Europe
ဂျာမနီနိုင်ငံ ဟမ်းဘတ်ဆိပ်ကမ်း၏ အကြီးဆုံး ကုန်သွယ်ဖက်အဖြစ် ယမန်နှစ်က တရုတ်နိုင်ငံ ဆက်လက် ရပ်တည်ခဲ့

ဘာလင်၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)
၂၀၂၄ ခုနှစ်တွင် ဂျာမနီနိုင်ငံ ဟမ်းဘတ်ဆိပ်ကမ်း၏ တရုတ်နိုင်ငံသို့ ကွန်တိန်နာ အဝင်အထွက်ပမာဏမှာ TEU ၂.၂ သန်း ရှိပြီး ၂၀၂၃ ခုနှစ် ကာလတူထက် ၀.၇ ရာခိုင်နှုန်းတိုးလာရာ ဆိပ်ကမ်း စုစုပေါင်း အဝင်အထွက်ပမာဏ၏ ၃၀ ရာခိုင်နှုန်းနီးပါးရှိသဖြင့် တရုတ်နိုင်ငံသည် ယင်းဆိပ်ကမ်း၏ ပထမအကြီးဆုံး ကုန်သွယ်ဖက်နေရာ၌ နှစ်ပေါင်းများစွာ ဆက်တိုက် ရပ်တည်ခဲ့ကြောင်း ဂျာမနီနိုင်ငံ ဟမ်းဘတ်ဆိပ်ကမ်း ဈေးကွက်ရှာဖွေရေးအသင်း၏ မကြာသေးမီရက်ပိုင်းက ထုတ်ပြန်သည့် အချက်အလက်များတွင် ဖော်ပြထားသည်။
ဟမ်းဘတ်ဆိပ်ကမ်း၏ ၂၀၂၄ ခုနှစ် ကွန်တိန်နာ အဝင်အထွက် စုစုပေါင်းပမာဏသည် ၀.၉ ရာခိုင်နှုန်း တိုးလာရာ TEU ၇.၈ သန်း အထိရှိခဲ့ကြောင်း၊ ၎င်းတို့အနက် အမေရိကန်နှင့် စင်ကာပူတို့က TEU ၆၉၀,၀၀၀ နှင့် TEU ၄၃၀,၀၀၀ အသီးသီး အဝင်အထွက်ရှိရာ ဒုတိယနှင့် တတိယ အကြီးဆုံး ကုန်သွယ်ဖက်များ ဖြစ်ကြောင်း စာရင်းတွင် ဖော်ပြထားသည်။ (Xinhua)
————————————————————————————–
(Chinese Version)
中国去年继续保持德国汉堡港最大贸易伙伴地位
新华社柏林2月25日电(记者车云龙)德国汉堡港营销协会日前发布的数据显示,2024年汉堡港对华集装箱吞吐量达220万标准箱,比上年增长0.7%,占港口总吞吐量近三成,中国连续多年稳居该港第一大贸易伙伴地位。
统计显示,汉堡港2024年集装箱总吞吐量增长0.9%至780万标准箱。其中,美国和新加坡分别以69万标准箱和43万标准箱吞吐量位列第二和第三大贸易伙伴。
1. 这是2024年5月27日拍摄的德国汉堡-比尔韦尔德DUSS货运场站。