Asia
တောင်ကိုရီးယားနိုင်ငံ၏ ယခုနှစ် မူလတန်း ပထမတန်း ကျောင်းအပ်လူဦးရေ စံချိန်တင် ကျဆင်း
ပေကျင်း၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ)
ကလေးမွေးဖွားနှုန်း လျော့နည်းလာခြင်းကြောင့် ကျောင်းနေအရွယ်ဦးရေ ကျဆင်းလာရာ တောင်ကိုရီးယားနိုင်ငံ၏ ယခုနှစ် မူလတန်း ပထမတန်း ကျောင်းအပ်လူဦးရေသည် ၃၃၀,၀၀၀ အောက်သို့ ကျဆင်းသွားရာ စံချိန်တင် အနည်းဆုံး ဖြစ်လာကြောင်း တောင်ကိုရီးယားမီဒီယာများက ဇန်နဝါရီ ၂၇ ရက်တွင် သတင်းဖော်ပြခဲ့သည်။
၂၀၂၅ ခုနှစ် မူလတန်း ပထမတန်းသို့ တက်ရောက်မည့် ကျောင်းသား/သူ ဦးရေသည် ၃၂၇,၃၀၀ ခန့်ရှိပြီး ၂၀၂၄ ခုနှစ်ထက် ၂၆,၀၀၀ ဦးခန့် လျော့နည်းသွားကြောင်း တောင်ကိုရီးယားနိုင်ငံ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်သော ကျောင်းသား/သူအသစ် ကျောင်းအပ်လူဦးရေ ခန့်မှန်းချက်တွင် ဖော်ပြခဲ့သည်။ နောင်တွင် မူလတန်းကျောင်းသား/သူ ဦးရေသည် နှစ်စဉ် ၁၅,၀၀၀ ဦး လျော့နည်းသွားနိုင်ပြီး ၂၀၂၇ ခုနှစ်တွင် ၃၀၀,၀၀၀ ဦးအောက် ပထမအကြိမ် ကျဆင်းသွားမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။
တောင်ကိုရီးယားနိုင်ငံ မူလတန်းကျောင်းသား/သူအသစ် ဦးရေ လျော့နည်းလာသည်နှင့်အမျှ အဆိုပါနိုင်ငံ အလယ်တန်း၊ မူလတန်း ကျောင်းသား/ သူ ဦးရေစုစုပေါင်းသည် ၂၀၂၆ ခုနှစ်တွင် ၅ သန်းအောက်အထိ ပထမဆုံးအကြိမ် ကျဆင်းသွားမည်ဖြစ်ပြီး ခန့်မှန်းခြေအရ ၄.၈၄ သန်းအထိ လျော့နည်းသွားနိုင်ကြောင်း သိရသည်။ ၂၀၃၁ ခုနှစ်ရောက်လျှင် အလယ်တန်း၊ မူလတန်း ကျောင်းသား/ သူ ဦးရေစုစုပေါင်းသည် ၄ သန်းအထိ ပထမဆုံးအကြိမ် ကျဆင်းသွားနိုင်ကြောင်း ခန့်မှန်းထားသည်။
လွန်ခဲ့သည့် ၁၀ နှစ်တာအတွင်း ၁၈ နှစ်အောက် အရွယ်မရောက်သေးသော တောင်ကိုရီးယားလူငယ်များ ၂.၃ သန်းခန့် လျော့နည်းသွားကြောင်း ကိုရီးယားနိုင်ငံ စာရင်းအင်းရုံး၏ နောက်ဆုံးထုတ်ပြန်သော အချက်အလက်များတွင် ဖော်ပြထားသည်။ ကျောင်းနေအရွယ် လူဦးရေ လျော့နည်းလာသည်နှင့်အမျှ တောင်ကိုရီးယားနိုင်ငံ “ကျောင်းများပိတ်သိမ်းရသည့် ရေစီးကြောင်း” ပိုမို ဆိုးရွားလာနိုင်ကြောင်း၊ မြို့ကြီးများတွင်ပင် တချို့သောကျောင်းများသည် ဆက်လက်လည်ပတ်ရန် ခဲယဉ်းလာမည်ဟု ပညာရှင်များက ထောက်ပြခဲ့သည်။
