International Organizations
အကြမ်းဖက်ဝါဒအား အခိုင်အမာ “လုံးဝဥဿုံ လက်သင့်မခံရန်” တရုတ်ကိုယ်စားလှယ် တိုက်တွန်း
![](https://xinhuamyanmar.com/wp-content/uploads/2025/02/11x01.jpg)
ကုလသမဂ္ဂ၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ)
လက်ရှိ အကြမ်းဖက်ဝါဒများ ဦးမော့လာသည့်အနေအထားရှိရာ နိုင်ငံတကာအသိုက်အဝန်း ရင်ဆိုင်ကြုံတွေ့နေရသည့် အကြမ်းဖက်ခြိမ်းခြောက်မှုမှာ ရှုပ်ထွေး၊ ဆိုးရွားလျက်ရှိကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဖုချုံးက ဖေဖော်ဝါရီ ၁၀ ရက် လုံခြုံရေးကောင်စီအစည်းအဝေး အကြမ်းဖက်တိုက်ဖျက်ရေးဆိုင်ရာ တံခါးဖွင့်ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။ လုံခြုံရေးကောင်စီအနေဖြင့် အကြမ်းဖက်တိုက်ဖျက်ရေးကို ဆွေးနွေးမှုအစီအစဉ်၏ ဦးစားပေးနေရာ၌ ဆက်လက် ထားရှိရမည် ဖြစ်ပြီး အကြမ်းဖက်ဝါဒအား အခိုင်အမာ “လုံးဝဥဿုံ လက်သင့်မခံရန်”၊ “စံချိန်နှစ်မျိုးထားရှိခြင်း” နှင့် “ဘက်လိုက်ရွေးချယ်မှုဖြင့် အကြမ်းဖက်တိုက်ဖျက်ခြင်း” ကို ကန့်ကွက်ကာ အပြည်ပြည်ဆိုင်ရာ အကြမ်းဖက်တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ယခုကာလများတွင် ဆီးရီးယား အခြေအနေ ရုတ်ခြည်းပြောင်းလဲမှုကို အခွင့်ကောင်းယူ၍ အကြမ်းဖက်အဖွဲ့အစည်းများ ကြီးထွားလာနိုင်သလို အကြမ်းဖက်သမားများ၏လက်ထဲသို့ လက်နက်သိုလှောင်ရုံ ကျရောက်နိုင်ရာ ထို့အပေါ် နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် အထူးဂရုပြုသင့်သည်ဟု ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်၏ အစီရင်ခံစာတွင် ဖော်ပြထားကြောင်း ဖုချုံးက ပြောကြားခဲ့သည်။ မကြာသေးမီရက်များက ဆီးရီးယားသည် ပြည်ပအကြမ်းဖက်တိုက်ခိုက်ရေးသမားများကို အဆင့်မြင့်ရာထူးများ ချီးမြှင့်ပေးရာ ၎င်းတို့အနက် လုံခြုံရေးကောင်စီ အကြမ်းဖက်အဖွဲ့အစည်း အမည်စာရင်းတွင် ထည့်သွင်းခံထားရသော “Turkistan Islamic Party” ပါဝင်ကြောင်း၊ ၎င်းမှာ အရှေ့ တာကစ္စတန် အစ္စလာမ်မစ် လှုပ်ရှားမှု အဖွဲ့ (ETIM) ၏ ဦးဆောင်သူလည်း ဖြစ်ကြောင်း၊ ထို့အပေါ် တရုတ်နိုင်ငံအနေဖြင့် အထူးဂရုပြုစိုးရိမ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဆီးရီးယားအာဏာပိုင်များအနေဖြင့် အကြမ်းဖက်တိုက်ဖျက်ရေး တာဝန်ဝတ္တရားကို ဖော်ဆောင်ရန်၊ အကြမ်းဖက်သမားများက ဆီးရီးယားနယ်မြေကို အသုံးချပြီး အခြားနိုင်ငံ လုံခြုံရေးအပေါ် ခြိမ်းခြောက်နေခြင်း မှန်သမျှကို ကာကွယ်တားဆီးရန် တရုတ်နိုင်ငံက တိုက်တွန်းကြောင်း၊ ပြည်ပ အကြမ်းဖက် တိုက်ခိုက်ရေးသမားများစွာ ဆီးရီးယားတွင် ရေရှည် ခိုအောင်းနေခြင်းသည် ဆိုးရွားလှသော လုံခြုံရေးအန္တရာယ် အလားအလာ ဖြစ်စေကြောင်း၊ နေရပ်ပြန်ပို့ရေးလုပ်ငန်းစဉ်ကို အရှိန်မြှင့်တင်မှုအပေါ် တရုတ်နိုင်ငံအနေဖြင့် ထောက်ခံပြီး သက်ဆိုင်ရာနိုင်ငံများအနေဖြင့် မိမိနိုင်ငံသားများကို အမြန်ဆုံးပြန်လည်လက်ခံရန် တိုက်တွန်းကြောင်း ၎င်းက ပြောကြားခဲ့သည်။
လက်ရှိ “ISIS”၊ “Al-Qaeda”၊ “ETIM” စသည့် အကြမ်းဖက်အဖွဲ့အစည်းများသည် အာဖဂန်နစ္စတန်တွင် အလွန် တက်ကြွလှုပ်ရှားလျက်ရှိပြီး အပြန်အလှန် ချိတ်ဆက်နေကြောင်း၊ ယင်းသည် အာဖဂန်နစ္စတန်၏ လုံခြုံရေးအခြေအနေကို ဖျက်ဆီးရုံသာမက ဒေသတွင်းနှင့် နိုင်ငံတကာ ငြိမ်းချမ်းရေး၊ လုံခြုံရေးအပေါ် ခြိမ်းခြောက်မှုလည်း ဖြစ်စေကြောင်း ဖုချုံးက ပြောကြားခဲ့သည်။
ထင်သာမြင်သာရှိပြီး စိစစ်နိုင်သော လှုပ်ရှားမှုများလုပ်ဆောင်ကာ အာဖဂန်နစ္စတန်ရှိ အကြမ်းဖက်အဖွဲ့အစည်း စခန်းအားလုံးကို ဖြိုခွင်းချေမှုန်းရန် တရုတ်နိုင်ငံက အာဖဂန်နစ္စတန်နိုင်ငံ ကြားဖြတ်အစိုးရအား တိုက်တွန်းကြောင်း၊ ဗဟိုအာရှဒေသ နိုင်ငံများနှင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့က အာဖဂန်နစ္စတန်နှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ကာ အကြမ်းဖက်နှင့်ဆက်စပ်သော လုံခြုံရေးစိန်ခေါ်မှုများကို လက်တွဲဖြေရှင်းပြီး ဒေသတွင်းစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွင် အာဖဂန်နစ္စတန် ပေါင်းစည်းပါဝင်နိုင်ရန်၊ အကြမ်းဖက်ဝါဒပေါက်ဖွားရာနေရာအား အမြစ်ပြတ်ရှင်းလင်းရန် တရုတ်နိုင်ငံက ထောက်ခံကြောင်း ၎င်းက ပြောကြားခဲ့သည်။
