China
တရုတ်နိုင်ငံ မြန်နှုန်းမြင့်ရထား ပြေးဆွဲမှု ခရီးစဉ်အကွာအဝေး ၄၈,၀၀၀ ကီလိုမီတာဖြင့် စံချိန်သစ်တင်
ပေကျင်း၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ China State Railway Group Co., Ltd သည် ဇန်နဝါရီလ ၂ ရက်တွင် လုပ်ငန်းအစည်းအဝေးကျင်းပခဲ့သည်။ အစည်းအဝေးတွင် ထုတ်ပြန်သည့် နောက်ဆုံးအချက်အလက်များအရ ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းအထိ တရုတ်နိုင်ငံ တစ်နိုင်ငံလုံး ရထားလမ်း လည်ပတ်မှု ခရီးစဉ်အကွာအဝေးသည် ကီလိုမီတာပေါင်း ၁၆၂,၀၀၀ ရှိပြီး ၎င်းအနက် မြန်နှုန်းမြင့်ရထား ပြေးဆွဲမှုခရီးစဉ်အကွာအဝေးမှာ ကီလိုမီတာပေါင်း ၄၈,၀၀၀ ကျော်ရှိခဲ့သဖြင့် တရုတ်နိုင်ငံ၏ မြန်နှုန်းမြင့်ရထား ပြေးဆွဲမှုခရီးစဉ်အကွာအဝေးအနေဖြင့် ထပ်မံစံချိန်သစ်တင်ခဲ့ကြောင်းသိရသည်။
၂၀၂၄ ခုနှစ်တွင် China State Railway Group သည် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံတော်ကောင်စီ၏ မူဝါဒဆုံးဖြတ်စီမံမှုများကို အစဉ်တစိုက်ဖော်ဆောင်ကာ တရုတ်ပုံစံ ခေတ်မီအသွင်ပြောင်းမှုအား အဓိကထား၍ ဝန်ဆောင်မှုနှင့် အထောက်အပံ့ပေးခဲ့ပြီး ရထားလမ်းတည်ဆောက်မှုကို အရည်အသွေးမြင့် ထိရောက်စွာ တွန်းအားပေးဖော်ဆောင်ခဲ့သည်။ နိုင်ငံတစ်ဝန်းရထားလမ်းများတွင် မရွှေ့ပြောင်းနိုင်သောပစ္စည်း ရင်းနှီးမြှုပ်နှံမှုသည် ယွမ် ၈၅၀.၆ ဘီလီယံရှိပြီး ယမန်နှစ်ကာလတူထက် ၁၁.၃ ရာခိုင်နှုန်းတိုးတက်လာခဲ့ကာ စဉ်ဆက်မပြတ် အရှိန်မြင့်လည်ပတ်လျက်ရှိသည်။ လည်ပတ်ပြေးဆွဲသည့် လမ်းကြောင်းသစ်သည် ၃,၁၁၃ ကီလိုမီတာရှိပြီး ၎င်းအနက် မြန်နှုန်းမြင့်ရထားလမ်းမှာ ၂,၄၅၇ ကီလိုမီတာရှိသဖြင့် ရထားလမ်းတည်ဆောက်မှု ရလဒ်သိသာထင်ရှားသော အောင်မြင်မှုရရှိခဲ့သည်။
