Connect with us

Africa & Middle East

ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းတွင် စစ်တပ် “ခပ်စိတ်စိတ်” လှုပ်ရှားရန် အစ္စရေး ဝန်ကြီးချုပ် အမိန့်ချ

အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့ တောင်ပိုင်းရှိ Bat Yam တွင် ဘတ်စ်ကားပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်နေရာကို ဖေဖော်ဝါရီ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျေရုဆလမ်၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ)
ဖေဖော်ဝါရီ ၂၀ ရက် ညပိုင်းတွင် အစ္စရေးနိုင်ငံ အလယ်ပိုင်း နေရာအများအပြား၌ ဘတ်စ်ကားပေါက်ကွဲမှုနှင့် ပတ်သက်၍ အစ္စရေး ဝန်ကြီးချုပ် နေတန်ယာဟုက စစ်တပ်များကို ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းတွင် “ခပ်စိတ်စိတ်” လှုပ်ရှားများရန် အစ္စရေး ဝန်ကြီးချုပ်ရုံးက ဖေဖော်ဝါရီ ၂၁ ရက် နံနက်အစောပိုင်း၌ ပြောကြားခဲ့သည်။
နေရာအများအပြား၌ ဘတ်စ်ကားများ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် နေတန်ယာဟုနှင့် ကာကွယ်ရေးဝန်ကြီးစသည့် သက်ဆိုင်ရာတာဝန်ရှိသူများက လုံခြုံရေးသုံးသပ်မှုအစည်းအဝေး ခေါ်ယူကျင်းပခဲ့ကြောင်း အစ္စရေး ဝန်ကြီးချုပ်ရုံးက ဆိုရှယ်မီဒီယာတွင် ရေးသားဖော်ပြခဲ့သည်။ နေတန်ယာဟုက ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းရှိ ဂျူးဒီးယား- ရှမာရိဒေသတွင် “ခပ်စိတ်စိတ်” လှုပ်ရှားရန် ကာကွယ်ရေးတပ်များကို အမိန့်ချခဲ့ကြောင်း၊ ပိုမိုများပြားသောတိုက်ခိုက်မှုများကို ကြိုတင်တားဆီးရန် ရဲတပ်ဖွဲ့နှင့် အမျိုးသားလုံခြုံရေး ဌာနချုပ်အား ကြိုတင်ကာကွယ်ရေးအစီအမံများ အားဖြည့်ဆောင်ရွက်ထားရန်လည်း ညွှန်ကြားခဲ့ကြောင်း ဖော်ပြခဲ့သည်။
အစ္စရေးနိုင်ငံ အလယ်ပိုင်း နေရာအများအပြား၌ ဖေဖော်ဝါရီ ၂၀ ရက် ညပိုင်းက ဖြစ်ပွားသော ဘတ်စ်ကား ပေါက်ကွဲမှုတွင် ထိခိုက်၊ သေဆုံးသူ မရှိသေးကြောင်း အစ္စရေးမီဒီယာများ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ အစ္စရေး လုံခြုံရေးဌာနက စုံစမ်းစစ်ဆေးမှုတွင် ပါဝင်လာပြီး ပိုမိုများပြားသော ဖောက်ခွဲရေးပစ္စည်းများကို ရှာဖွေရန် တဲလ်အဗစ်မြို့နှင့် အနီးအနားရှိ ဘတ်စ်ကားများအာလုံးကို စစ်ဆေးခဲ့ကြောင်း သတင်း၌ ဖော်ပြခဲ့သည်။ (Xinhua)


……………………………………………………………………
(Chinese Version)
以总理下令军方在约旦河西岸开展“密集”行动
新华社耶路撒冷2月21日电 以色列总理办公室21日凌晨说,针对20日晚以色列中部多地公交车爆炸事件,以总理内塔尼亚胡已下令军方在约旦河西岸开展“密集”行动。
以色列总理办公室在社交媒体上说,在多地公交车爆炸事件发生后,内塔尼亚胡与国防部长等有关方面负责人召开安全评估会议。内塔尼亚胡下令国防军在约旦河西岸朱迪亚-撒马利亚地区开展“密集”行动。他还指示警方和国家安全总局加强预防措施,防止发生更多袭击。
据以色列媒体报道,以中部多地20日晚发生公交车爆炸事件,暂无人员伤亡报告。报道说,以色列安全部门已介入调查,并对特拉维夫及周边所有公交车辆进行检查,以搜寻更多可能的爆炸装置。(完)
图说1:这是2月20日在以色列特拉维夫市以南的巴特亚姆拍摄的公交车爆炸现场(视频截图)。新华社发