Connect with us

Europe

ယူကရိန်းက “စစ်မှန်၍ အာမခံချက်ရှိသော” ငြိမ်းချမ်းရေးဆီသို့ ဆောလျင်စွာ လျှောက်လှမ်းလိုကြောင်း ဇယ်လန်းစကီးပြောကြား

ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့တွင် NATO ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်စဉ် သတင်းထောက်များ၏ မေးမြန်းမှုအား လက်ခံဖြေကြားနေသော ယူကရိန်း သမ္မတ ဇယ်လန်းစကီးအား ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကိဗ်၊ ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ)
ယူကရိန်းသည် “စစ်မှန်၍ အာမခံချက်ရှိသော” ငြိမ်းချမ်းရေးဆီသို့ ဆောလျင်စွာ လျှောက်လှမ်းလိုသည်ဟု ယူကရိန်းနိုင်ငံ သမ္မတ ဇယ်လန်းစကီးက ဖေဖော်ဝါရီ ၁၄ ရက်တွင် လူမှုမီဒီယာ၌ ရေးသားဖော်ပြခဲ့သည်။

ဇယ်လန်းစကီးက ၎င်းသည် ထိုနေ့တွင် အမေရိကန်နိုင်ငံ ဒုတိယသမ္မတ ဂျေဒီဗန့်စ်နှင့် ဂျာမနီနိုင်ငံ မြူးနစ်၌ တွေ့ဆုံခဲ့ရာ အရေးကြီးကိစ္စရပ်များစွာနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း ပြောကြားခဲ့သည်။ ယူကရိန်းသည် “စစ်မှန်၍ အာမခံချက်ရှိသော” ငြိမ်းချမ်းရေးဆီသို့ ဆောလျင်စွာ လျှောက်လှမ်းလိုကြောင်း၊ အမေရိကန်ဘက်က စစ်ပွဲကို ကူညီရပ်တန့်ပေး၍ ယူကရိန်းအတွက် လုံခြုံရေးဆိုင်ရာ အာမခံချက်ကို ပံ့ပိုးပေးရန် မျှော်လင့်ကြောင်း ၎င်းကပြောကြားခဲ့သည်။
ဇယ်လန်းစကီးက ၎င်းအနေဖြင့် အမေရိကန်နိုင်ငံအစိုးရ ယူကရိန်းနှင့် ရုရှားရေးရာ အထူးသံတမန် Keith Kellogg ယူကရိန်းသို့ ခရီးစဉ်လာရောက်ကာ ဒေသတွင်းအခြေအနေအပေါ် ပိုမိုနက်ရှိုင်းစွာ အကဲဖြတ်ရန် မျှော်လင့်ကြောင်းလည်း ပြောကြားခဲ့သည်။

ဂျေဒီဗန့်စ်က ဇယ်လန်းစကီးနှင့် တွေ့ဆုံပြီးနောက် အမေရိကန်သည် ယူကရိန်းပဋိပက္ခကို အဆုံးသတ်၍ ရေရှည်ငြိမ်းချမ်းမှု‌ ဖော်ဆောင်ရန် မျှော်လင့်ကြောင်း၊ အမေရိကန်-ယူကရိန်း နှစ်ဖက်သည် အနာဂတ် အချိန်အတိုင်းအတာ ကာလတစ်ခုအတွင်း ဆွေးနွေးမှုများ ပိုမို လုပ်ဆောင်သွားမည်ဟု မီဒီယာများအား ပြောကြားခဲ့ကြောင်း Interfax-Ukraine သတင်းဌာန ဖော်ပြချက်အရ သိရသည်။

အမေရိကန်သမ္မတ ထရမ့်သည် ဖေဖော်ဝါရီ ၁၂ ရက်တွင် ရုရှားသမ္မတ ပူတင်နှင့် ဇယ်လန်းစကီးတို့ကို ဖုန်းဖြင့် ရှေ့ဆင့်နောက်ဆင့် ဆက်သွယ်ပြောကြားခဲ့သည်။ အမေရိကန်-ရုရှား နှစ်ဖက်သည် ရုရှား-ယူကရိန်း ပဋိပက္ခ အဆုံးသတ်ရေးအတွက် “နီးကပ်စွာပူးပေါင်းဆောင်ရွက်” သွားရန် သဘောတူညီကာ “ဆွေးနွေးမှုအား ချက်ချင်းစတင်ရန်” မိမိကိုယ်စီအဖွဲ့များစေလွှတ်သွားမည်ဖြစ်ကြောင်း ထရမ့်က ယင်းနေ့တွင် လူမှုမီဒီယာ၌ ရေးသားဖော်ပြခဲ့သည်။ ဇယ်လန်းစကီးက ဖေဖော်ဝါရီ ၁၄ ရက်တွင် မြူးနစ် လုံခြုံရေးညီလာခံ တက်ရောက်နေစဉ် အတွင်း၌ ယူကရိန်းနှင့် အမေရိကန်၊ ဥရောပတို့က ရုရှား-ယူကရိန်း ပဋိပက္ခအား မည်ကဲ့သို့ အဆုံးသတ်မည်နည်းနှင့် စပ်လျဉ်း၍ သဘောတူညီချက် ရရှိပြီးသည်နှင့် ၎င်းသည် ရုရှားနှင့် တိုက်ရိုက်ဆွေးနွေးရန် ပြင်ဆင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

…………………….
(Chinese Version)
泽连斯基称乌方愿尽快迈向“真正和有保障”的和平
新华社基辅2月14日电(记者李东旭)乌克兰总统泽连斯基14日晚在社交媒体上发文说,乌方愿尽快迈向“真正和有保障”的和平。
泽连斯基说,他当天与美国副总统万斯在德国慕尼黑进行了会晤,就很多关键问题进行了讨论。乌方愿意尽快迈向“真正和有保障”的和平,并希望美方可以帮助停止战争并为乌克兰提供安全保障。
泽连斯基还说,他期待美政府乌克兰和俄罗斯问题特使基思·凯洛格访乌,对当地形势进行更深入评估。
另据乌克兰国际文传电讯社报道,万斯在结束与泽连斯基会晤后向媒体表示,美国希望结束乌克兰冲突并实现持久和平,美乌双方在未来一段时间内还会进行更多对话。
美国总统特朗普12日先后与俄罗斯总统普京和泽连斯基通电话。特朗普当天在社交媒体上发文说,美俄双方同意就结束俄乌冲突进行“紧密合作”,并派遣各自团队“立即开始谈判”。泽连斯基14日在出席慕尼黑安全会议时表示,一旦乌克兰与美国、欧洲就如何结束俄乌冲突达成一致,他就准备与俄罗斯进行直接会谈。(完)
2023年10月11日,乌克兰总统泽连斯基在比利时布鲁塞尔出席北约防长会时接受记者采访。新华社记者赵丁喆摄