Connect with us

China

ခရီးသည်ခရီးစဉ်အကြိမ်ရေ ၉.၀၂ ဘီလီယံရှိ၊ ၂၀၂၅ နွေဦးပွဲတော် ခရီးသွားလာမှု စံချိန်သစ်တင်

တရုတ်နိုင်ငံ ကွမ်ကျိုးမြို့ တောင်ဘက် မီးရထားဘူတာရုံ နားနေခန်းမကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ)
လုပ်ငန်းအထူးအဖွဲ့၏ ကိန်းဂဏန်းအချက်အလက်များအရ နွေဦးပွဲတော်သယ်ယူပို့ဆောင်ရေး ရက်ပေါင်း ၄၀ (၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၄ ရက်မှ ဖေဖော်ဝါရီ ၂၂ ရက်အထိ) ကာလအတွင်း လူ့အဖွဲ့အစည်းတစ်ရပ်လုံးရှိ ဒေသဖြတ်ကျော်သွားလာသူပမာဏသည် ခရီးသည်ခရီးစဉ်အကြိမ်ရေ ၉.၀၂ ဘီလီယံရှိပြီး ၂၀၂၄ ခုနှစ် ကာလတူထက် ၇.၁ ရာခိုင်နှုန်း တိုးမြင့်လာကာ သမိုင်းတွင် စံချိန်သစ်တင်ခဲ့ကြောင်း သတင်းထောက်က ဖေဖော်ဝါရီ ၂၃ ရက်တွင် ၂၀၂၅ ခုနှစ် ဘက်စုံသယ်ယူပို့ဆောင်ရေး နွေဦးပွဲတော်သယ်ယူပို့ဆောင်ရေးလုပ်ငန်း အထူးအဖွဲ့မှ သိရသည်။

အသေးစိတ်ကြည့်မည်ဆိုလျှင် မီးရထားလုပ်ငန်း ခရီးသည် ပို့ဆောင်မှုပမာဏသည် ခရီးသည်ခရီးစဉ်အကြိမ်ရေ သန်း ၅၁၀ ရှိပြီး ၂၀၂၄ ခုနှစ် ကာလတူထက် ၆.၁ ရာခိုင်နှုန်း တိုးမြင့်လာကြောင်း၊ အဝေးပြေးလမ်း သွားလာမှုပမာဏသည် ခရီးသည်ခရီးစဉ်အကြိမ်ရေ ၈.၃၉ ဘီလီယံ (၎င်းအနက် ကိုယ်တိုင်ကားမောင်းသွားလာမှုပမာဏသည် ခရီးသည်ခရီးစဉ်အကြိမ်ရေ ၇.၁၇ ဘီလီယံ၊ အဝေးပြေး စီးပွားဖြစ် ခရီးသည်ပို့ဆောင်မှုပမာဏသည် ခရီးသည်ခရီးစဉ်အကြိမ်ရေ ၁.၂၂ ဘီလီယံ) ရှိပြီး ၂၀၂၄ ခုနှစ် ကာလတူထက် ၇.၂ ရာခိုင်နှုန်း တိုးမြင့်လာကြောင်း၊ ရေကြောင်း ခရီးသည်ပို့ဆောင်ရေးပမာဏသည် ခရီးသည်ခရီးစဉ်အကြိမ်ရေ ၃၁.၂၁ သန်းရှိပြီး ၂၀၂၄ ခုနှစ် ကာလတူထက် ၇.၆ ရာခိုင်နှုန်း တိုးမြင့်လာကြောင်း၊ မြို့ပြလေကြောင်း ခရီးသည် ပို့ဆောင်ရေးပမာဏသည် ခရီးသည်ခရီးစဉ်အကြိမ်ရေ ၉၀.၂၀ သန်းရှိပြီး ၂၀၂၄ ခုနှစ် ကာလတူထက် ၇.၄ ရာခိုင်နှုန်း တိုးမြင့်လာကြောင်း သိရသည်။ (Xinhua)

ထျန်းကျင်းမြန်နှုန်းမြင့်ရထား ခရီးသည်တင်ရထားအပိုင်းရှိ မြန်နှုန်းမြင့်ရထား လည်ပတ်မှုစခန်း၏ ရထားတွဲ ရပ်နားရာနေရာတွင် ထွက်ခွာရန် အသင့်ဖြစ်နေသော မြန်နှုန်းမြင့်ရထားတွဲများကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

 

………………………………………………………
(Chinese Version)
90.2亿人次!2025年春运创历史新纪录
新华社北京2月23日电(记者叶昊鸣)记者23日从2025年综合运输春运工作专班获悉,根据专班数据,春运40天(2025年1月14日至2月22日),全社会跨区域人员流动量90.2亿人次,比2024年同期增长7.1%,创历史新纪录。
具体来看,铁路旅客发送量为5.1亿人次,同比增长6.1%;公路人员流动量为83.9亿人次,同比增长7.2%(其中,自驾出行量为71.7亿人次,公路营业性客运量为12.2亿人次);水路旅客发送量为3121万人次,同比增长7.6%;民航旅客发送量为9020万人次,同比增长7.4%。(完)
图说1:这是2025年1月14日拍摄的广州南站候车大厅。新华社记者 邓华 摄
图说2:2025年1月14日,动车组列车在铁路天津动车客车段动车运用所停车场整装待发(无人机照片)。新华社记者 李然 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.