Connect with us

Eastern Europe

မိုက်ဂျွန်ဆင်အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌ အဖြစ် ပြန်လည် ရွေးချယ်ခံရ

အမေရိကန်နိုင်ငံ မီလ်ဝေါ်ကီမြို့၌ ကျင်းပသော ရီပက်ဘလစ်ကန် အမျိုးသားညီလာခံ၌ မိုက်ဂျွန်ဆင် မိန့်ခွန်းပြောကြားနေသည်ကို ၂၀၂၄ ခုနှစ် ဇူလိုင် ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဇန်နဝါရီ ၄ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ အမျိုးသားညီလာခံသစ်တစ်ရပ်ကို ဇန်နဝါရီ ၃ ရက်က စတင်ကျင်းပခဲ့ရာ ရီပက်ဘလစ်ကန်ပါတီဝင် မိုက်ဂျွန်ဆင်သည် ပွတ်ကာသီကာ အနိုင်ရရှိခဲ့ပြီး အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌအဖြစ် ပြန်လည် ရွေးချယ်ခြင်းခံခဲ့ရသည်။အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌ ရွေးကောက်ပွဲတွင် အစောပိုင်း၌ မိုက်ဂျွန်ဆင်သည် ထောက်ခံမဲ ၂၁၆ မဲရရှိထားပြီး ရီပက်ဘလစ်ပါတီအောက်လွှတ်တော်အမတ် ၃ ဦးက ၎င်းတို့၏ ဆန္ဒမဲကို အခြားသော ကိုယ်စားလှယ်များကို ပေးခဲ့ကြကြောင်း၊ ဒီမိုကရက်တစ်ပါတီအောက်လွှတ်တော်အမတ် ၂၁၅ ဦးလုံးကမူ အောက်လွှတ်တော် လူနည်းစုပါတီခေါင်းဆောင် Hakeem Jeffries ကို မဲပေးခဲ့ကြကြောင်း သိရသည်။ ဆန္ဒမဲ ရေတွက်မှု တရားဝင်ပြီးဆုံးခြင်း မတိုင်ခင် ဂျွန်ဆင် သည် မဲဆန္ဒပြောင်းပေးရန် ရီပက်ဘလစ်ပါတီအောက်လွှတ်တော်အမတ် ၂ ဦးကို အောင်မြင်စွာ စည်းရုံးနားချနိုင်ခဲ့ရာ နောက်ဆုံးတွင် ထောက်ခံမဲ ၂၁၈ မဲဖြင့် လုံလောက်သော ထောက်ခံမဲရရှိခဲ့သည်။

“ကျွန်တော်တို့နိုင်ငံက အကျိုးခံစားသူတွေ ဖြစ်လာတော့မယ်” ဟု အမေရိကန် ရွေးကောက်ခံ သမ္မတ ထရမ့်က ဂျွန်ဆင် ပြန်လည် ရွေးချယ်ခံရခြင်းအပေါ် ဂုဏ်ပြုကြောင်း လူမှုကွန်ရက်၌ ရေးသားဖော်ပြခဲ့သည်။ (Xinhua)
………………………………………
(Chinese Version)
约翰逊连任美国国会众议院议长
新华社华盛顿1月3日电(记者熊茂伶)美国新一届国会3日开幕,共和党人迈克·约翰逊以微弱优势成功连任众议院议长。
在众议长选举投票中,约翰逊最初获得216张赞成票,有3名共和党众议员将票投给了其他候选人,而215名民主党众议员都将票投给了众议院少数党领袖哈基姆·杰弗里斯。在计票正式结束前,约翰逊成功说服两名共和党众议员改票,最终获得218张赞成票,达到简单多数支持的门槛。
美国候任总统特朗普随后在社交媒体上发文祝贺约翰逊获得连任,表示“我们的国家将成为受益者”。
图说:这是迈克·约翰逊在美国密尔沃基举行的共和党全国代表大会上讲话的资料照片(2024年7月15日摄)。 新华社记者 李睿 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.