အာဖရိကတိုက်မှာ အပြည်ပြည်ဆိုင်ရာ အကြမ်းဖက်တိုက်ဖျက်ရေး၏ ရှေ့တန်းနေရာသစ် ဖြစ်လာသည်ဟု ဖုချုံးက ပြောကြားခဲ့သည်။ အကြမ်းဖက်တိုက်ဖျက်မှုစွမ်းရည် မပြည့်စုံမှုသည် အာဖရိကနိုင်ငံ အများအပြား ရင်ဆိုင်နေရသည့် အခက်အခဲဖြစ်ကြောင်း၊ နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် ငွေကြေး၊ ပစ္စည်းကိရိယာ၊ ထောက်လှမ်းရေး၊ လူ့စွမ်းအားအရင်းအမြစ်၊ ထောက်ပံ့ပို့ဆောင်ရေး စသည့် ကဏ္ဍများတွင် ထောက်ခံအားပေးမှုကို တိုးချဲ့ရမည် ဖြစ်သလို ကုလသမဂ္ဂနှင့် မိတ်ဖက်များက အာဖရိကသမဂ္ဂ စသည့် ဒေသတွင်းအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်ကာ အာဖရိက၏ အကြမ်းဖက်တိုက်ဖျက်ရေးစွမ်းရည်နှင့် အကြမ်းဖက်တိုက်ဖျက်ရေး ဌာနအဖွဲ့အစည်း တည်ဆောက်မှုကို ပံ့ပိုးရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် အပြည်ပြည်ဆိုင်ရာ အကြမ်းဖက်တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုကို အမြဲတစေ ထောက်ခံသူနှင့် အကျိုးဆောင်သူဖြစ်ရာ ဘက်ပေါင်းစုံနှင့် ဆက်လက်လက်တွဲကာ အကြမ်းဖက်ဝါဒ အသွင်အားလုံးကို တိုက်ဖျက်ပြီး ရေရှည်ငြိမ်းချမ်းမှု၊ ယေဘုယျအားဖြင့် လုံခြုံမှုရှိသော ကမ္ဘာကြီးကို ဖော်ဆောင်ရာတွင် အကျိုးဆောင်သွားမည် ဖြစ်ကြောင်း ဖုချုံးက ပြောကြားခဲ့သည်။ (Xinhua)
…………………….
(Chinese Version)
中国代表呼吁坚持对恐怖主义“零容忍”
新华社联合国2月10日电 中国常驻联合国代表傅聪10日在安理会反恐问题公开会上表示,当前恐怖主义呈上升态势,国际社会面临的恐怖威胁依然复杂严峻。安理会要继续把反恐放在议程优先位置,坚持对恐怖主义“零容忍”,反对“双重标准”和“选择性反恐”,推动加强国际反恐合作。
傅聪说,联合国秘书长古特雷斯在报告中指出,近期叙利亚局势突变,恐怖组织可能趁乱坐大,武器库可能落入恐怖分子之手,国际社会应对此保持高度关注。日前,叙利亚向外国恐怖作战分子授予高级职位,其中包括安理会列名的恐怖组织“突厥斯坦伊斯兰党”,也就是“东伊运”的头目,中方对此表示严重关切。
中方敦促叙利亚当局履行反恐义务,防止任何恐怖分子利用叙领土威胁别国安全。大量外国恐怖作战分子长期滞留叙利亚,造成严重安全隐患。中方支持加快遣返进程,呼吁有关国家尽快接回本国人员。
傅聪表示,当前“伊斯兰国”、“基地”组织、“东伊运”等恐怖组织在阿富汗十分活跃,并相互勾连,不仅破坏阿富汗安全形势,也对地区和国际和平与安全构成威胁。中方呼吁阿富汗临时政府采取可视、可核查行动,瓦解、消灭所有踞阿恐怖组织。中方支持中亚地区国家和上合组织同阿富汗加强合作,携手应对涉恐安全挑战,帮助阿富汗融入地区经济合作,铲除恐怖主义滋生土壤。
傅聪说,非洲正在成为国际反恐新前沿。反恐能力不足是很多非洲国家面临的难题。国际社会要在资金、装备、情报、人力资源、后勤补给等方面加大支持力度,联合国和各伙伴要加强同非盟等区域组织合作,支持非洲加强反恐能力和反恐机构建设。
傅聪表示,中方始终是国际反恐合作的支持者和贡献者,将继续与各方携手努力,打击一切形式的恐怖主义,为实现持久和平、普遍安全的世界作出贡献。(完)
1. 2024年11月18日,在位于纽约的联合国总部,安理会召开中东问题高级别会议。 新华社记者 谢锷 摄