Connect with us

China

တရုတ်-အမေရိကန် ဆက်ဆံရေးတွင် တရုတ်နိုင်ငံ၏ အခြေခံမူနှင့် ရပ်တည်ချက်အား ဝမ်ရိ ပြောကြား

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက မြူးနစ်လုံခြုံရေးညီလာခံသို့ တက်ရောက်ပြီး "တရုတ်သီးသန့်ဆွေးနွေးပွဲ" တွင် ပြောင်းလဲနေသည့်ကမ္ဘာ့ကြီး၏ အပြုသဘောအင်အားအဖြစ် အခိုင်အမာ ဆောင်ရွက်သွားမည် ဟူသော ခေါင်းစဉ်ဖြင့် အမှာစကားပြောကြားနေသည်ကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မြူးနစ်၊ ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ သည် ဖေဖော်ဝါရီ ၁၄ ရက်က မြူးနစ်လုံခြုံရေးညီလာခံသို့ တက်ရောက်ပြီး “တရုတ်သီးသန့်ဆွေးနွေးပွဲ” တွင် အမှာစကားပြောကြားကာ မေးခွန်းများအား ပြန်လည်ဖြေကြားခဲ့သည်။

တရုတ်-အမေရိကန် ဆက်ဆံရေး မေးခွန်းအပေါ် ဝမ်ရိက အမေရိကန်နိုင်ငံအပေါ် ထားရှိသည့် တရုတ်နိုင်ငံ၏ မူဝါဒသည် တည်ငြိမ်မှုနှင့် စဉ်ဆက်မပြတ်မှုကို ထိန်းသိမ်းထားရာ လွယ်လင့်တကူ ပြောင်းလဲမည် မဟုတ်ကြောင်း၊ ယင်းမှာ နိုင်ငံကြီး၏ မဟာဗျူဟာ တည်ငြိမ်မှုအင်အားနှင့် နိုင်ငံတကာဂုဏ်သိက္ခာကို ဖော်ပြခြင်း ဖြစ်ကြောင်း၊ မိမိတို့၏ မူဝါဒမှာ သမ္မတရှီကျင့်ဖိန် အဆိုပြုသည့် အခြေခံမူသုံးရပ်ဖြစ်သော အပြန်အလှန်လေးစားမှု၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှုနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဘုံအကျိုးစီးပွားဖော်ဆောင်မှုပင် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံသည် လူမှုစနစ်ချင်း မတူညီကြကြောင်း၊ ယင်းမှာ မိမိတို့ပြည်သူများ၏ ကိုယ်စီ ရွေးချယ်မှု ဖြစ်ပြီး တစ်ဖက်သားအား ပြုပြင်လိုခြင်း၊ ထို့ထက်မက ပြောင်းပြန်ပြောင်းလဲလိုခြင်းမှာ လက်တွေ့မကျကြောင်း၊ မှန်ကန်သည့်သဘောထားမှာ အပြန်အလှန်လေးစားမှုဖြစ်ရာ ယင်းမှာ တရုတ်-အမေရိကန် ဆက်ဆံရေး၏ ရှေးဦးလိုအပ်ချက် ဖြစ်ကြောင်း၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှုမှာ ပို၍ပင် ဓမ္မဓိဋ္ဌာန်ကျကြောင်း၊ တရုတ်-အမေရိကန် နိုင်ငံကြီးနှစ်နိုင်ငံက ပဋိပက္ခ ဖြစ်၍ မရကြောင်း၊ သို့မဟုတ်ပါက ကမ္ဘာကြီး ဒုက္ခရောက်မည်ဖြစ်ကြောင်း၊ တွေ့ဆုံဆွေးနွေးမှု အားဖြည့်ခြင်း၊ နားလည်မှု မြှင့်တင်ခြင်း၊ ယုံကြည်မှုတည်ဆောက်ခြင်းကိုသာ ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးဖော်ဆောင်မှုသည် နိုင်ငံတကာအသိုက်အဝန်းက တရုတ်-အမေရိကန် ပူးပေါင်းဆောင်ရွက်စေလိုမှုကြောင့်ဖြစ်ပြီး ကမ္ဘာ့စိန်ခေါ်မှုများကို တရုတ်-အမေရိကန် လက်တွဲရင်ဆိုင်ဖြေရှင်းရန် လိုအပ်သလို ယင်းသည် တရုတ်-အမေရိကန် နှစ်နိုင်ငံ ထမ်းဆောင်သင့်သည့် နိုင်ငံတကာ တာဝန်ဝတ္တရားလည်း ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် ဤအခြေခံမူ ၃ ရပ်အရ အမေရိကန်နှင့် တည်ငြိမ်သော၊ ကောင်းမွန်သော၊ စဉ်ဆက်မပြတ်ရှိသော နှစ်ဖက်ဆက်ဆံရေးကို တည်ဆောက်ကာ ဤကမ္ဘာတွင် နိုင်ငံကြီး နှစ်နိုင်ငံ ဆက်ဆံသည့် မှန်ကန်သောလမ်းကြောင်းကို ရှာဖွေသွားရန် အသင့်ပြင်ပြီး ဖြစ်ရာ အမေရိကန်အနေဖြင့်လည်း တရုတ်နိုင်ငံနှင့် စိတ်တူကိုယ်တူ ဆောင်ရွက်ရန် မျှော်လင့်ကြောင်း၊ သို့သော် အမေရိကန်အနေဖြင့် ထိုသို့ မဆောင်ရွက်လိုဘဲ တရုတ်နိုင်ငံကို ဖိနှိပ်၊ ဟန့်တားရန် စိတ်ပိုင်းဖြတ်ထားမည်ဆိုလျှင် မိမိတို့အနေဖြင့် အဆုံးတိုင်အဖော်လုပ်သွားမည် ဖြစ်ပြီး အမေရိကန်၏ တစ်ဖက်သတ် ဗိုလ်ကျအနိုင်ကျင့်မှုကို မုချမသွေ အခိုင်အမာ လက်တုံ့ပြန်သွားမည် ဖြစ်သလို တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာ၊ အမျိုးသားဂုဏ်သိက္ခာနှင့် တရားနည်းလမ်းကျသည့် ဖွံ့ဖြိုးတိုးတက်ရေး အခွင့်အလမ်းကို မုချမသွေ အခိုင်အမာ ကာကွယ်သွားမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ ဤသို့ လုပ်ဆောင်ရခြင်းမှာလည်း နိုင်ငံတကာ တရားမျှတမှုနှင့် သမာသမတ်ကျမှုကို ကာကွယ်ထိန်းသိမ်းရန်၊ နိုင်ငံတကာဆက်ဆံရေး အခြေခံမူကို ကာကွယ်ထိန်းသိမ်းရန်အတွက် ဖြစ်ကြောင်း၊ တရုတ်လူမျိုးများသည် မိစ္ဆာကို မယုံကြည်သလို တစ္ဆေကိုလည်း မကြောက်ရွံ့ကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် အန္တရာယ်အခက်အခဲ အမျိုးမျိုးကို အောင်နိုင်ပြီးနောက် ဖွံ့ဖြိုးတိုးတက် အင်အားကြီးလာခြင်း ဖြစ်ကြောင်း၊ တရုတ်တွင် “သဘာဝတရားသည် အပြောင်းအလဲများကြားတွင် ကြံ့ကြံ့ခိုင် ရပ်တည်နိုင်သလို သူကောင်းတို့သည်လည်း ထိုနည်းလည်းကောင်း မလျှော့သောဇွဲဖြင့် စဉ်ဆက်မပြတ် ရှေ့သို့ တက်လှမ်းချီကြသည်” ရှေးဆိုရိုးစကားတစ်ခုရှိကြောင်း၊ “သူတစ်ပါး အင်အားကြီးမားလျှင် ကြီးမားပါစေ၊ တောင်တန်းကြီးတွင် လေပြေရူးသလိုပင်၊ သူတစ်ပါး ဆိုးသွမ်းလျှင် ဆိုးသွမ်းပါစေ၊ မြစ်ရေပြင်ကို လရောင်လင်းသလိုပင်” ဟူသော တရုတ်စကားက ထိုသဘောထားကို ပို၍ သရုပ်ဖော်နိုင်ကြောင်း၊ ယင်းမှာ တရုတ်လူမျိုးတို့၏ စိတ်နေသဘောထား၊ တရုတ်လူမျိုးတို့၏ ဂုဏ်အင်္ဂါအရည်အသွေးဖြစ်ကြောင်း၊ အရှေ့အနောက်တောင်မြောက်လေ မည်သို့ပင် မွှေနှောက်တိုက်ခတ်ပါစေ၊ တည်ငြိမ်စွာ တုန်လှုပ်မှုမရှိ ရပ်တည်နေမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

