China
၂၀၂၄ ခုနှစ် တရုတ်နိုင်ငံ ထုတ်လုပ်မှုလုပ်ငန်း ထုတ်ကုန်အရည်အသွေး တည်ငြိမ်စွာ တိုးတက်လာ
ပေကျင်း၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ)
၂၀၂၄ ခုနှစ် တရုတ်နိုင်ငံ ထုတ်လုပ်မှုလုပ်ငန်း ထုတ်ကုန် အရည်အသွေး ပြည့်မီမှုနှုန်းသည် ၉၃.၉၃ ရာခိုင်နှုန်းအထိ ရှိခဲ့ပြီး လွန်ခဲ့သည့်နှစ်ထက် ရာခိုင်နှုန်းပွိုင့် ၀.၂၈ မြင့်တက်လာကြောင်း စျေးကွက် ကြီးကြပ်စီမံခန့်ခွဲရေး ရုံးချုပ်၏ စာရင်းအင်းများတွင် ဖော်ပြခဲ့သည်။ တရုတ်နိုင်ငံ ထုတ်ကုန် အရည်အသွေးကို ခြုံငုံကြည့်လျှင် တည်ငြိမ်ပြီး ကောင်းမွန်သော အရှိန်အဟုန်တွင်ရှိနေကြောင်း၊ အဓိကလုပ်ငန်း၊ အဓိကနေရာဒေသရှိ ထုတ်ကုန် အရည်အသွေးအဆင့်သည် ဆက်လက်မြင့်တက်နေကြောင်း သိရသည်။
အဓိကလုပ်ငန်းများမှ ကြည့်လျှင် လျှပ်စစ်၊ စက်ယန္တရားနှင့် ပစ္စည်းကိရိယာ ထုတ်လုပ်မှုလုပ်ငန်း၊ ကွန်ပြူတာ၊ ဆက်သွယ်ရေးနှင့် အခြားသော အီလက်ထရောနစ်ပစ္စည်း ထုတ်လုပ်မှုလုပ်ငန်း၊ တိုင်းတာမှု ကိရိယာ ထုတ်လုပ်မှုလုပ်ငန်းနှင့် မော်တော်ကားထုတ်လုပ်မှုလုပ်ငန်းစသည့် စက်ပစ္စည်း ထုတ်လုပ်မှု လုပ်ငန်းများ၏ အရည်အသွေး အဆင့်သည် တိုးတက်သည့်အရှိန်အဟုန် တစ်ဆင့်တိုး အားကောင်းလာသည်။ ယင်းအနက် လျှပ်စစ်၊ စက်ယန္တရားနှင့် ပစ္စည်းကိရိယာ ထုတ်လုပ်မှုလုပ်ငန်း၊ ကွန်ပြူတာ၊ ဆက်သွယ်ရေးနှင့် အခြားသော အီလက်ထရောနစ်ပစ္စည်း ထုတ်လုပ်မှုလုပ်ငန်း ထုတ်ကုန်အရည်အသွေး ပြည့်မီမှုနှုန်းသည် ရာခိုင်နှုန်းပွိုင့် ၃ ခုကျော် မြင့်တက်လာကြောင်း၊ တိုင်းတာမှု ကိရိယာ ထုတ်လုပ်မှုလုပ်ငန်း ထုတ်ကုန်အရည်အသွေး ပြည့်မီမှုနှုန်းသည် ရာခိုင်နှုန်းပွိုင့် ၁ ခု မြင့်တက်လာပြီး မော်တော်ကားထုတ်လုပ်မှုလုပ်ငန်း ထုတ်ကုန်အရည်အသွေး ပြည့်မီမှုနှုန်းသည် ရာခိုင်နှုန်းပွိုင့် ၀.၁ ခု မြင့်တက်လာကြောင်း သိရသည်။
နေရာဒေသများမှ ကြည့်လျှင် တရုတ်နိုင်ငံ ပြည်နယ် ၃၁ ခု (ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဗဟိုမှ တိုက်ရိုက်အုပ်ချုပ်သော မြို့) ထုတ်လုပ်မှုလုပ်ငန်း ထုတ်ကုန် အရည်အသွေး ပြည့်မီမှုနှုန်းသည် ပထမအကြိမ် အားလုံး ၉၀ ရာခိုင်နှုန်းအထက် ရရှိခြင်းဖြစ်သည်။ တရုတ်နိုင်ငံ အနောက်ပိုင်း၊ အရှေ့မြောက် ဒေသနှင့် အရှေ့ပိုင်း၊ အလယ်ပိုင်းဒေသ ထုတ်ကုန် အရည်အသွေးအဆင့် ကွာဟချက်မှာ ပိုမိုကျဉ်းမြောင်းသွားသည်။ ကျူးကျန်းမြစ်ဝကျွန်းပေါ်ဒေသ ၊ ယန်ဇီမြစ်ဝကျွန်းပေါ်ဒေသ ၊ ပေကျင်း- ထျန်းကျင်း- ဟဲပေ၊ စီချွမ်း- ချုံချင့် မြို့အုပ်စု စသည့် အဓိကနေရာဒေသများ၏ အရည်အသွေးအားသာချက်မှာ သိသာထင်ရှားလာပြီး ထုတ်ကုန် အရည်အသွေးမြှင့်တင်မှု တွန်းအားပေးရာတွင် ဦးဆောင်သည့်အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်လျက်ရှိသည်။ (Xinhua)
……………………
(Chinese Version)
2024年我国制造业产品质量稳中向好
市场监管总局统计显示,2024年我国制造业产品质量合格率达到93.93%,较上年提高0.28个百分点。我国产品质量总体水平延续稳中向好态势,重点行业重点区域产品质量水平持续提升。
从重点行业看,电气机械和器材制造业,计算机、通信和其他电子设备制造业,仪器仪表制造业,汽车制造业等装备制造业质量水平向好的势头进一步增强。其中,电气机械和器材制造业,计算机、通信和其他电子设备制造业产品质量合格率提升超过3个百分点,仪器仪表制造业产品质量合格率提升超过1个百分点,汽车制造业产品质量合格率提升0.1个百分点。
从区域看,我国31个省(自治区、直辖市)制造业产品质量合格率首次全部达到90%以上。西部、东北地区与东部、中部地区产品质量水平差距进一步缩小。珠三角、长三角、京津冀、川渝等重点区域质量优势突出,在推动产品质量提升方面发挥引领带动作用。(记者赵文君)
图说1:9月20日,在2024世界制造业大会展馆内,观众参观了解服务型人形机器人“万小特”。(傅天 摄)
图说2:2024年11月18日,在位于安徽省芜湖市的中车浦镇阿尔斯通运输系统有限公司内,工人在无人驾驶轨道列车生产线上作业。新华社发,肖本祥摄