China State Railway Group သည် တရုတ်နိုင်ငံ၏ ၁၄ ကြိမ်မြောက် ၅ နှစ်စီမံကိန်းတွင် အတည်ပြုထားသော အဓိကရထားလမ်းစီမံကိန်း ၁၀၂ ခုနှင့် “အဓိကတည်ဆောက်မှုစီမံကိန်း ၂ ခု” ကို အဓိကထားကာ ဖော်ဆောင်မှုအင်အားကို ပိုမိုမြှင့်တင်ဆောင်ရွက်ခဲ့သည်။ ရီချန်း-ဖူလျင် မြန်နှုန်းမြင့်ရထားလမ်း၏ ချုံချင့်လမ်းပိုင်း၊ လုံယန်-လုံချွမ်း မြန်နှုန်းမြင့်ရထားလမ်း၏ ဝူဖိန်-မေကျိုး အနောက်ဘူတာလမ်းပိုင်း၊ လန်ကျိုး-ကျန်းယဲ့ မြန်နှုန်းမြင့်ရထားလမ်း၏ ဝူဝေး-ကျန်းယဲ့လမ်းပိုင်း စသည့် စီမံကိန်းပေါင်း ၁၇ ခုကို စတင်တည်ဆောက်ခဲ့ပြီး ဟန်ကျိုး-ရိဝူး-ဝင်းကျိုး မြန်နှုန်းမြင့်ရထားလမ်း၊ ချီကျိုး-ဟွမ်ဆန်း မြန်နှုန်းမြင့်ရထားလမ်း၊ ရှန်ဟိုင်း-စူးကျိုး-ဟူကျိုး မြန်နှုန်းမြင့်ရထားလမ်း စသည့် စီမံကိန်းပေါင်း ၄၂ ခုကို စတင်လည်ပတ်ပြေးဆွဲခဲ့သည်။
ရထားလမ်းကွန်ရက်ချိတ်ဆက်မှု၊ ကွန်ရက်ဖြည့်စွက်မှု၊ ရထားလမ်းကွင်းဆက်မြှင့်တင်ခြင်းတို့နှင့် စပ်လျဉ်း၍ စီမံကိန်းကနဦးလုပ်ငန်းများကို နက်ရှိုင်းစွာလုပ်ဆောင်၍ ကျားမုစီး-ထုံကျန်းရထားလမ်း တိုးချဲ့မွမ်းမံတည်ဆောက်ခြင်း စသည့် စီမံကိန်းပေါင်း ၂၀ ကျော် ဖြစ်နိုင်ခြေလေ့လာမှုကို အတည်ပြုခဲ့သည်။ ထို့ပြင် ကုန်စည်စီးဆင်းမှု အခြေခံအဆောက်အအုံ တည်ဆောက်မှုကို အရှိန်မြှင့်တင်ဖော်ဆောင်ပြီး ရထားလမ်းသီးသန့်သုံးလမ်းကြောင်း ၄၄ ခု၊ ကုန်စည်စီးဆင်းမှု အခြေစိုက်စခန်း ၁၂ ခုကို အောင်မြင်စွာ တည်ဆောက်ပြီးစီးခဲ့ကြောင်း သိရှိရသည်။ (Xinhua)
————————–
(Chinese Version)
4.8万公里!中国高铁运营里程再创新纪录
新华社北京1月2日电(记者樊曦)2日,中国国家铁路集团有限公司召开工作会议。会议发布的最新统计数据显示,截至2024年底全国铁路营业里程达到16.2万公里,其中高铁4.8万公里,中国高铁运营里程再创新纪录,
2024年,国铁集团贯彻落实党中央、国务院决策部署,聚焦服务和支撑中国式现代化,优质高效推进铁路建设,全国铁路完成固定资产投资8506亿元,同比增长11.3%,持续保持高位运行;投产新线3113公里,其中高铁2457公里,铁路建设成效显著。国铁集团以国家“十四五”规划纲要确定的102项重大工程铁路项目和“两重”项目为重点,加大推进实施力度,宜昌至涪陵高铁重庆段、龙岩至龙川高铁武平至梅州西段、兰州至张掖高铁武威至张掖段等17个项目开工建设,杭州至义乌至温州高铁、池州至黄山高铁上海经苏州至湖州高铁等42个项目开通运营;聚焦联网、补网、强链,深入开展项目前期工作,批复佳木斯至同江铁路扩能改造等20个项目可研;加快推进物流基础设施建设,建成铁路专用线44条、物流基地12个。(完)
图说:12月31日,G4798/5次复兴号动车组列车行驶在集大原高铁乌兰察布至丰镇北区间。