Connect with us

International Organizations

ဂါဇာကမ်းမြောင်ဒေသတွင် အပစ်အခတ်ရပ်စဲမှု စတင်ခြင်းအား ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ကြိုဆို

ကုလသမဂ္ဂ အထွေထွေညီလာခံ မျက်နှာစုံညီအစည်းအဝေးတွင် မိန့်ခွန်းပြောကြားနေသော ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်ကို အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်တွင် ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- ကုလသမဂ္ဂ)

ကုလသမဂ္ဂ၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ)

ဂါဇာကမ်းမြောင်ဒေသတွင် အပစ်အခတ်ရပ်စဲမှုစတင်ပြီး ဖမ်းဆီးထိန်းသိမ်းခံရသူများအား လွှတ်ပေးခြင်းအပေါ် ကြိုဆိုကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်က ဇန်နဝါရီ ၁၉ ရက်တွင် လူမှုမီဒီယာ၌ ထုတ်ဖော်ရေးသားခဲ့သည်။
ဂါဇာကမ်းမြောင်ဒေသတွင် အပစ်အခတ်ရပ်စဲမှုစတင်ပြီး ဖမ်းဆီးထိန်းသိမ်းခံရသူများအား လွှတ်ပေးခြင်းအပေါ် ကုလသမဂ္ဂက အချိန်မရွေးထောက်ခံအားပေးကြောင်း၊ အခက်အခဲကြုံတွေ့နေရဆဲဖြစ်သော ပါလက်စတိုင်းပြည်သူများစွာအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများ စဉ်ဆက်မပြတ်ထောက်ပံ့ပေးနိုင်ရန် တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဂူတာရက်စ်က ပြောကြားခဲ့သည်။ လက်ရှိအရေးကြီးဆုံးမှာ ဂါဇာကမ်းမြောင်ဒေသထံသို့ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ထောက်ပံ့ရာတွင် ရင်ဆိုင်ရသည့် ကြီးမားသော လုံခြုံရေးနှင့် နိုင်ငံရေးအတားအဆီးများကို အပစ်အခတ်ရပ်စဲမှုက ဖယ်ရှားပေးရန်ဖြစ်သည်ဟု ၎င်းကဆိုသည်။အစ္စရေးနှင့် ပါလက်စတိုင်း အစ္စလာမ်မစ် တော်လှန်ရေးလှုပ်ရှားမှုအဖွဲ့ (ဟားမက်စ်) တို့သည် ဂါဇာကမ်းမြောင်ဒေသတွင် အပစ်အခတ်ရပ်စဲရေးနှင့် စပ်လျဉ်း၍ သဘောတူညီချက် ရရှိခဲ့ပြီးဖြစ်ကြောင်း ကာတာ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Mohammed bin Abdulrahman bin Jassim Al Thani က ဇန်နဝါရီ ၁၅ ရက် ညပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါသဘောတူညီချက်၏ ပထမအဆင့်ကို ဇန်နဝါရီ ၁၉ ရက်တွင် စတင် အကောင်အထည် ဖော်ဆောင်မည်ဖြစ်ကာ အစ္စရေးမှလွှတ်ပေးမည့် ဖမ်းဆီးထိန်းသိမ်းခံထားရသော ပါလက်စတိုင်းများနှင့် လဲလှယ်ရန်အတွက် ဟားမက်စ်သည် ၎င်းတို့ ဖမ်းဆီးထိန်းသိမ်းထားသူ ၃၃ ဦီးကို လွှတ်ပေးသွားမည်ဖြစ်သည်။ဟားမက်စ်ဘက်မှ ပေးပို့သော ဇန်နဝါရီ ၁၉ ရက်တွင် လွှတ်ပေးမည့် ဖမ်းဆီးထိန်းသိမ်းခံရသူ ၃ ဦး၏ အမည်စာရင်းကို လက်ခံရရှိပြီးဖြစ်ကာ ဂါဇာအပစ်အခတ်ရပ်စဲ၍ အကျဉ်းသားလဲလှယ်သည့်စာချုပ်သည် ဒေသစံတော်ချိန် ဇန်နဝါရီ ၁၉ ရက် ၁၁ နာရီ ၁၅ မိနစ်တွင် စတင်အသက်ဝင်မည်ဟု အစ္စရေးဝန်ကြီးချုပ်ရုံးက ဇန်နဝါရီ ၁၉ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ (Xinhua)

………………………….
(Chinese Version)
联合国秘书长欢迎加沙地带开始实施停火
新华社联合国1月19日电(记者施春)联合国秘书长古特雷斯19日在社交媒体上发表声明,对加沙地带开始实施停火和被扣押人员获释表示欢迎。
古特雷斯表示,联合国随时支持加沙地带停火和被扣押人员获释,将加大力度向无数仍在受苦的巴勒斯坦民众提供持续的人道主义援助。他说,当务之急是停火必须消除向加沙地带提供人道主义援助所面临的重大安全和政治障碍。
卡塔尔首相兼外交大臣穆罕默德15日晚宣布,以色列与巴勒斯坦伊斯兰抵抗运动(哈马斯)已就加沙地带停火达成协议。协议第一阶段将于19日开始实施,哈马斯将释放33名被扣押人员,以交换以色列释放巴勒斯坦被扣押人员。
以色列总理办公室19日发表声明说,已收到哈马斯提供的应于当天获释的3名被扣押人员名单,加沙停火换俘协议于当地时间19日11时15分开始生效。(完)
图说:2025年1月15日,在位于纽约的联合国总部,联合国秘书长古特雷斯在联合国大会全体会议上发表讲话。新华社发(联合国供图/埃万·施奈德摄)