Connect with us

China

၂၀၂၄ ခုနှစ်ဖွား ပန်ဒါဝက်ဝံပေါက်လေးများကို ပွဲထုတ်ပြသ၍ တရုတ်နှစ်သစ်ကူးကြိုဆို

တရုတ်နှစ်သစ်ကူးအခမ်းအနားတွင် ပွဲဦးထွက်ပြသသော ၂၀၂၄ ခုနှစ်ဖွား ပန်ဒါဝက်ဝံပေါက်လေးများကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ချိန်တူး၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အမျိုးသား ပန်ဒါဝက်ဝံ ကာကွယ်စောင့်ရှောက်ရေးနှင့် သုတေသနစင်တာ၏ အဓိကအဖွဲ့အစည်း နှစ်ခုဖြစ်သည့် တရုတ်နိုင်ငံ ပန်ဒါဝက်ဝံ ကာကွယ်စောင့်ရှောက်ရေးစင်တာ (ပန်ဒါဝက်ဝံစင်တာ) နှင့် ချိန်တူး ပန်ဒါဝက်ဝံ မျိုးဆက်ပွား သုတေသနအခြေစိုက်စခန်း (ပန်ဒါဝက်ဝံ အခြေစိုက်စခန်း) တို့သည် ဇန်နဝါရီ ၂၃ ရက်တွင် “မင်္ဂလာအပေါင်းနှင့် ပြည့်စုံ၍ ပန်ဒါဝက်ဝံပေါက်လေးများဖြင့် နှစ်သစ်ကြိုဆိုခြင်း” တရုတ်နှစ်သစ်ကူးအခမ်းအနားကို စီချွမ်းပြည်နယ်တွင် ကျင်းပခဲ့သည်။ အထက်ပါအဖွဲ့အစည်းနှစ်ခုက ၂၀၂၄ ခုနှစ်တွင်မွေးဖွားသည့် ပန်ဒါဝက်ဝံပေါက်လေး၂၅ ကောင်ကို နှစ်သစ်ကူးအငွေ့အသက်များ ပြည့်နှက်နေသည့် အခမ်းအနား၌ ပွဲဦးထွက် မိတ်ဆက်ပြသခဲ့ကြောင်း သိရသည်။ (Xinhua)

————————
(Chinese Version)
2024年新生大熊猫幼崽亮相贺新春

新华社照片,成都,2025年1月23日
1月23日,大熊猫国家保护研究中心的两大组成机构——中国大熊猫保护研究中心(简称熊猫中心)和成都大熊猫繁育研究基地(简称熊猫基地)在四川联合举办“吉祥如意 萌宝迎新”新春主题活动,两家机构的25只2024年出生的大熊猫幼崽在年味十足的氛围中首次亮相。
图说:1月23日,在熊猫基地,2024年新生大熊猫幼崽亮相新春主题活动。新华社发