China
ဝမ်ရိနှင့် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန် Vikram Misri တွေ့ဆုံဆွေးနွေး

ပေကျင်း၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန် Vikram Misri နှင့် ဇန်နဝါရီ ၂၇ ရက်က ပေကျင်းမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့ တွေ့ဆုံရာတွင် ဝမ်ရိက သမ္မတ ရှီကျင့်ဖိန်နှင့် အိန္ဒိယဝန်ကြီးချုပ် မိုဒီတို့ ယမန်နှစ်က ကာဇန်တွေ့ဆုံဆွေးနွေးပွဲပြီးနောက် နှစ်နိုင်ငံခေါင်းဆောင်များ ရရှိထားသော အရေးကြီး သဘောတူညီချက်များကို နှစ်ဖက်အနေဖြင့် သေချာစွာ အကောင်အထည်ဖော်ပြီး အလွှာအသီးသီး တက်ကြွသော အပြန်အလှန်ဆက်ဆံမှုများ ဆောင်ရွက်ခဲ့ရာ တရုတ်-အိန္ဒိယ ဆက်ဆံရေး ကောင်းမွန်တိုးတက်အောင် အရှိန်မြှင့်ဆောင်ရွက်ခဲ့ပါကြောင်း ပြောကြားခဲ့သည်။ နှစ်ဖက်အနေဖြင့် အခွင့်အလမ်းများကို ဆုပ်ကိုင်၍ ရည်ရွယ်ချက်တူလျှောက်လှမ်းပြီး ပို၍များပြားသည့် လက်တွေ့ကျသော အစီအမံများကို စူးစမ်းရှာဖွေ ဖော်ဆောင်ကာ အပြန်အလှန်နားလည်မှု၊ အပြန်အလှန်ထောက်ခံအားပေးမှု၊ အပြန်အလှန်အောင်မြင်ဖြစ်ထွန်းမှုရှိအောင် အားထားဆောင်ရွက်ရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
Vikram Misri က အိန္ဒိယ-တရုတ် နှစ်နိုင်ငံသည် နှစ်နိုင်ငံ ခေါင်းဆောင်များ ကာဇန်တွေ့ဆုံဆွေးနွေးပွဲ၌ ရရှိထားသော သဘောတူညီချက်များအရ အကျိုးရှိသော ညှိနှိုင်းဆွေးနွေးမှုများစွာကို ဆောင်ရွက်ပြီး ကဏ္ဍစုံ လက်တွေ့ပူးပေါင်းဆောင်ရွက်မှု ပြန်လည်စတင်ရန် တွန်းအားပေး ဆောင်ရွက်ခဲ့ပါကြောင်း ပြောကြားခဲ့သည်။ အိန္ဒိယနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ သံတမန်ဆက်ဆံရေး တည်ထောင်သည့် ၇၅ နှစ်ပြည့် အထိမ်းအမှတ်ဂုဏ်ပြုပွဲများကို အတူကျင်းပသွားလိုကြောင်း၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ အလှည့်ကျဥက္ကဋ္ဌနိုင်ငံအဖြစ် တရုတ်နိုင်ငံ တာဝန်ယူဆောင်ရွက်သည့်အပေါ် အစွမ်းကုန် ထောက်ခံအားပေးသွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန် Vikram Misri နှင့် ဇန်နဝါရီ ၂၇ ရက်က ပေကျင်းမြို့တွင် တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)
………………………..
(Chinese Version)
王毅会见印度外交秘书唐勇胜
新华社北京1月27日电(记者袁睿)中共中央政治局委员、外交部长王毅27日在北京会见印度外交秘书唐勇胜。
王毅说,习近平主席同莫迪总理去年举行喀山会晤以来,双方认真落实两国领导人重要共识,开展各层级积极互动,加快中印关系改善进程。双方要抓住机遇,相向而行,探讨采取更多实质性举措,致力于相互理解,相互支持,相互成就。
唐勇胜表示,印中按照两国领导人喀山会晤达成的共识,开展了一系列有益的对话沟通,推动重启各领域务实合作。印方愿与中方共同庆祝建交75周年,将全力支持中方担任上合组织主席国各项工作。(完)
1. 1月27日,中共中央政治局委员、外交部长王毅在北京会见印度外交秘书唐勇胜。 新华社记者 高洁 摄