Connect with us

North America

ထရမ့် အဆိုပြုထားသောတရားစွဲဆိုမှု ပြီးပြတ်စေရန် Metaverse က ကန်ဒေါ်လာ ၂၅ သန်း ပေးဆောင်ရန် သဘောတူကြောင်း အမေရိကန်မီဒီယာများ ဆို

အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုပင်လယ်အော်ဒေသတွင် “Meta” ဆိုင်းဘုတ်ရှေ့တွင် ရပ်နေသော အမျိုးသမီးတစ်ဦးအား ၂၀၂၁ ခုနှစ် အောက်တိုဘာ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ)

အမေရိကန် အင်တာနက်ကုမ္ပဏီကြီး Metaverse ပလက်ဖောင်းကုမ္ပဏီက ကန်ဒေါ်လာ ၂၅ သန်းခန့် ပေးဆောင်ရန် သဘောတူညီကြောင်း၊ အမေရိကန်သမ္မတ ထရမ့် ၂၀၂၁ ခုနှစ်က အဆိုပါကုမ္ပဏီနှင့် ၎င်းတို့၏ စီအီးအို အပေါ် တရားစွဲဆိုချက်ကို ပြီးပြတ်စေရန်ဖြစ်ကြောင်း အမေရိကန် “The Wall Street Journal” ၏ ဇန်နဝါရီ ၂၉ ရက်က ထုတ်ပြန်သော သတင်းအရ သိရသည်။

Metaverse က ပေးဆောင်ရန် သဘောတူထားသော ငွေကြေးများအနက် ကန်ဒေါ်လာ ၂၂ သန်းကို သမ္မတ ထရမ့် စာကြည့်တိုက် ရန်ပုံငွေတွင် သုံးမည်ဖြစ်ပြီး ကျန်ငွေများကို တရားဥပဒေစရိတ် စသည်တို့တွင် သုံးမည်ဖြစ်ကြောင်း “The Wall Street Journal” က အခြေအနေအားသိရှိထားသူတစ်ဦး၏ ပြောစကားကို ကိုးကား၍ သတင်းထုတ်ပြန်ခဲ့သည်။ Metaverse က မသင့်လျော်သောလုပ်ဆောင်မှုများရှိသည်ကို ဝန်ခံမည်မဟုတ်ကြောင်း၊ ထရမ့်က ဇန်နဝါရီ ၂၉ ရက်တွင် ကျေအေးလက်မှတ် ရေးထိုးပြီးကြောင်း ၎င်းက ပြောကြားခဲ့သည်။
ထရမ့်က ကာလရှည်ကြာစွာ ကြိမ်ဖန်များစွာ တရားစွဲဆိုခဲ့ရာ ရလဒ်မှာ ကောင်းဆိုး ရောနှောလျက်ရှိကြောင်း၊ မကြာသေးမီ ရက်သတ္တပတ်များတွင် ဤအခြေအနေများ ပြောင်းလဲလာခဲ့ကြောင်း၊ အမေရိကန်ကုမ္ပဏီလုပ်ငန်းများသည် အစိုးရအသစ်နှင့် ဆက်ဆံရေးတည်ဆောက်ရန် အားလုံးက အလျင်စလို လုပ်ဆောင်နေကြကြောင်း သတင်းတွင် ဖော်ပြခဲ့သည်။ လွန်ခဲ့သည့်နှစ် ဒီဇင်ဘာလတွင် အေဘီစီ သတင်းဌာနက ထရမ့်၏ အဆိုပါ ရုပ်မြင်သံကြားလိုင်းနှင့် တင်ဆက်သူတစ်ဦးအပေါ် စွဲဆိုခဲ့သည့် အသရေဖျက်မှုနှင့် ပတ်သက်၍ ပြေလည်မှုရရှိခဲ့ပြီး သမ္မတ ထရမ့် စာကြည့်တိုက်ထံသို့ ကန်ဒေါ်လာ ၁၅ သန်း ပေးဆောင်ရန် သဘောတူညီခဲ့ကြောင်း သိရသည်။
Metaverse ကို တရားစွဲဆိုမှုသည် ၂၀၂၁ ခုနှစ်တွင် ထရမ့်က သမ္မတရာထူးမှ ထွက်ခွာပြီးနောက် ၎င်း၏ အကောင့်များကို ပိတ်ပင်ခဲ့သော လူမှုမီဒီယာကုမ္ပဏီများကို ပစ်မှတ်ထား တရားစွဲဆိုမှုများအနက် တစ်ခုဖြစ်ကြောင်း၊ ထရမ့်က တွစ်တာ (လက်ရှိအမည်မှာ X ပလက်ဖောင်း) ၊ Youtube နှင့် အဆိုပါကုမ္ပဏီများ၏ တာဝန်ခံများကိုလည်း တရားစွဲဆိုခဲ့ကြောင်း သိရသည်။ (Xinhua)

…………………………
(Chinese Version)
美媒:元宇宙同意支付2500万美元了结特朗普提出的诉讼
新华社华盛顿1月29日电 据美国《华尔街日报》29日报道,美国互联网巨头元宇宙平台公司同意支付约2500万美元,以了结美国总统特朗普2021年对该公司及其首席执行官提起的诉讼。
《华尔街日报》援引知情人士的话报道,元宇宙同意支付的款项中,2200万美元将用于特朗普总统图书馆的基金,其余款项用于支付法律费用等。知情人士说,元宇宙不会承认有不当行为。特朗普29日已签署和解协议。
报道说,长期以来,特朗普频繁提起诉讼,结果好坏参半。近几周来,这种情况发生了变化,“美国企业纷纷赶着与新政府建立关系”。去年12月,美国广播公司新闻部就特朗普针对该电视台和一名主持人提起的诽谤诉讼达成和解,同意向特朗普总统图书馆支付1500万美元。
据报道,针对元宇宙的诉讼,是特朗普在2021年卸任总统后对封禁其账户的社交媒体公司提起的一系列法律诉讼之一。特朗普还起诉了推特(现更名为X平台)和优兔以及这些公司的负责人。(完)
图说1:2021年10月29日,在美国旧金山湾区,一名女子站在“元”标志牌前。新华社记者吴晓凌摄