Connect with us

China

စံနှုန်းမြင့်စိုက်ခင်းတည်ဆောက်မှုက စားနပ်ရိက္ခာအထွက်နှုန်း အာမခံပေးမှုအတွက် သိသာသောရလဒ်များ ရရှိဟု တရုတ်စီးပွားရေး စားပွဲဝိုင်းဆွေးနွေးပွဲတွင် ပြောကြား

ပေကျင်း၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)
စိုက်ပျိုးမြေသည် စားနပ်ရိက္ခာထုတ်လုပ်မှု၏ အသက်သွေးကြောပင်ဖြစ်သည်။ စိုက်ပျိုးမြေ ကာကွယ်ရေးနှင့် အရည်အသွေးမြှင့်တင်မှုအား အားဖြည့်ရန် ၂၀၂၅ ခုနှစ် ဗဟိုအစိုးရ၏ အမှတ် (၁) စာတမ်းတွင် အတိအလင်းအဆိုပြုထားသည်။ စံနှုန်းမြင့် စိုက်ပျိုးမြေတည်ဆောက်မှုသည် စားနပ်ရိက္ခာ အထွက်နှုန်း အာမခံပေးမှုအတွက် သိသာသောရလဒ်များ ရရှိကြောင်း၊ စံနှုန်းမြင့် စိုက်ပျိုးမြေတည်ဆောက်ခြင်းဖြင့် စားနပ်ရိက္ခာ အထွက်နှုန်းကိုယေဘုယျအားဖြင့် ၁၀ ရာခိုင်နှုန်း ဝန်းကျင် တိုးမြှင့်နိုင်ကြောင်း တရုတ်နိုင်ငံ စိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာဝန်ကြီးဌာန ကျေးလက်စီးပွားရေး သုတေသနစင်တာ ဌာနမှူး ကျင်းဝန်ချိန်က ဆင်ဟွာသတင်းဌာန၏ ဖေဖော်ဝါရီ ၂၃ ရက်တွင် ထုတ်လွှင့်သည့် “တရုတ်စီးပွားရေး စားပွဲဝိုင်းဆွေးနွေးပွဲ” အကြီးစား မီဒီယာတွေ့ဆုံဆွေးနွေးမှု အစီအစဉ်တွင် ပြောကြားခဲ့သည်။ (Xinhua)
……………………….
(Chinese Version)
中国经济圆桌会|提升10%!高标准农田建设对保障粮食产量成效显著
新华社北京2月23日电(记者古一平)耕地是粮食生产的命根子。2025年中央一号文件明确提出强化耕地保护和质量提升。农业农村部农村经济研究中心主任金文成在新华社23日推出的“中国经济圆桌会”大型全媒体访谈节目上说,高标准农田建设对于保障粮食产量成效显著,通过高标准农田建设,粮食产能一般能提高10%左右。(完)