Connect with us

China

အာဆီယံ ခရီးသွား အဖွဲ့များ ဖေဖော်ဝါရီ ၁၀ ရက်မှစ၍ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရှစ်ဆောင်ပဏ္ဏားသို့ ဗီဇာကင်းလွတ်ခွင့်ဖြင့် ဝင်ရောက်နိုင်

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရှစ်ဆောင်ပဏ္ဏား ကောက်ကျွမ်းရှီးစွမ်းကျင်၊ ရှင်းကွမ်းညဈေးတွင် သီဆိုကပြဖျော်ဖြေမှုများကို ကြည့်ရှုနေသည့် ခရီးသွားများအား ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ)

ယနေ့ ဖေဖော်ဝါရီ ၁၀ ရက်မှစ၍ အာဆီယံ ခရီးသွား အဖွဲ့များသည် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရှစ်ဆောင်ပဏ္ဏားသို့ ဝင်ရောက်ရာတွင် ဗီဇာကင်းလွတ်ခွင့် မူဝါဒကို ကျင့်သုံးလိုက်ကြောင်း တရုတ်နိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနက ယနေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ဘရူနိုင်း၊ ဗီယက်နမ်၊ လာအို၊ မြန်မာ၊ ကမ္ဘောဒီးယား စသည့် အာဆီယံနိုင်ငံ ၁၀ နိုင်ငံ ခရီးသွားအဖွဲ့ (ခရီးသွား နှစ်ဦးနှင့်အထက်) အနေဖြင့် သာမန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ကာ တရုတ်ပြည်တွင်း ခရီးသွားလုပ်ငန်းအဖွဲ့၏ လက်ခံကြိုဆို ဆောင်ရွက်ပေးခြင်းဖြင့် ရှစ်ဆောင်ပဏ္ဏား ကာဆာ့ အပြည်ပြည်ဆိုင်ရာလေဆိပ် ပြည်ဝင်ပြည်ထွက်ဂိတ်၊ မိုဟန် ရထားလမ်း ပြည်ဝင်ပြည်ထွက်ဂိတ်၊ မိုဟန် ကားလမ်း ပြည်ဝင်ပြည်ထွက်ဂိတ်များမှတစ်ဆင့် ဗီဇာလျှောက်ထားရန်မလိုအပ်ဘဲ အဖွဲ့လိုက် ပြည်ဝင်ပြည်ထွက်သွားလာနိုင်ကြောင်း၊ သွားလာနိုင်သည့် နေရာအတိုင်းအတာမှာ ယူနန်ပြည်နယ် ရှစ်ဆောင်ပဏ္ဏားပြည်နယ်ခွဲအုပ်ချုပ်ရေးဧရိယာအတွင်းဖြစ်ပြီး နေထိုင်ခွင့် ၆ ရက်ထက် မကျော်လွန်ရကြောင်း သိရသည်။

ယင်းမူဝါဒသည် စနစ်တကျ၊ လွတ်လပ်စွာ တိုးချဲ့တံခါးဖွင့်လှစ်မှု၊ ယူနန်ပြည်နယ်၏ တောင်အာရှ၊ အရှေ့တောင်အာရှသို့ မျက်နှာမူသော အချက်အချာစင်တာအဖြစ် တည်ဆောက်မှုကို အားပေးသည့် အရေးကြီးအစီအမံ ဖြစ်ကြောင်း၊ အနောက်တောင်ပိုင်းဒေသ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးကို တွန်းအားပေးခြင်း၊ တရုတ်-ပြည်ပ လူပုဂ္ဂိုလ်ကူးလူးဖလှယ်ရေးကို မြှင့်တင်ခြင်း၊ တရုတ်-အာဆီယံ ဘက်စုံ မဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေးအတွက် အပြုသဘောအနက်အဓိပ္ပာယ်ရှိကြောင်း တရုတ်နိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာန သက်ဆိုင်ရာ တာဝန်ခံ၏ မိတ်ဆက်ပြောကြားချက်များအရ သိရသည်။
နောက်တစ်ဆင့်အနေဖြင့် တရုတ်နိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနသည် လူဝင်မှုကြီးကြပ်ရေးကဏ္ဍ စနစ်အသွင် တံခါးဖွင့်လှစ်ရေးအား ဆက်လက် နက်ရှိုင်းစွာ တွန်းအားပေးသွားမည် ဖြစ်ကြောင်း၊ ပိုမိုများပြားသော နိုင်ငံခြားသားများ တရုတ်နိုင်ငံသို့ ခရီးသွားလာရောက်ခြင်း၊ ကုန်သွယ်စီးပွားလုပ်ငန်းများ လုပ်ဆောင်ရန် ဆွဲဆောင်သွားကာ ပြည်ဝင်ခရီးသွားဈေးကွက် ဖွံ့ဖြိုးရေးအတွက် စွမ်းအားသစ်များ စဉ်ဆက်မပြတ် ဖြည့်တင်းပြီး တရုတ်နိုင်ငံ အဆင့်မြင့် တံခါးဖွင့်မှုနှင့် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ဆောင်မှုပေးသွားမည် ဖြစ်ကြောင်း သိရသည်။
(Xinhua)

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရှစ်ဆောင်ပဏ္ဏား ကောက်ကျွမ်းရှီးစွမ်းကျင်၊ ရှင်းကွမ်းညဈေးမြင်ကွင်းအား ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)


………………………
(Chinese Version)

东盟国家旅游团2月10日起可免签入境云南西双版纳
新华社北京2月10日电(记者任沁沁)中国国家移民管理局10日发布公告,即日起,实施东盟国家旅游团入境云南西双版纳免签政策。马来西亚、印度尼西亚、泰国、菲律宾、新加坡、文莱、越南、老挝、缅甸、柬埔寨等10个东盟国家的旅游团(2人及以上),持普通护照经中国境内旅行社组织接待,可由西双版纳嘎洒国际机场口岸、磨憨铁路口岸、磨憨公路口岸免办签证整团入境出境,活动范围为云南省西双版纳州行政区域,停留时间不超过6天。
据国家移民管理局相关负责人介绍,该项政策是有序扩大自主开放、支持云南建设面向南亚东南亚辐射中心的重要举措,对推动西南地区旅游产业发展、促进中外人员交流交往、助力深化中国东盟全面战略伙伴关系具有积极意义。下一步,国家移民管理局将持续深入推进移民管理领域制度型开放,吸引更多外国人来华旅游、商贸,为入境游市场发展持续注入新动能,服务中国高水平开放高质量发展。(完)

1. 2024年12月7日,游客在告庄西双景星光夜市观看歌舞展演。
2. 2024年12月7日拍摄的告庄西双景星光夜市。