Asia
ထိုင်းနိုင်ငံ အရှေ့ပိုင်းတွင် ဘတ်စ်ကား မတော်တဆတိမ်းမှောက်မှုကြောင့် လူ ၁၇ ဦးသေဆုံး၊ ၃၂ ဦး ထိခိုက်ဒဏ်ရာရ

ဘန်ကောက်၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)
ထိုင်းနိုင်ငံ အရှေ့ပိုင်း ပရာချိန်း ဘူရီပြည်နယ်တွင် ဖေဖော်ဝါရီ ၂၆ ရက်၌ ခရီးသွားဘတ်စ်ကားတစ်စီး မတော်တဆ တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ လူ ၁၇ ဦးသေဆုံး၍ အခြားသူ ၃၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ယင်းပြည်နယ် လမ်းပန်းဆက်သွယ်ရေး လုံခြုံမှု ကွပ်ကဲရေးစင်တာ၏ အဆိုပါနေ့သတင်းအရ သိရသည်။
အဆိုပါယာဉ်မတော်တဆဖြစ်မှုသည် ဒေသစံတော်ချိန် ဖေဖော်ဝါရီ ၂၆ ရက် နံနက်အစောပိုင်း ၃ နာရီခန့်တွင် ကုန်းဆင်းလမ်းတစ်ခု၌ ဖြစ်ပွားခဲ့ကြောင်း၊ ထိုခရီးသွားဘတ်စ်ကားပေါ်တွင် စုစုပေါင်း လူ ၄၉ ဦးတင်ဆောင်လာရာ လူ ၁၆ ဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး ၁ ဦးမှာ ဆေးရုံသို့ ပို့ဆောင်ပြီးနောက် သေဆုံးခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရသူများကို နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း၊ မတော်တဆဖြစ်ရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ပရာချိန်း ဘူရီပြည်နယ် လမ်းပန်းဆက်သွယ်ရေး လုံခြုံမှု ကွပ်ကဲရေးစင်တာက ပြောကြားခဲ့သည်။
အခင်းဖြစ်ပွားရာလမ်းပိုင်းသည် ယာဉ်မတော်တဆ မကြာခဏဖြစ်ပွားလေ့ရှိသောဧရိယာဖြစ်ကြောင်း အခြားသော ထိုင်း “Siam Rath” သတင်းစာကလည်း ရဲသတင်းအရင်းအမြစ်၏ ပြောကြားချက်ကို ကိုးကား၍ ထုတ်ပြန်ခဲ့သည်။ ယာဉ်မတော်တဆဖြစ်ရသည့် အကြောင်းရင်းမှာ ဘရိတ်စနစ်ချို့ယွင်းမှုနှင့် ဆက်စပ်နိုင်ကြောင်း ကနဦး စုံစမ်းစစ်ဆေးမှုအရ ယူဆထားသည်။ (Xinhua)
………………………………………..
(Chinese Version)
泰国东部巴士翻车事故致17死32伤
新华社曼谷2月26日电(记者陈倩慈 高博)据泰国东部巴真府道路安全指挥中心26日消息,一辆旅游巴士当天在该府发生翻车事故,已造成17人死亡、32人受伤。
巴真府道路安全指挥中心表示,事故于当地时间26日凌晨3时左右发生在一个下坡路段。这辆旅游巴士共载有49人,16人当场死亡,1人送医后不治身亡,伤者已被送往附近医院。事故原因正在调查中。
另据泰国《沙炎叻报》援引警方消息报道,事发路段为事故多发区域。初步调查认为,事故原因可能与刹车系统失灵有关。(完)