Connect with us

China

တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာ့အမျိုးသမီးများ၏ လုပ်ငန်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုအတွက် အားကောင်းသော တွန်းအားသစ်ကို ဖြည့်တင်းပေးမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ပြောကြား

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် လျင်ကျန့်အား ဖေဖော်ဝါရီ ၂၆ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ် (ဓာတ်ပုံ - တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်)

ပေကျင်း၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)
ယခုနှစ်သည် ပေကျင်း ကမ္ဘာ့အမျိုးသမီးများညီလာခံ ကျင်းပခြင်း နှစ် ၃၀ ပြည့်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် လျင်ကျန့်က ဖေဖော်ဝါရီ ၂၆ ရက်တွင် ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် “ပေကျင်းကြေညာချက်” နှင့် “လှုပ်ရှားမှုအစီအစဉ်” ၏ နှစ် ၃၀ ပြည့် အထိမ်းအမှတ်အခွင့်အလမ်းအဖြစ် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့်အတူ သမိုင်းဝင်စမှတ် အသစ်တွင် ကမ္ဘာ့အမျိုးသမီးများ၏ လုပ်ငန်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုအတွက် အားကောင်းသော တွန်းအားသစ်ကို ဖြည့်တင်းပေးမည်ဟု ၎င်းက ပြောကြားခဲ့သည်။

အဆိုပါနေ့ သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ၅၈ ကြိမ်မြောက် အစည်းအဝေးသည် “ပေကျင်းကြေညာချက်နှင့် လှုပ်ရှားမှုအစီအစဉ် နှစ် ၃၀ ပြည့် အထိမ်းအမှတ်” အထူးဆွေးနွေးပွဲ ကျင်းပခဲ့ရာ တရုတ် အမျိုးသမီး အာကာသယာဉ်မှူး လျိုယန်က အစည်းအဝေးတွင် ဗီဒီယိုဖြင့် အမှာစကားပြောကြားခဲ့သည်ကို မိမိတို့ သတိထားမိကြောင်း၊ ပြောခွင့်ရပုဂ္ဂိုလ်အနေဖြင့် ဤအကြောင်းအရာနှင့် သက်ဆိုင်ရာ အခြေအနေများကို မိတ်ဆက်ပြောကြားပေးနိုင်မည်လောဟု မေးမြန်းခဲ့သည်။

လျင်ကျန့်က ယခုနှစ်သည် ပေကျင်း ကမ္ဘာ့အမျိုးသမီးများညီလာခံ ကျင်းပခြင်း နှစ် ၃၀ ပြည့်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဖေဖော်ဝါရီ ၂၄ ရက်တွင် ဂျီနီဗာမြို့၌ ကျင်းပလျက်ရှိသော ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ၅၈ ကြိမ်မြောက် အစည်းအဝေးသည် တရုတ်နိုင်ငံနှင့် သက်ဆိုင်ရာနိုင်ငံများ အတူအဆိုပြုသည့် ဆုံးဖြတ်ချက်အရ “ပေကျင်းကြေညာချက်နှင့် လှုပ်ရှားမှုအစီအစဉ် နှစ် ၃၀ ပြည့် အထိမ်းအမှတ်” အထူးဆွေးနွေးပွဲကို အောင်မြင်စွာကျင်းပခဲ့ကြောင်း၊ ကုလသမဂ္ဂဌာန၏ အမျိုးသမီးတာဝန်ရှိသူအများအပြားက ဧည့်သည်တော်များအဖြစ် မိန့်ခွန်းပြောကြားခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ကမ္ဘာ့ ထူးချွန် အမျိုးသမီး ကိုယ်စားလှယ်အနေဖြင့် တရုတ်နိုင်ငံ၏ ပထမဆုံး အာကာသသို့ ရောက်ရှိခဲ့သော အမျိုးသမီး အာကာသယာဉ်မှူး လျိုယန်က ဗီဒီယိုဖြင့် အဓိက အမှာစကားပြောကြားရာတွင် ခေတ်သစ် တရုတ်အမျိုးသမီး လုပ်ငန်းဆိုင်ရာ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှု အတွေးအခေါ်၏ အောင်မြင်မှုကို မိတ်ဆက်ခဲ့ကြောင်း လျင်ကျန့်က ပြောကြားခဲ့သည်။ ထိုသို့ပြောကြားရာတွင် လျိုယန်က “ပေကျင်းကြေညာချက်” စိတ်ဓာတ်၏ အကျိုးခံစားသူ၊ လက်တွေ့ဖော်ဆောင်သူ၊ သိပ္ပံနှင့်နည်းပညာက အမျိုးသမီးများကို စွမ်းဆောင်နိုင်မှုပေးခြင်း၏ သက်သေအနေဖြင့် ရှန်ကျိုးအာကာသယာဉ်အင်ဂျင်ကို စတင်မောင်းနှင်လိုက်စဉ်တွင် ခံစားရသည်မှာ တန်ချိန် ၆၀၀ တွန်းအား၏ တုန်ခါမှု ခံစားချက်သာမက သန်းပေါင်းရာနှင့်ချီသော တရုတ်အမျိုးသမီးများ၏ တွန်းအားကိုလည်း ခံစားရသည်ဟု ပြောကြားခဲ့ကြောင်း၊ တရုတ်နိုင်ငံ အာကာသလုပ်ငန်း၏ “စံနှုန်းရှေ့တွင် ကျား/မ ခွဲခြားမှု မရှိ” ဟူသော တန်းတူညီမျှ အယူအဆသည် တရုတ်နိုင်ငံ အမျိုးသမီးများ လုပ်ငန်းဖွံ့ဖြိုးတိုးတက်မှု၏ အဓိကယုတ္တိကို ပေါ်လွင်စေသလို စနစ်ပိုင်းဆိုင်ရာ အာမခံချက်ဖြင့် မျှတစွာယှဉ်ပြိုင်မှု ပတ်ဝန်းကျင်ကို ဖန်တီးပေးကြောင်း၊ ယင်းသည် “ပေကျင်းကြေညာချက်” စိတ်ဓာတ်၏ အသေးစိတ်လက်တွေ့ဖော်ဆောင်မှုဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

