Connect with us

China

ကမ္ဘာ့အားကစားပြိုင်ပွဲ သမိုင်းတွင် ပထမဆုံးမီးရှူးတိုင် “ကျူမုန့်” ကို တရုတ်နိုင်ငံ ချိန်တူးမြို့၌ မိတ်ဆက်ပြသ

ကမ္ဘာ့အားကစားပြိုင်ပွဲ သမိုင်းတွင် ပထမဆုံးမီးရှူးတိုင် “ကျူမုန့်” ကို တရုတ်နိုင်ငံ ချိန်တူးမြို့ ထျန်းဖူအနုပညာဥယျာဉ်၌ ဖေဖော်ဝါရီ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ချိန်တူး၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ)
၂၀၂၅ ခုနှစ် ၁၂ ကြိမ်မြောက် ကမ္ဘာ့အားကစားပြိုင်ပွဲ မီးရှူးတိုင် မိတ်ဆက်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၂၇ ရက်တွင် တရုတ်နိုင်ငံ ချိန်တူးမြို့ ထျန်းဖူအနုပညာဥယျာဉ်၌ ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနား၌ ထူးချွန်အားကစားသမားကိုယ်စားလှယ်၊ မြို့သူမြို့သားကိုယ်စားလှယ်၊ နိုင်ငံတကာမှ မိတ်ဆွေများ စသဖြင့် နယ်ပယ်အသီးသီးမှ လူပုဂ္ဂိုလ်များ၏ အတူတကွသက်သေထူမှုဖြင့် ကမ္ဘာ့အားကစားပြိုင်ပွဲသမိုင်း၏ ပထမဆုံးမီးရှူးတိုင်ကို တရားဝင် မိတ်ဆက်ပြသ ခဲ့သည်။

ချိန်တူး ကမ္ဘာ့အားကစားပြိုင်ပွဲ မီးရှူးတိုင်ကို “ကျူမုန့်” ဟု အမည်ပေးထားပြီး “အိပ်မက်ဖော်ဆောင်သူ” ဟု အနက်အဓိပ္ပာယ်ရကာ မီးရှူးတိုင် လက်ဆင့်ကမ်းမှုဆောင်ပုဒ်ဖြစ်သည့် “ကမ္ဘာ့အားကစားပြိုင်ပွဲတွင် လက်တွဲ အတူ အိပ်မက်များအား ထွန်းလင်းမည်” နှင့် ကိုက်ညီနေပေသည်။ “ကျူမုန့်” ၏ ဒီဇိုင်းရေးဆွဲထားမှုတွင် မီးရှူးတိုင်ဒီဇိုင်း၊ အရောင်အသွေး၊ အလှဆင်ထားမှု စသည်တို့ဖြင့် ကမ္ဘာ့အားကစားပြိုင်ပွဲ၏ အယူအဆကို တင်ဆက်ဖော်ပြထားပြီး တရုတ်နိုင်ငံအကြောင်းကို ကောင်းမွန်စွာ တင်ဆက်လျက်ရှိသည်။
ကမ္ဘာ့အားကစားပြိုင်ပွဲ မီးရှူးတိုင် မိတ်ဆက်ပွဲအခမ်းအနားတွင် အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့အားကစားပြိုင်ပွဲ အသင်း (IWG) ဥက္ကဋ္ဌ José Perurena က ဗီဒီယိုဖြင့် မိန့်ခွန်းပြောကြားခဲ့သည်။ ၎င်းက ချိန်တူး ကမ္ဘာ့အားကစားပြိုင်ပွဲ မီးရှူးတိုင်အား မိတ်ဆက်ပြသမှုသည် ကမ္ဘာ့အားကစားပြိုင်ပွဲသမိုင်း၌ မှတ်ကျောက်တင်နိုင်သည့် ကိစ္စရပ်ဖြစ်ကြောင်း၊ ယင်းသည် ချိန်တူးအတွက် ထူးခြားသည့်အနက်အဓိပ္ပာယ်ရှိသည်သာမက ကမ္ဘာ့အားကစားပြိုင်ပွဲ မိသားစု တစ်ခုလုံးအတွက်လည်း အလားတူပင်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ချိန်တူး ကမ္ဘာ့အားကစားပြိုင်ပွဲ မီးရှူးတိုင် လက်ဆင့်ကမ်းမှုသည် ကမ္ဘာ့အားကစားပြိုင်ပွဲစိတ်ဓာတ်အတွက် ရှုထောင့်အသစ် တိုးလာစေကြောင်း၊ “ယခုနှစ် နွေရာသီမှာ အားလုံးနဲ့အတူ တစ်နေရာတည်းမှာ ဆုံစည်းကြဖို့ မျှော်လင့်ပါတယ်” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

ချိန်တူး ကမ္ဘာ့အားကစားပြိုင်ပွဲကို ၂၀၂၅ ခုနှစ် ဩဂုတ်လ ၇ ရက်တွင် စတင်ကျင်းပသွားမည်ဖြစ်သည်။ အိုလံပစ်အားကစားပြိုင်ပွဲမဟုတ်သော ပြိုင်ပွဲများအနက် အဆင့်အတန်းအမြင့်ဆုံး နိုင်ငံတကာ ဘက်စုံအားကစားပြိုင်ပွဲအနေဖြင့် ချိန်တူး ကမ္ဘာ့အားကစားပြိုင်ပွဲသည် ချိန်တူး ကမ္ဘာ့တက္ကသိုလ်ကျောင်းသားများ အားကစားပြိုင်ပွဲ ကျင်းပပြီးနောက် တရုတ်နိုင်ငံ အနောက်ပိုင်းဒေသတွင် ထပ်မံကျင်းပသည့် နိုင်ငံတကာ ဘက်စုံအားကစားပြိုင်ပွဲဖြစ်ကြောင်း သိရသည်။ (Xinhua)

………………………….
(Chinese Version)
世界运动会历史上首支火炬“竹梦”亮相成都
新华社成都2月27日电(记者陈地)27日,2025年第12届世界运动会火炬发布活动在成都天府艺术公园举行。在优秀运动员代表、市民代表、国际友人等各界人士见证下,世界运动会历史上首支火炬正式发布。
成都世运会火炬取名“竹梦”意为“逐梦”,呼应火炬传递口号“牵手世运,点燃梦想”。“竹梦”设计巧借火炬造型、色彩、纹饰等,传递世运理念,讲好中国故事。
在世运会火炬发布活动现场,国际世界运动会协会(IWGA)主席何塞·佩鲁雷纳通过视频发表致辞。他表示,成都世运会火炬发布是世界运动会历史上的里程碑事件,这不仅对成都意义非凡,对整个世运会大家庭亦是如此。成都世运会火炬传递将为世运会精神增添全新维度,“期待今年夏天能与大家欢聚一堂”。
成都世运会将于2025年8月7日正式召开,作为非奥运会项目最高水平的国际综合性运动会,是继成都大运会成功举办后,中国西部地区再次举办的国际综合性赛事。(完)
图说:这是2月27日在成都天府艺术公园拍摄的世界运动会历史上首支火炬“竹梦”。新华社发