Africa & Middle East
ယီမင်မှပစ်လွှတ်သော ဒုံးကျည်ကို ကြားဖြတ်ဟန့်တားနိုင်ခဲ့ကြောင်း အစ္စရေးစစ်တပ် ဆို
ဂျေရုဆလမ်၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ)
ယီမင်နိုင်ငံမှပစ်လွှတ်သော ဒုံးကျည်တစ်စင်းသည် ဇန်နဝါရီ ၃ ရက်တွင် အစ္စရေးနိုင်ငံအတွင်းသို့ ဝင်ရောက်လာခဲ့ကြောင်း၊ လက်ရှိတွင် အဆိုပါဒုံးကျည်ကို ကြားဖြတ်ဟန့်တားနိုင်ခဲ့ပြီဖြစ်ကြောင်း အစ္စရေးစစ်တပ်က ယင်းနေ့ နံနက်အစောပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။ဇန်နဝါရီ ၃ ရက် နံနက်အစောပိုင်းတွင် အစ္စရေးနိုင်ငံ ဂျေရုဆလမ်မြို့၌ လေကြောင်းကာကွယ်ရေး သတိပေးချက်အသံများ ပေါ်ထွက်လာခဲ့ပြီးနောက် ဆင်ဟွာသတင်းဌာန သတင်းထောက်က အလွန်ကျယ်လောင်သော ပေါက်ကွဲသံနှစ်ချက်ကြားခဲ့ရသည်။ ကြားဖြတ်ဟန့်တားလိုက်သော ဒုံးကျည်အစိတ်အပိုင်းများ ကျရောက်နိုင်သည်ကို အစ္စရေးစစ်တပ်က အစ္စရေးနိုင်ငံ အလယ်ပိုင်းနှင့် တောင်ပိုင်းဒေသများ၌လည်း သတိပေးချက်ထုတ်ပြန်ခဲ့ကြောင်း အစ္စရေးစစ်တပ်၏ ထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)
———————————–
(Chinese Version)
以色列军方说拦截一枚从也门发射的导弹
新华社耶路撒冷1月3日电(记者王卓伦冯国芮)以色列军方3日凌晨发表声明说,一枚从也门发射的导弹当天进入以色列境内,目前导弹已被拦截。
当天凌晨,耶路撒冷响起防空警报,新华社记者听到两声巨大爆炸声。根据以军发表的声明,以军还在以中部和南部地区发布警报预警导弹被拦截后的弹片落入。(完)
图说:2024年12月19日,在也门首都萨那,遭到以军空袭的发电站冒起浓烟(手机照片)。