝယ်ပေးခြင်း၊ ဟိုတယ်ဘိုကင် လုပ်ပေးခြင်း၊ ကားစီစဉ်ပေးခြင်း စသည့် နည်းလမ်းများဖြင့် အဆိုပါလူများကို ထိုင်းနိုင်ငံပြည်တွင်းသို့ လိမ်လည်ခေါ်ဆောင်ပြီးနောက် မြန်မာနိုင်ငံ မြဝတီသို့ ထပ်မံပို့ဆောင်ကာ ဆက်သွယ်ရေးလိမ်ညာမှုဇုန်များသို့ လူကုန်ကူးခဲ့ကြောင်း၊ မကြာသေးမီက အွန်လိုင်းပေါ်တွင် ပေါ်ထွက်လာသည့် သက်ဆိုင်ရာလူပုဂ္ဂိုလ်များ ပြည်ပတွင် အဆက်အသွယ်ပြတ်တောက်ခြင်း၊ ပိတ်မိခြင်း အမှုများသည် အဆိုပါရာဇဝတ်ဂိုဏ်းနှင့် ပတ်သက်နေကြောင်း၊ လက်ရှိတွင် ပြည်တွင်းပြည်ပ ပြစ်မှုူကျူးလွန်သည်ဟု သံသယရှိသူ ၁၂ ဦးကို တရုတ်-ထိုင်း ရဲတပ်ဖွဲ့များက ပူးပေါင်းဖမ်းဆီးရမိပြီးဖြစ်ကာ သက်ဆိုင်ရာအမှုစုံစမ်းစစ်ဆေးမှုနှင့် အခြား ပြစ်မှုကျူးလွန်သည်ဟု သံသယရှိသူများအား လိုက်လံဖမ်းဆီးလျက်ရှိကြောင်းသိရသည်။

မကြာသေးမီက ပြည်ပ၌ အဆက်အသွယ်ပြတ်တောက်၊ ပိတ်မိသူများ၏ မိသားစုဝင်များက အကူအညီတောင်းခံသော အချက်အလက်များ တင်ပြမှုများနှင့်စပ်လျဉ်း၍ သဲလွန်စများကို ဘက်စုံခွဲခြမ်းစိတ်ဖြာပြီး စုံစမ်းစစ်ဆေးရေးလုပ်ငန်းများကို အချိန်မီလုပ်ဆောင်ရန်၊ သက်ဆိုင်ရာဌာနက အဆက်အသွယ်ပြတ်တောက်နေသော၊ ပိတ်မိနေသူများကို ဆောလျင်စွာ ရှာဖွေကယ်ဆယ်ရေးအတွက် ဘက်စုံညှိနှိုင်းလုပ်ဆောင်ရန် တရုတ်နိုင်ငံ ပြည်သူလုံခြုံရေးဝန်ကြီးဌာနက ဒေသအသီးသီးရှိ ပြည်သူ့လုံခြုံရေးအဖွဲ့အစည်းများကို ဖြန့်ကြက်စီမံထားပြီးဖြစ်ကြောင်း သိရသည်။
ပြည်သူ့လုံခြုံရေးအဖွဲ့အစည်းက နယ်စပ်ဖြတ်ကျော် ဆက်သွယ်ရေး အွန်လိုင်းလိမ်လည်မှုများအား ပြင်းထန်စွာ ဖိအားပေး ဆက်လက် တိုက်ဖျက်လျက်ရှိရာ မျက်ခြည်မပြတ်စောင့်ကြည့်၍ အထူးတိုက်ဖျက်ရေးလှုပ်ရှားမှုများကို နက်ရှိုင်းစွာ ဖော်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် နိုင်ငံတကာ တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ပြီး ပြည်ပဆက်သွယ်ရေးလိမ်ညာမှု လုပ်ဆောင်သည့်စခန်းများကို အစွမ်းကုန် ချေမှုန်းသွားမည်ဖြစ်ကြောင်း၊ ရာဇဝတ်ဂိုဏ်း “ရင်းနှီးမြှုပ်နှံသူ”၊ အမာခံအဖွဲ့ဝင်များကို အစွမ်းကုန် ရှာဖွေဖော်ထုတ်ဖမ်းဆီး၍ ပိတ်မိနေသူများအား အစွမ်းကုန်ညှိနှိုင်း ကယ်ဆယ်သွားမည်ဖြစ်ကြောင်း သိရသည်။ ပြည်ပလူလိမ်ဂိုဏ်းများ၏ “လစာမြင့်အလုပ်၊ နေစားငြိမ်း၊ လေယာဉ်လက်မှတ်ပေးသည်၊ အကြိုအပို့သီးသန့်စီစဉ်ပေးသည်” စသည်တို့ဖြင့် ဆွဲဆောင်ခြင်း၊ သို့မဟုတ် စီးပွားရေးလုပ်ငန်းလေ့လာမှု၊ အခမဲ့ခရီးသွားလည်ပတ်မှု စသည့်ခေါင်းစဉ်များဖြင့် တရုတ်နိုင်ငံ ပြည်တွင်းမှလူများကို ပြည်ပသို့လိမ်လည်ခေါ်ဆောင်ကာ တရားမဝင်ထိန်းချုပ်၍ ဆက်သွယ်ရေး အွန်လိုင်းလိမ်လည်မှု စသည့် ပြစ်မှုများ ကျူးလွန်ရန် ခိုင်းစေမှုများကို သတိထားရန် တရုတ်ပြည်သူ့လုံခြုံရေးအဖွဲ့အစည်းက သတိပေးထားကြောင်း သိရသည်။ သို့ဖြစ်ပါ၍ တရားမဝင် ပြစ်မှုကျူးလွန်သည့် ထောင်ချောက်တွင်းသို့ ကျရောက်ခြင်းမှ ရှောင်ကြဉ်ရန် အများပြည်သူအနေဖြင့် သတိကြီးကြီးထားကာ လုံခြုံရေးကြိုတင်ကာကွယ်မှုကို မြှင့်တင်ရန်၊ နိုင်ငံခြား လစာမြင့် အလုပ်ခေါ်ယူခြင်း မက်လုံးများကို အလွယ်တကူ မယုံကြည်ကြရန် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးအဖွဲ့အစည်းမှ သတိပေးထားကြောင်း သိရသည်။ (Xinhua)

…………………………..
(Chinese Version)
公安机关全力解救在泰缅边境失联被困中国公民 开展相关案件侦查调查
新华社北京1月17日电(记者熊丰)近期,演员王某、灯光师孙某强等多名中国公民被骗至泰缅边境后失联、被困,引发社会高度关注。记者17日从中国公安部获悉,公安部对此高度重视,迅速部署相关地方公安机关全面梳理摸排境外失联、被困人员情况,积极协调驻外使领馆等相关部门,全力开展人员解救和案件侦查调查。目前,王某、孙某强、杨某琪、吴某琪、林某玲、许某宁等人已获救脱困、安全回国。
经查,2024年12月29日,王某在微信群中看到一则赴泰国曼谷拍摄影片的通告,遂根据通告内容添加副导演“颜十六”微信,沟通赴泰国曼谷拍戏事宜。2025年1月3日凌晨,王某抵达泰国曼谷机场后,乘坐“颜十六”安排的车辆经泰缅边境被送入缅甸妙瓦底“阿波罗”园区,随后又被贩卖至“环亚”“凯旋”等多个电诈园区。
公安机关在全力查找解救失联、被困人员的同时,同步推进案件侦查调查工作,循线深挖出一个藏匿于缅甸妙瓦底、专门从事跨境人口贩运的犯罪集团。2024年12月以来,该犯罪集团在大量微信群中发布招聘演员、模特、剧组工作人员等虚假信息,通过为有意向人员购买机票、预订酒店、安排车辆等方式,将其诱骗至泰国境内后,再转运至缅甸妙瓦底,贩卖至各电诈园区。近期网上的多起相关人员境外失联、被困案件均与该犯罪集团有关。目前,中泰警方已联手抓获12名境内外犯罪嫌疑人,相关案件侦办及其他犯罪嫌疑人缉捕工作正在进行中。
针对近期境外失联、被困人员家属发布的求助信息,公安部已部署各地公安机关全面摸排梳理线索,及时开展侦查调查工作,全力协调有关部门尽快查找解救失联、被困人员。
公安机关将继续保持对跨境电信网络诈骗犯罪的严打高压态势,紧盯不放、穷追不舍,深入推进专项打击行动,加大国际执法合作力度,全力捣毁境外电诈窝点,全力缉捕犯罪集团“金主”、骨干,全力协调解救被困人员。公安机关提醒,境外诈骗集团以“高薪工作、包吃包住、报销机票、专人接送”为诱饵,或以商务考察、免费旅游等名义,将境内人员诱骗至境外非法拘禁,从事电信网络诈骗等违法犯罪活动。请广大群众务必提高警惕,加强安全防范,切勿轻信境外高薪招聘、务工信息,避免落入违法犯罪陷阱。(完)