“ပေကျင်းကြေညာချက်” နှင့် “လှုပ်ရှားမှုအစီအစဉ်” သည် ကမ္ဘာ့အမျိုးသမီးများ လုပ်ငန်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု သမိုင်းမှတ်တိုင်ဖြစ်ရာ နှစ်ပေါင်း ၃၀ ကာလအတွင်း အမျိုးသမီးများ၏ အခွင့်အရေးကို ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် မြှင့်တင်ရေးအပေါ် အပြုသဘောဆောင်ပြီး ကျယ်ပြန့်စွာ သက်ရောက်မှုရှိခဲ့ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် “ပေကျင်းကြေညာချက်” နှင့် “လှုပ်ရှားမှုအစီအစဉ်” ၏ နှစ် ၃၀ ပြည့် အထိမ်းအမှတ်ကို အခွင့်အလမ်းအဖြစ် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့်အတူ သမိုင်းဝင်စမှတ် အသစ်တွင် ကမ္ဘာ့အမျိုးသမီးများ၏ လုပ်ငန်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုအတွက် အားကောင်းသော တွန်းအားသစ်ကို ဖြည့်တင်းပေးမည်ဟု လျင်ကျန့်က ပြောကြားခဲ့သည်။ (Xinhua)
…………………………………
(Chinese Version)
外交部:中国将为世界妇女事业发展注入新的强劲动力
新华社北京2月26日电(记者成欣、马卓言)外交部发言人林剑26日表示,今年是北京世界妇女大会召开三十周年。中国将以纪念《北京宣言》和《行动纲领》通过三十周年为契机,与国际社会一道,在新的历史起点上为世界妇女事业发展注入新的强劲动力。
当日例行记者会上,有记者问:我们注意到,联合国人权理事会第58届会议举行了“纪念《北京宣言》和《行动纲领》三十周年”专题研讨会,中国女航天员刘洋在会上作视频发言。发言人能否介绍有关情况?
林剑表示,今年是北京世界妇女大会召开三十周年。2月24日,正在日内瓦举行的联合国人权理事会第58届会议根据中国同有关国家共同提出的决议要求,成功举行了“纪念《北京宣言》和《行动纲领》三十周年”专题研讨会,多位女性联合国机构负责人作为嘉宾致辞。
林剑说,中国首位进入太空的女航天员刘洋作为世界杰出妇女代表以视频方式作主旨发言,介绍新时代中国妇女事业高质量发展理念成就。刘洋表示,作为《北京宣言》精神的受益者、践行者,科技赋能妇女的见证者,当神舟飞船引擎点燃时,感受到的不仅仅是600吨推力的震撼,更是亿万中国女性托举的力量。中国航天“标准面前无性别”的平等理念彰显了中国妇女事业发展的核心逻辑,即通过制度保障创造公平竞争环境,这正是《北京宣言》精神的具体实践。
林剑说,《北京宣言》和《行动纲领》是世界妇女事业发展史上的里程碑,通过30年来,对保护和促进妇女权利产生了积极深远影响。中国将以纪念《北京宣言》和《行动纲领》通过三十周年为契机,与国际社会一道,在新的历史起点上为世界妇女事业发展注入新的强劲动力。(完)