Connect with us

China

ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ တိန့်ရစ်ခရိုင် ငလျင် ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဘေးဒဏ်သင့်လူထု နေရာချထားရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများသို့ ပြောင်းလဲ ဆောင်ရွက်လျက်ရှိ

တရုတ်နိုင်ငံ ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရစ်ခါးကျယ်မြို့ တိန့်ရစ်ခရိုင် ချော့ကော် ကျေးရွာစု ရွှယ်ကျူးရွာ နေရာချထားရေးစခန်းတွင် လျင်ကျစ်မြို့ သစ်တောမီးသတ်တပ်ဖွဲ့ မီလျင်အဖွဲ့ခွဲမှ ကူညီကယ်ဆယ်ရေးသမားများက ဘေးဒဏ်သင့်လူထုအတွက် ကုတင် ကူညီတပ်ဆင်ပေးနေသည်ကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရစ်ခါးကျယ်၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ)

တိန့်ရစ်ခရိုင် “ဇန်နဝါရီ ၇ ရက်” ငလျင်လှုပ်ခတ်မှုအပြီး ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများကိုဘေးဒဏ်သင့် လူထု နေရာချထားရေးနှင့် ကပ်ဘေးအလွန် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများသို့ ပြောင်းလဲ ဆောင်ရွက်လျက်ရှိကြောင်း တရုတ်နိုင်ငံ ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အရေးပေါ် စီမံခန့်ခွဲရေး ဦးစီးဌာန အကြီးအကဲ ဟုန်လိက ဇန်နဝါရီ ၈ ရက်တွင် ပြောကြားခဲ့သည်။

နောက်တစ်ဆင့်အနေဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် ငလျင်အခြေအနေ စောင့်ကြည့်မှု၊ ကြိုတင်သတိပေးရေးကို စဉ်ဆက်မပြတ် အားဖြည့် ဆောင်ရွက်သွားမည် ဖြစ်ပြီး ရှာဖွေကယ်ဆယ်မှုများကို အစွမ်းကုန် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ တစ်ဦးတစ်ယောက်မျှ မကျန်ရစ်ရဘဲ ဒဏ်ရာရသူများအား အစွမ်းကုန် ကယ်ဆယ်ကုသသွားမည် ဖြစ်ကြောင်း၊ ကပ်ဘေးဒဏ်သင့်လူထု နေရာချထားရေးနှင့် ညပိုင်း ဆောင်းရာသီအနွေးဓာတ် ရရှိရေးလုပ်ငန်းများကို ကောင်းမွန်စွာ ဆောင်ရွက်ကာ နောက်ဆက်တွဲ ဘေးအန္တရာယ်များကို ကာကွယ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ဘေးအန္တရာယ်စိစစ်မှုများနှင့် ကပ်ဘေးအလွန် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို အစွမ်းကုန် အရှိန်မြှင့်တင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရစ်ခါးကျယ်မြို့ တိန့်ရစ်ခရိုင် ချော့ကော် ကျေးရွာစု ရွှယ်ကျူးရွာ နေရာချထားရေးစခန်းတွင် ကူညီကယ်ဆယ်ရေးသမားများက ဘေးဒဏ်သင့်လူထုအတွက် ရွက်ဖျင်တဲ ကူညီတပ်ဆင်ပေးနေသည်ကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရစ်ခါးကျယ်မြို့ တိန့်ရစ်ခရိုင် ချော့ကော် ကျေးရွာစု ရယ်ကျန်းရွာတွင် ဆေးဝန်ထမ်းများက ပိုးသတ်ပေးသည်ကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………………
(Chinese Version)
定日县6.8级地震丨救援搜救工作已转为受灾群众安置和灾后重建
新华社照片,日喀则(西藏),2025年1月8日
西藏自治区应急管理厅厅长洪力8日表示,定日县“1·07”地震震后救援搜救工作已转为受灾群众安置和灾后重建。下一步自治区将持续加强震情监测预警,继续全力搜救,不落一人,全力救治受伤人员,做好受灾群众安置和入夜冬季保暖取暖工作,防止次生灾害,全力加快灾情核查和灾后重建。
1. 1月8日,在日喀则市定日县措果乡雪珠村安置点,林芝市森林消防支队米林中队的救援人员帮助受灾群众安装领取到的床。新华社记者 沈伯韩 摄
2. 1月8日,在日喀则市定日县措果乡雪珠村安置点,救援人员帮助受灾群众搭建帐篷。新华社记者 沈伯韩 摄
3. 1月8日,医护人员在日喀则市定日县措果乡野江村进行消杀。新华社记者 晋美多吉 摄