Connect with us

WORLD

ကမ္ဘာ့ဒုတိယ အကြီးဆုံး ရေနံ ကုမ္ပဏီ Shell က ဝန်ထမ်း ၉ ထောင်ခန့် လျှော့ချမည်ဟု ထုတ်ပြန်

Shell ကုမ္ပဏီ ၏ လောင်စာဆီ အရောင်းဆိုင် တစ်ခု အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

လန်ဒန် ၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ)

ကမ္ဘာ့ဒုတိယ အကြီးဆုံး ရေနံ ကုမ္ပဏီ ဖြစ်သည့် Shell က COVID-19 ရောဂါ ဖြစ်ပွားမှုကြောင့် ကမ္ဘာပေါ်တွင် ရေနံသုံးစွဲမှုလျော့ကျလာခြင်း နှင့် ရေနံဈေးနှုန်း ကျဆင်းမှု တို့ ကြောင့် ကုမ္ပဏီ အနေဖြင့် ၂၀၂၂ ခုနှစ် မတိုင်မီ ဝန်ထမ်း ၇ ထောင် မှ ၉ ထောင် ဦး လျှော့ချသွားမည် ဖြစ်ကြောင်း စက်တင်ဘာ ၃၀ ရက် တွင် ထုတ်ပြန်ကြေညာ ခဲ့သည်။

လက်ရှိတွင် ဝန်ထမ်း ၁,၅၀၀ ဦးခန့် က မိမိသဘောဖြင့် အလုပ်မှ နုတ်ထွက်ရန် သဘောတူခဲ့ကြကြောင်း ၊ ၂၀၁၉ ခုနှစ်နှစ်ကုန်ပိုင်း အထိ Shell ကုမ္ပဏီ  တွင် ဝန်ထမ်း ၈၃,၀၀၀ ဦး ရှိခဲ့ကြောင်း ၊ လက်ရှိတွင် ဝန်ထမ်းများ ၏ ခရီးသွား စရိတ်ကို လျှော့ချရန် သုံးသပ်နေပြီး အွန်လိုင်း မှ အလုပ်လုပ်သည့် ပုံစံမျိုးဖြင့် ကုန်ကျစားရိတ်ကို လျှော့ချနိုင်ရန် ဆောင်ရွက်နေကြောင်း ၊ ၂၀၂၂ ခုနှစ် ကုန်ကျစားရိတ် လျှော့ချသည့် စီမံချက်ကြောင့် ကုမ္ပဏီ အတွက် နှစ်စဉ် အမေရိကန်ဒေါ်လာ ၂ ဘီလီယံ မှ ၂.၅ ဘီလီယံ ချွေတာပေးနိုင်မည် ဖြစ်ကြောင်း ကုမ္ပဏီ က ပြောကြား ခဲ့သည်။

ယခုနှစ် စက်တင်ဘာလ တွင် ရေနံကုမ္ပဏီ ကြီး တစ်ခု ဖြစ်သော ဗြိတိန် ရေနံကုမ္ပဏီ က ဝန်ထမ်းစုစုပေါင်း ၁ သောင်း လျှော့ချခြင်း ဖြင့် COVID-19 ရောဂါ ၏ သက်ရောက်မှုကို ရင်ဆိုင်သွားမည်ဟု  ထုတ်ပြန်ကြေညာ ခဲ့သည်။  (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.