Connect with us

Asia

အင်ဒိုနီးရှားက BRICS တရားဝင် အဖွဲ့ဝင်နိုင်ငံဖြစ်လာခြင်းနှင့် ပတ်သက်၍ သတင်းထောက်များ၏ မေးမြန်းချက်အား တရုတ် နိုင်ငံခြားရေးဝန်ကြီး ပြောရေးဆိုခွင့်ရှိသူ ဖြေကြား

ပေကျင်း၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ)
အင်ဒိုနီးရှား BRICS တရားဝင် အဖွဲ့ဝင်နိုင်ငံဖြစ်လာခြင်းနှင့် ပတ်သက်၍ သတင်းထောက်များ၏ မေးခွန်းကို တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဇန်နဝါရီ ၆ ရက်တွင် ဖြေကြားခဲ့သည်။
၂၀၂၅ ခုနှစ် BRICS အလှည့်ကျဥက္ကဋ္ဌနိုင်ငံဖြစ်သော ဘရားဇီးက အင်ဒိုနီးရှားသည် BRICS တရားဝင် အဖွဲ့ဝင်နိုင်ငံဖြစ်လာကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ရာ နိုင်ငံတကာအသိုင်းအဝိုင်း၏ ကျယ်ကျယ်ပြန့်ပြန့် အာရုံစိုက်ခြင်းကို ခံခဲ့ရကြောင်၊ တရုတ်နိုင်ငံအနေဖြင့် ယင်းနှင့် ပတ်သက်၍ မည်သို့မှတ်ချက်ပေးလိုပါသနည်း ဟု သတင်းထောက်တစ်ဦးက မေးမြန်းခဲ့ခြင်း ဖြစ်သည်။
ပြောရေးဆိုခွင့်ရှိသူက တရုတ်နိုင်ငံအနေဖြင့် အင်ဒိုနီးရှားသည် BRICS တရားဝင် အဖွဲ့ဝင်နိုင်ငံဖြစ်လာခြင်းကို လှိုက်လှဲစွာ ဂုဏ်ပြု ကြိုဆိုကြောင်း ပြောကြားခဲ့သည်။ ဖွံ့ဖြိုးဆဲနိုင်ငံကြီးနှင့် “ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ” အတွက် အရေးပါသော ခွန်အားဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံသည် BRICS စိတ်ဓာတ်ကို အထူးပင် အသိအမှတ်ပြုပြီး “BRICS+” ပူးပေါင်းဆောင်ရွက်ရေးတွင် တက်ကြွစွာပါဝင်ခဲ့ကြောင်း၊ BRICS တွင် အင်ဒိုနီးရှားနိုင်ငံ တရားဝင်ပါဝင်ခြင်းသည် BRICS နိုင်ငံများနှင့် “ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ” ၏ ဘုံအကျိုးစီးပွားနှင့် ကိုက်ညီပြီး BRICS ယန္တရားဖွံ့ဖြိုးတိုးတက်မှုအတွက် အပြုသဘောဆောင်သော ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးမည်ကို ယုံကြည်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
BRICS နိုင်ငံများသည် “ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ” စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းကို မြှင့်တင်ပေးသော ပလက်ဖောင်းဖြစ်သလို ကမ္ဘာလုံးဆိုင်ရာ စီမံအုပ်ချုပ်ရေးစနစ် ပြုပြင်ပြောင်းလဲမှုကို တွန်းအားပေးသော အရေးပါသည့် ခွန်အားလည်းဖြစ်ကာ နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒကို ထိန်းသိမ်းရန်၊ တရားမျှတမှုကို ခုခံကာကွယ်ရန်၊ ဘုံဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန် အစဉ်အမြဲ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ BRICS မိသားစုကြီးသည် “ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ” အုပ်စုအသွင် ဦးမော့လာသော သမိုင်းကြောင်းအခြေအနေနှင့်အညီ အဖွဲ့ဝင်သစ်ကို ကြိုဆိုလက်ခံခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
လူသားမျိုးနွယ် အေးအတူ ပူအမျှ အသိုက်အဝန်းတည်ဆောက်ရေးတွင် ပိုမိုကြီးမားသော “BRICS အကျိုးဆောင်မှုများ” တွန်းအားပေးရန်အတွက် တရုတ်နိုင်ငံသည် အင်ဒိုနီးရှားနှင့် တခြားသော BRICS အဖွဲ့ဝင်များနှင့် အတူ ပိုမိုဘက်စုံဖြစ်သော၊ နီးကပ်သော၊ လက်တွေ့ကျသော၊ အားလုံးပါဝင်နိုင်သော မိတ်ဖက်ဆက်ဆံရေးကို အတူလက်တွဲတည်ဆောက်ရန်၊ “BRICS ပူးပေါင်းဆောင်ရွက်မှု” အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
……………………………………….
(Chinese Version)
外交部发言人就印度尼西亚成为金砖正式成员答记者问
新华社北京1月6日电 外交部发言人6日就印度尼西亚成为金砖正式成员答记者问。
有记者问:2025年金砖主席国巴西发表新闻公告,表示印度尼西亚已成为金砖正式成员,受到国际社会广泛关注。中方对此有何评论?
发言人说,中方欢迎并热烈祝贺印尼成为金砖正式成员。印尼作为发展中大国和“全球南方”重要力量,高度认同金砖精神,积极参与“金砖+”合作。印尼正式加入金砖,符合金砖国家和“全球南方”共同利益,相信将为金砖机制发展作出积极贡献。
发言人表示,金砖国家是促进“全球南方”团结合作的重要平台,推动全球治理体系变革的重要力量,始终致力于维护多边主义、捍卫公平正义、促进共同发展。金砖大家庭迎来新成员,顺应“全球南方”群体性崛起的历史大势。
发言人说,中方愿同印尼及其他金砖成员一道,携手构建更加全面、紧密、务实、包容的伙伴关系,促进“大金砖合作”高质量发展,为推动构建人类命运共同体作出更大的“金砖贡献”。(完)