………………………….
(Chinese Version)
王毅谈中方对中美关系的原则立场
新华社德国慕尼黑2月14日电 当地时间2月14日,中共中央政治局委员、外交部长王毅出席慕尼黑安全会议,在“中国专场”致辞并回答了现场提问。
针对中美关系的问题,王毅表示,中国对美政策保持着稳定性和连贯性,不会轻易翻烙饼,这体现了大国的战略定力和国际信誉。我们的政策就是习近平主席提出的三原则,相互尊重、和平共处、合作共赢。中美社会制度不同,这是各自人民的选择,想要改造甚至颠覆对方是不现实的。正确的态度就是相互尊重,这是中美交往的前提。和平共处更是理所当然,中美两个大国总不能冲突起来,否则世界就要遭殃,还是要加强对话,增进理解,建立信任。合作共赢是因为国际社会期待中美开展合作,全球挑战需要中美携手应对,这也是中美两国应当承担的国际责任。中方已经准备好按照这三原则,同美方构建稳定、健康、可持续的双边关系,找到两个大国在这个星球上的正确相处之道,希望美方同中方相向而行。但如果美方不愿意,执意还要打压中国、遏制中国,我们必将奉陪到底,必将坚定回击美方的单边霸凌行径,必将坚决捍卫中国的国家主权、民族尊严和正当发展权利。中国这样做,也是为了维护国际公平正义,为了维护国际关系基本准则。中国人从来不信邪、不怕鬼,新中国就是在战胜各种艰难险阻中发展壮大起来的。中国有句古话:“天行健,君子自强不息”。中国还有句话说得很形象,“他强任他强,清风拂山岗;他横任他横,明月照大江”。这就是中国人的气度、中华民族的品格。任尔东西南北风,我自泰然处之,岿然不动。(完)

2月14日,中共中央政治局委员、外交部长王毅出席慕尼黑安全会议,在“中国专场”发表题为《坚定做变革世界中的建设性力量》的致辞。