Connect with us

China

တရုတ်နိုင်ငံက ၁၂ နှစ် ဆက်တိုက် ကမ္ဘာ့အကြီးဆုံး အွန်လိုင်းလက်လီအရောင်းဈေးကွက် ဖြစ်လာ

၄ ကြိမ်မြောက် China New E-commerce Conference တွင် တိုက်ရိုက်ထုတ်လွှင့် တင်ဆက်သူများအား ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ လက်ကား၊ လက်လီအရောင်းလုပ်ငန်းပုံစံ တီထွင်ဆန်းသစ်မှုမြန်ဆန်လာပြီး ကွင်းဆက်လည်ပတ်မှု၊ တိုက်ရိုက်ထုတ်လွှင့်မှု e-commerce ၊ အချိန်နှင့် တစ်ပြေညီ လက်လီဖြန့်ဖြူးရေး ကွင်းဆက် ဝန်ဆောင်မှုများ အရှိန်မြင့် ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။ ၂၀၂၄ ခုနှစ် အွန်လိုင်းလက်လီရောင်းချမှုတန်ဖိုးမှာ ယွမ် ၁၅.၅ ထရီလီယံရှိပြီး တရုတ်နိုင်ငံက ၁၂ နှစ် ဆက်တိုက် ကမ္ဘာ့အကြီးဆုံး အွန်လိုင်းလက်လီဈေးကွက် ဖြစ်လာခဲ့သည်။
ယင်းမှာ တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံး၏ ဇန်နဝါရီ ၂၄ ရက်တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲမှ သတင်းထောက် သိရှိခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စသည့် ဌာန ၉ ခုက ခေတ်မီဖြန့်ဖြူရေးကွင်းဆက်ကို ဆွဲငင်အားအဖြစ်လည်းကောင်း လက်ကား၊ လက်လီအရောင်းလုပ်ငန်း အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကလမ်းကြောင်းအဖြစ်လည်းကောင်း ထားရှိ၍ ခေတ်မီကုန်သွယ်စီးပွားကဏ္ဍ စီးဆင်းမှုစနစ် တည်ဆောက်ရေးအတွက် စနစ်တကျ ဖြန့်ကြက် စီမံမည့် လှုပ်ရှားရေးအစီအစဉ်များ ပြဋ္ဌာန်းခဲ့ကြောင်း တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး စိန့်ချိုးဖိန်က မိတ်ဆက်ပြောကြားခဲ့သည်။
“မူဝါဒ အသီးသီးရဲ့ တွန်းအားပေးမှုနဲ့ တရုတ်နိုင်ငံ လက်ကား၊ လက်လီအရောင်းလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုမှာ တည်ငြိမ်စွာ တိုးတက်နေပြီး ပြည်တွင်း လိုအပ်ချက်ကို တိုးချဲ့ဖို့၊ ဖွံ့ဖြိုးတိုးတက်မှု အခင်းအကျင်းအသစ် တည်ဆောက်ဖို့အတွက် ခိုင်မာအားကောင်းတဲ့ အထောက်အပံ့ ဖြစ်စေတယ်” ဟု စိန့်ချိုးဖိန်က ပြောကြားခဲ့သည်။ ၂၀၂၄ ခုနှစ် လက်ကား၊ လက်လီအရောင်းလုပ်ငန်း၏ ထပ်တိုးတန်ဖိုးမှာ ယွမ် ၁၃.၈ ထရီလီယံထိရှိလာပြီး ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး (GDP) ၏ ၁၀.၂ ရာခိုင်နှုန်းအထိ ရှိကြောင်း၊ ၎င်းသည် အဆင်ပြေချောမွေ့သော လည်ပတ်မှု၊ အလုပ်အကိုင်ဖန်တီးမှုနှင့် ပို့ဆောင်မှုကုန်ကျစရိတ် လျှော့ချရေးတို့တွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
