Connect with us

North America

ထရမ့်အစိုးရက ဝန်ထမ်းလျှော့ချမှုများ လုပ်ဆောင်ရာ လူတစ်သောင်းကျော် အလုပ်ရပ်နားခံရ

အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်ရှိ အိမ်ဖြူတော်ကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ)
ထရမ့်အစိုးရက အစိုးရဝန်ထမ်း အများအပြားလျှော့ချမှုလုပ်ငန်းကို လုပ်ဆောင်လျက်ရှိကြောင်း၊ တစ်ဖက်တွင် အစိုးရဝန်ထမ်းများကို “အပြတ်ဝယ်ယူမှု” အစီအစဉ် ထောက်ပံ့၍ ၎င်းတို့ကိုယ်တိုင် အလုပ်မှနုတ်ထွက်ရန် တွန်းအားပေးလျက်ရှိပြီး အခြားတစ်ဖက်တွင်မူ အစမ်းခန့်ကာလဝန်ထမ်းများအား အလုပ်ရပ်နားလျက်ရှိကြောင်း အမေရိကန်မီဒီယာ၏ ဖေဖော်ဝါရီ ၁၄ ရက် ဖော်ပြချက်အရ သိရသည်။ လက်ရှိတွင် ဝန်ထမ်းအရေအတွက် တစ်သောင်းကျော် အလုပ်ရပ်နားခံရပြီးဖြစ်ကာ ထိုပမာဏသည် ဆက်လက်တိုးပွားလာနိုင်ကြောင်း သိရသည်။

အစမ်းခန့်ကာလဝန်ထမ်းများသည် အလုပ်အကိုင် အာမခံမှု အစီအမံ အတန်အသင့်နည်းပါးကာ ၎င်းတို့ကို အလုပ်ခန့်အပ်သည့်ကာလမှာ အများဆုံး နှစ်နှစ်ထက် မကျော်လွန်ကြောင်း အမေရိကန်မီဒီယာများက ဖော်ပြသည်။ လက်ရှိတွင် ဖက်ဒရယ်အစိုးရဝန်ထမ်းပေါင်း တစ်သောင်းကျော် အလုပ်ရပ်နားခံရပြီးဖြစ်ကာ ၎င်းအနက် အငြိမ်းစားစစ်မှုထမ်းရေးရာ ဝန်ကြီးဌာနမှ လူ ၁,၀၀၀ ကျော်၊ ပြည်ထဲရေးဝန်ကြီးဌာနမှ လူ ၂,၂၀၀ ခန့်၊ စွမ်းအင်ဝန်ကြီးဌာနမှ လူ ၂,၀၀၀ ခန့်၊ သစ်တောရေးရာဦးစီးဌာန (USFS) မှ လူ ၃,၄၀၀၊ အမျိုးသားကျန်းမာရေးဦးစီးဌာန (NIH) မှ လူ ၁,၅၀၀၊ ကူးစက်ရောဂါထိန်းချုပ်ရေး နှင့် ကာကွယ်ရေးဌာန (CDC) မှ လူ ၁,၃၀၀၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအေဂျင်စီ (EPA) မှ လူ ၃၈၀ ကျော်တို့ ပါဝင်ကြောင်း သိရသည်။ ထို့ပြင် ပညာရေးဝန်ကြီးဌာန၊ စားသုံးသူများ ဘဏ္ဍာရေးဆိုင်ရာ ကာကွယ်ရေးဗျူရို (CFPB) စသည့် အဖွဲ့အစည်းများတွင်လည်း ဝန်ထမ်းလျှော့ချမှုများ လုပ်ဆောင်ခဲ့သည်။

ဝန်ထမ်းအများအပြားလျှော့ချမှု အစီအမံသည် အစမ်းခန့်ကာလတွင်ရှိနေဆဲ အစိုးရဝန်ထမ်းပေါင်း ၂ သိန်းနီးပါးအပေါ် သက်ရောက်မှုရှိနိုင်ကြောင်း အမေရိကန် “The Hill” နေ့စဉ်သတင်းစာက ဖော်ပြထားသည်။

အစိုးရဝန်ထမ်းများ ကိုယ်တိုင် နုတ်ထွက်ခြင်းအား တွန်းအားပေးရန် အမေရိကန် အိမ်ဖြူတော် ဝန်ထမ်းစီမံခန့်ခွဲရေးရုံးသည် မကြာသေးမီက နုတ်ထွက်သည့် လျော်ကြေးအဖြစ် လစာငွေ ၈ လစာ ပေးသွားမည့် “အပြတ်ဝယ်ယူမှု” အစီအစဉ်ကို အီးမေးလ်မှတစ်ဆင့် ပေးပို့ခဲ့သည်။ အစိုးရဝန်ထမ်းပေါင်း ၇၅,၀၀၀ ကျော်က “အပြတ်ဝယ်ယူမှု” အစီအစဉ်ကို လက်ခံ၍ အလုပ်မှနုတ်ထွက်ရန် သဘောတူညီပြီးဖြစ်ကြောင်း၊ ယင်းသည် “အပြတ်ဝယ်ယူမှု” အစီအစဉ် တောင်းဆိုချက်များနှင့် ကိုက်ညီသော ဝန်ထမ်း ၂ သန်းဝန်းကျင်၏ ၄ ရာခိုင်နှုန်းမျှပင်မရှိသောကြောင့် အိမ်ဖြူတော်က သတ်မှတ်ထားသော ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိ ဝန်ထမ်းလျှော့ချမှု ရည်မှန်းချက်ကို မရောက်ရှိကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။ ဝန်ထမ်းအများအပြားလျှော့ချမှု အစီအမံကြောင့် ဝါရှင်တန်တွင် ကန့်ကွက်ဆန္ဒပြမှု အကြိမ်များစွာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ (Xinhua)

————————————–
(Chinese Version)
特朗普政府推进大减员 万余人被解雇
新华社华盛顿2月14日电(记者熊茂伶)据美国媒体14日报道,特朗普政府正在推进联邦政府大规模减员工作,一方面向联邦雇员提供“买断”计划推动其主动辞职,另一方面解雇试用期员工。目前已有万余人被解雇,裁员数量预计还将继续增加。
据美国媒体报道,试用期员工的就业保护措施较少,其雇佣期最多不到两年。据报道,目前已有逾万名联邦雇员遭解雇,其中退伍军人事务部1000余人,内政部约2200人,能源部约2000人,林业局3400人,国家卫生研究院1500人,疾病控制和预防中心1300人,环境保护局380余人。此外,教育部、消费者金融保护局等机构也进行了裁员。
美国《国会山》日报报道说,大规模减员措施可能影响多达20万处于试用期的联邦雇员。
美国白宫人事管理办公室日前通过电子邮件向联邦雇员提供“买断”计划,提出用8个月的薪水作为离职补偿,以推动他们主动辞职。据媒体报道,已有超过7.5万名联邦雇员同意接受“买断”计划并辞职,在约200万名符合“买断”计划条件的联邦雇员中所占比例不足4%,未达到白宫设定的5%至10%的裁员目标。大规模减员措施在华盛顿引发多次抗议活动。(完)
图说:这是2023年1月20日在美国首都华盛顿拍摄的白宫。新华社记者刘杰摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.