Connect with us

China

ဟဲပေပြည်နယ်၊ ဖုန်းနန်ခရိုင်၊ ဟဲထိုလမ်းဟောင်း၏ နှစ်သစ်နွေဦးပွဲတော် ဥယျာဉ်အစီအစဉ်များက ခရီးသွားများအား ဆွဲဆောင်လျက်ရှိ

ဟဲထိုလမ်းဟောင်းတွင် မီးများ ထိန်ထိန်လင်းနေသည်ကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၇ ရက် ညပိုင်းက တွေ့ရစဉ် (ဆင်ဟွာ)

ရှီကျားကျွမ်း၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ)

ယခုရက်ပိုင်းများတွင် တရုတ်နိုင်ငံ ဟဲပေပြည်နယ် ထန်ဆန်းမြို့ ဖုန်းနန်ခရိုင်ရှိ ယဉ်ကျေးမှုခရီးသွားလမ်းဖြစ်သော ဟဲထိုလမ်းဟောင်းဌာနက နှစ်သစ်နွေဦးပွဲတော် ဥယျာဉ်အစီအစဉ်များအား ဖွင့်လှစ်ခဲ့သည်။ ဘက်စုံ အဆင့်မြှင့်တင်ထားသော ရှုခင်းအစစ်အား နောက်ခံထားသည့် သံသွန်းမီးပန်း သရုပ်ပြဖျော်ဖြေပွဲကြီး 《ထန်မင်းကြီး၏ အရှေ့အရပ်သို့ စစ်ချီခြင်း》၊ မီးထွန်းအခမ်းအနား၊ ငါးနဂါးလှည့်လည်ကပြဖျော်ဖြေပွဲနှင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ဖြစ်သော နှစ်ကူးဓလေ့ပြသဖျော်ဖြေပွဲ စသည့် အစီအစဉ်များက ခရီးသွားများအား ထန်းဆန်းမြို့၏ ပြည်ပကုန်သွယ်ရေးယဉ်ကျေးမှု၊ အရပ်ဘက်ဓလေ့ရိုးရာယဉ်ကျေးမှု၊ ဘုရားကျောင်းပွဲယဉ်ကျေးမှုများကို နှစ်မျောခံစားနိုင်စေပေသည်။ အဆိုပါအစီအစဉ်များမှာ ဖေဖော်ဝါရီ ၂၇ ရက်တွင် ပြီးဆုံးမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

ဟဲထိုလမ်းဟောင်းတွင် သံသွန်း မီးပန်း ဖျော်ဖြေတင်ဆက်နေသည်ကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)


…………………………
(Chinese Version)
河北丰南:河头老街新春游园活动引客来
新华社照片,石家庄,2025年1月18日
近日,河北省唐山市丰南区文化旅游街区河头老街运营部门打造的新春游园活动开幕。全新升级的大型实景铁花秀《唐王东征》、燃灯大典、鱼龙舞巡游和非遗年俗展演等多项活动,让游客沉浸式体验唐山的开埠文化、民俗文化、庙会文化。活动将于2月27日闭幕。 新华社记者 杨世尧 摄
1. 1月17日夜,河头老街灯火通明(无人机照片)。
2. 1月17日,河头老街上进行打铁花表演。

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.