တစ်နိုင်ငံလုံးတွင် နိုင်ငံအဆင့် စမ်းသပ်လမ်းလျှောက်လမ်းပေါင်း ၂၃ ခုကို ပြုပြင်မွမ်းမံထားပြီး ၁၅ မိနစ်အတွင်း လမ်းလျှောက်အကွာအဝေး၌ ပြည်သူများအား သက်သောင့်သက်သာရှိသော နေထိုင်မှုဇုန် ၅,၁၈၈ ခုကို တည်ဆောက်ကာ ရပ်ကွက်ကန်တင်း၊ သူနာပြုစခန်းများ၊ ကလေးစောင့်ရှောက်ရေးစင်တာများစသည့် “လူကြီးလူငယ်မရွေး အဆင်ပြေသော” “အသေးစားပြုပြင်မွမ်းမံမှု” စသည့် အထောက်အပံ့များ ရပ်ကွက်အတွင်းသို့ ရောက်ရှိစေပြီး ဒေသခံ သန်း ၁၂၀ ခန့် ဝန်ဆောင်မှုပေးခဲ့ကြောင်း၊ ခရိုင်နှင့် မြို့နယ် ကုန်သွယ်ရေးစင်တာ ၅,၈၅၆ ခု၊ ကျေးရွာအဆင့် ကုန်စုံဆိုင် ၅၃,၀၀၀ ဆိုင်ကို အဆင့်မြင့် ပြုပြင်မွမ်းမံခဲ့ကြောင်း ၎င်းက တစ်ဆင့်တိုး မိတ်ဆက်ပြောကြားခဲ့သည်။
“နောက်ထပ်တစ်ဆင့်အနေနဲ့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သက်ဆိုင်ရာဌာနတွေနဲ့အတူ လှုပ်ရှားရေးအစီအစဉ်တွေရဲ့ လိုအပ်ချက်နဲ့အညီ အဓိက အကြောင်းအရာတွေကို ထင်သာမြင်သာအောင် ဖော်ဆောင်ရေးမူဝါဒတွေကို အမျိုးအစားခွဲခြားဆောင်ရွက်မှာ ဖြစ်ပါတယ်။ အရန်မူဝါဒတွေကို တစ်ဆင့်တိုး စုံလင်စေပြီး အစီအမံအသီးသီးကို အသေးစိတ်ဖော်ဆောင်ခြင်း၊ လက်ကား၊ လက်လီအရောင်းလုပ်ငန်း အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှု တွန်းအားပေးရေးကို အရှိန်မြှင့်တင်ခြင်းဖြင့် နိုင်ငံ စီးပွားရေးလည်ပတ်မှုကို တစ်ဆင့်တိုး အဆင်ပြေချောမွေ့အောင် ဆောင်ရွက်သွားမယ်” ဟု စိန့်ချိုးဖိန်က ပြောကြားခဲ့သည်။ (Xinhua)
…………………….
(Chinese Version)
中国连续12年成为全球最大网络零售市场
新华社北京1月24日电(记者唐诗凝、谢希瑶)中国批发零售业模式加快创新,连锁经营、直播电商、即时零售供应链服务蓬勃发展。2024年网上零售额15.5万亿元,中国连续12年成为全球最大网络零售市场。
这是记者从国新办24日召开的新闻发布会上了解到的。
商务部副部长盛秋平介绍,2024年,商务部等9部门出台行动计划,以现代供应链为牵引、批发零售业高质量发展为主线,对现代商贸流通体系建设作出系统部署。为推动政策落地,商务部、财政部还启动了全国现代商贸流通体系试点城市工作,首批将天津等20个城市纳入支持范围,引领加快全国现代商贸流通体系建设,推动批发零售业高质量发展。
“在各项政策的推动下,我国批发零售业发展稳中有进,为扩大国内需求、构建新发展格局提供有力支撑。”盛秋平说,2024年,批发零售业增加值达到13.8万亿元,占GDP的比重达到10.2%。在畅通循环、创造就业、降低物流成本等方面发挥重要作用。
他进一步介绍,全国已累计改造23条国家级试点步行街,建设5188个一刻钟便民生活圈,推动社区食堂、护理站、托育点等“宜老宜小”“小修小补”等设施进社区,服务居民近1.2亿人。升级改造5856个县城和乡镇商贸中心、5.3万个村级便民服务商店。
“下一步,商务部将与有关部门一起,按照行动计划要求,突出重点、分类施策,进一步丰富配套政策,落实落细各项举措,加快推动批发零售业高质量发展,进一步畅通国民经济循环。”盛秋平说。(完)
图说:9月27日,主播在第四届中国新电商大会上直播。新华社记者 颜麟蕴 摄