လူဦးရေမွေးဖွားနှုန်း ကျဆင်းနေခြင်းနှင့် ရင်ဆိုင်ရာတွင် တောင်ကိုရီးယားနိုင်ငံ အစိုးရသည် မကြာသေးမီနှစ်များတွင် ကလေးမွေးဖွားမှုကို အားပေးသော ဥပမာအားဖြင့် ကိုယ်ဝန်ဆောင်မိခင်များအတွက် သယ်ယူပို့ဆောင်ရေး ထောက်ပံ့ကြေး၊ မီးဖွားပြီးနောက် စောင့်ရှောက်မှု ထောက်ပံ့ကြေးများနှင့် ကျန်းမာရေးစစ်ဆေးခြင်းစရိတ် ထောက်ပံ့ကြေးများ ပေးအပ်သည့် မူဝါဒများစွာကို ပြဋ္ဌာန်းခဲ့သည်။
တောင်ကိုရီးယားနိုင်ငံ ၂၀၂၄ ခုနှစ် မွေးကင်းစကလေးငယ် အရေအတွက်သည် ၂၄၀,၀၀၀ ကျော်ရှိပြီး ၉ နှစ်အကြာတွင် ပထမဆုံးအကြိမ် တိုးမြင့်လာခြင်းဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံ အစိုးရဝန်ကြီးဌာန၏ ယခုလ ၃ ရက်က ထုတ်ပြန်သော ကိန်းဂဏန်းအချက်အလက်တွင် ဖော်ပြထားသည်။ Yonhap News Agency ၏ အဆိုအရ “လူဦးရေ အရေးပေါ်အခြေအနေ” သို့ ရောက်ရှိနေသော တောင်ကိုရီးယားနိုင်ငံအနေဖြင့် ယခုအကြိမ်၏ မွေးကင်းစကလေးငယ် အရေအတွက်ပြန်လည်တိုးမြင့်လာခြင်းသည် တွေ့ရခဲကြောင်း သိရသည်။ (Xinhua)
………………………
(Chinese Version)
韩国今年小学一年级入学人数将创新低
新华社北京1月28日电 韩国媒体27日报道,由于出生率低迷导致学龄人口减少,韩国今年小学一年级入学人数将降至不足33万,创有记录以来最低值。
韩国教育部发布的新生入学人数预测显示,2025年进入小学就读的一年级学生人数约为32.73万,较2024年减少约2.6万。预计此后小学新生人数可能每年减少约1.5万,2027年将首次跌破30万。
随着韩国小学新生数量减少,该国中小学生总数将于2026年首次跌至500万以下,减少至约484万。预计到2031年,中小学生总数将首次跌破400万。
韩国统计厅发布的最新数据显示,过去10年,韩国18岁以下未成年人减少了约230万。专家指出,随着学龄人口减少,韩国学校“关闭潮”恐加剧。即使在大城市,一些学校也将难以为继。
面对人口出生率低迷,韩国政府近年出台多项政策鼓励生育,例如为孕妇提供交通补贴、产后护理补贴、体检费补贴等。
韩国政府部门本月3日发布的数据显示,韩国2024年新生儿人数超过24万,9年来首次正增长。按韩联社说法,对于已进入“人口紧急状态”的韩国来说,这次新生儿人数出现反弹实属罕见。(张旌)
图说1:2024年4月19日,人们在韩国首尔市光化门广场的露天图书馆读书。新华社记者姚琪琳摄
图说2:2020年5月27日,韩国首尔普成中学的学生们返校复课。新华社发(李相浩摄)