Connect with us

Africa & Middle East

အမေရိကန်နှင့် စေ့စပ်ညှိနှိုင်းရန် ဘယ်သောအခါမျှ တိမ်းရှောင်ခဲ့ခြင်းမရှိကြောင်း အီရန်ပြောကြား

အီရန်နိုင်ငံ တီဟီရန်မြို့တွင် သတင်းစာရှင်းလင်းပွဲ တက်ရောက်လာသော အီရန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ပြောရေးဆိုခွင့်ရှိသူ Esmaeil Baghaei ကို ဇန်နဝါရီ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တီဟီရန်၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ)
အီရန်အနေဖြင့် အမေရိကန်နှင့် စေ့စပ်ညှိနှိုင်းမှု ပြုလုပ်ရန် ဘယ်သောအခါမျှ တိမ်ရှောင်ခဲ့ခြင်းမရှိကြောင်း အီရန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Esmaeil Baghaei က မြို့တော် ဟီတီရန်တွင် ပြောကြားခဲ့သည်။
ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် အီရန်နှင့် အမေရိကန် စေ့စပ်ညှိနှိုင်းမှု ပြုလုပ်ရန် ဖြစ်နိုင်၊ မဖြစ်နိုင်နှင့် ပတ်သက်၍ မေးမြန်းရာတွင် Baghaei က တွေ့ဆုံဆွေးနွေးမှုသည် လွန်စွာအရေးကြီးသည်ဟု အီရန်အနေဖြင့် အမြဲယူဆကြောင်း ဖြေကြားခဲ့သည်။ အီရန်၏ နောက်ဆုံးရပ်တည်ချက်မှာ ပိတ်ဆို့အရေးယူမှုများ ရုတ်သိမ်းရန်နှင့် အခြားအဖွဲ့အသီးသီး၏ အီရန် နျူကလီးယားအစီအစဉ်အပေါ် စိုးရိမ်ပူပန်မှုများကို ဖယ်ရှားရန် “ဂုဏ်သိက္ခာနှင့် ဂုဏ်ရောင်ကိုအခြေခံသော စေ့စပ်ညှိနှိုင်းမှုများ” ပြုလုပ်သွားရန် ဆန္ဒရှိကြောင်း၊ ထိုအခြေခံပေါ်တွင် စေ့စပ်ညှိနှိုင်းမှုသည် အဖွဲ့အသီးသီး၏ လုပ်ဆောင်မှုနှင့် စွမ်းဆောင်မှုအပေါ် မူတည်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အီရန်သည် စေ့စပ်ညှိနှိုင်းမှုအပေါ် ဘယ်သောအခါမျှ ကန့်သတ်ထားခြင်းမရှိသလို တွေ့ဆုံဆွေးနွေးရန်လည်း ဘယ်သောအခါမျှ လက်လျှော့လိုက်ခြင်းမရှိကြောင်း၊ လက်ရှိတွင် အီရန်သည် ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီတို့နှင့် စဉ်ဆက်မပြတ် တွေ့ဆုံဆွေးနွေးလျက်ရှိပြီး အသစ်တစ်ကြိမ် တွေ့ဆုံဆွေးနွေးပွဲကို ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ဇန်နဝါရီ ၁၃ ရက်မှ ၁၄ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ဒေသတွင်းကိစ္စရပ်များ၊ ဥရောပသမဂ္ဂနှင့် ဆက်ဆံရေး၊ အီရန် နျူကလီးယားအစီအစဉ်နှင့် အီရန်အပေါ် ပိတ်ဆို့အရေးယူမှုများကို ရုတ်သိမ်းရေး စသည့် ကျယ်ပြန့်သော အကြောင်းအရာများကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း Baghaei က ပြောကြားခဲ့သည်။
အီရန်သည် ယင်းမတိုင်မီ ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၉ ရက်တွင် ဂျီနီဗာမြို့ ၌ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီတို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး အီရန် နျူကလီးယားကိစ္စရပ်ကို အဓိကထား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
၂၀၁၅ ခုနှစ် ဇူလိုင်လတွင် အီရန်သည် အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ရုရှား၊ တရုတ်၊ ဂျာမနီတို့နှင့် အီရန်နျူကလီးယားအရေး ဘက်စုံသဘောတူညီချက်ရရှိခဲ့ပြီး နိုင်ငံတကာ အသိုင်းအဝိုင်း၏ အီရန်အပေါ် ပိတ်ဆို့အရေးယူမှုကို ရုတ်သိမ်းရန် အပြန်အလှန်အားဖြင့် အီရန်က နျူကလီးယားအစီအစဉ်ကို ကန့်သတ်မည်ဟု ကတိပြုခဲ့သည်။ ၂၀၁၈ ခုနှစ် မေလတွင် အမေရိကန် အစိုးရက အီရန်နျူကလီးယား သဘောတူညီချက်မှ တစ်ဖက်သတ် နုတ်ထွက်ခဲ့ပြီး အီရန်အပေါ် ပိတ်ဆို့အရေးမှုအသစ်များ တသီတတန်း ထပ်မံတိုးမြှင့်ကာ ပြန်လည်စတင်ခဲ့သည်။ ၂၀၁၉ ခုနှစ် မေလမှစတင်၍ အီရန်သည် အီရန်နျူကလီးယား သဘောတူညီချက်မှ အချို့သော လိုက်နာရမည့်အချက်များကို ဖြည်းဖြည်းချင်းရပ်တန့်ခဲ့သော်လည်း အစီအမံအားလုံးသည် “ပြန်လည်အပြောင်းအလဲဖြစ်နိုင်ကြောင်း” ကတိပြုခဲ့သည်။ (Xinhua)


…………………..
(Chinese Version)
伊朗表示从未回避与美国进行谈判
新华社德黑兰1月6日电(记者陈霄 沙达提)伊朗外交部发言人巴加埃6日在首都德黑兰表示,伊朗从未回避与美国进行谈判。
巴加埃当天在例行新闻发布会上回答有关伊朗与美国是否可能进行谈判问题时表示,伊朗一直认为对话至关重要。伊方的最新立场是愿意就解除制裁并消除其他各方对伊朗核计划的担忧进行“基于尊严和荣誉的谈判”。在此基础上,谈判形式取决于各方的做法与表现。
巴加埃说,伊朗从未对谈判设限,也从未放弃对话。伊朗目前正与英国、法国和德国持续对话,新一轮对话将于1月13日至14日在瑞士日内瓦举行,将就地区问题、与欧盟关系、伊朗核计划以及解除对伊制裁等广泛议题进行讨论。
此前,伊朗与英国、法国、德国2024年11月29日在日内瓦举行会谈,重点讨论了伊朗核问题。
2015年7月,伊朗与美国、英国、法国、俄罗斯、中国和德国达成伊朗核问题全面协议,伊朗承诺限制核计划,以换取国际社会解除对伊制裁。2018年5月,美国政府单方面退出伊核协议,并重启和新增一系列对伊制裁。2019年5月以来,伊朗逐步中止履行伊核协议部分条款,但承诺所采取措施“可逆”。(完)
图说:1月6日,伊朗外交部发言人巴加埃在德黑兰出席新闻发布会。新华社记者 沙达提 摄