Connect with us

China

အမေရိကန်တွင် TikTok ပိတ်ပင်မှုအပေါ် တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန တုံ့ပြန်

အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ် အာလင်တန်မြို့တွင် စမတ်ဖုန်းဖန်သားပြင်ရှိ TikTok လိုဂိုအား ၂၀၂၄ ခုနှစ် မတ် ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ)

အမေရိကန်တွင် TikTok ပိတ်ပင်မှုနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံသည် လုပ်ငန်းကုမ္ပဏီ၏ တရားဝင် အခွင့်အရေးနှင့် အကျိုးစီးပွားကို အမြဲတစေလေးစား၍ ကာကွယ်ပေးကြောင်း၊ ဈေးကွက်စီးပွားရေး၏ အခြေခံမူကို ဖောက်ဖျက်ပြီး လုပ်ငန်းကုမ္ပဏီ၏ တရားဝင်အကျိုးစီးပွားအား ထိခိုက်စေသည့် လုပ်ရပ်များကို ကန့်ကွက်ကြောင်း တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဟဲရာ့တုန်းက ဇန်နဝါရီ ၂၃ ရက်တွင် ပြောကြားခဲ့သည်။ အမေရိကန်ဘက်က လုပ်ငန်းကုမ္ပဏီနှင့် ပြည်သူများ၏ တိုက်တွန်းစကားသံကို ပိုမိုနားဆင်၍ တရုတ်ကုမ္ပဏီအပါအဝင် နိုင်ငံအသီးသီးမှ ကုမ္ပဏီများ အမေရိကန်တွင် လုပ်ငန်းဖော်ဆောင်ရန်အတွက် တရားမျှတသော စီးပွားရေး ပတ်ဝန်းကျင်ဖန်တီးပေးကာ တရုတ်-အမေရိကန် နှစ်နိုင်ငံ စီးပွားရေးနှင့်ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ပြည်သူအကျိုးစီးပွားအပေါ် အကျိုးပြုသော ကိစ္စများ ပိုမိုလုပ်ဆောင်ရန် မျှော်လင့်ကြောင်း ၎င်းကပြောကြားခဲ့သည်။

မကြာသေးမီက အမေရိကန် တရားရုံးချုပ်သည် TikTok ပိတ်ပင်မှုကို ထောက်ခံကြောင်း ဆုံးဖြတ်ခဲ့ပြီး TikTok app ကို အမေရိကန်တွင် အသုံးပြုမှုရပ်ဆိုင်းခဲ့ပြီးနောက် ဝန်ဆောင်မှု ပြန်လည်ဆောင်ရွက်ခဲ့ကြောင်း၊ တစ်ချိန်တည်းတွင် ထရမ့်က Short Video လူမှုမီဒီယာ ပလက်ဖောင်း TikTok အားပိတ်ပင်သည့်အမိန့် အသက်ဝင်သည့်အချိန်အား နောက်ဆုတ်ရန် လက်မှတ်ရေးထိုးခဲ့ပြီး TikTok သည် ၎င်း၏ အစုရှယ်ယာ ၅၀ ရာခိုင်နှုန်းကို အမေရိကန်ကုမ္ပဏီနှင့် အမေရိကန်အစိုးရအား လွှဲပြောင်းပေးရမည်ဟု ဆိုသည့်အပေါ် ပြောခွင့်ရပုဂ္ဂိုလ်က မည်သည့်ထင်မြင်ယူဆချက်ရှိသနည်းဟု သတင်းထောက်က ဇန်နဝါရီ ၂၃ ရရက်တွင် ကျင်းသည့် တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ မေးမြန်းခဲ့ရာ ဟဲရာ့တုန်းက အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။ (Xinhua)
………………………..
(Chinese Version)
针对TikTok在美禁令,商务部作出回应
新华社北京1月23日电(记者唐诗凝)针对TikTok在美禁令,商务部新闻发言人何亚东23日说,中方一贯尊重和维护企业正当合法权益,反对违背市场经济基本原则、损害企业正当利益的做法。希望美方多倾听企业和民众的呼声,为包括中资企业在内的各国企业在美发展提供公平、公正的营商环境,多做有利于中美两国经贸合作和人民福祉的事情。
在当天召开的商务部例行新闻发布会上,有记者问:近日,美国最高法院裁定支持TikTok在美禁令,TikTok应用程序在美国下架又恢复服务。同时,特朗普签署行政令推迟短视频社交媒体平台TikTok禁令生效时间,并表示TikTok需要出让其50%的股份给美国公司和美国政府。请问发言人对此有何评论?何亚东作出上述回应。(完)
图说:The logo of TikTok is seen on the screen of a smartphone in Arlington, Virginia, the United States, March 13, 2024. (Xinhua/Liu Jie)