Connect with us

China

အမေရိကန်က စည်းကြပ်ခွန် တိုးမြှင့်ကောက်ခံသည့် အစီအမံကို တရုတ်နိုင်ငံက ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ အငြင်းပွားမှု ဖြေရှင်းရေးယန္တရားတွင် တိုင်ကြားပြီးဖြစ်

ပေကျင်း၊ ဖေဖော်ဝါရီ ၄ ရက် (ဆင်ဟွာ)

အမေရိကန်က ဖေဖော်ဝါရီလ ၁ ရက်တွင် တရုတ်နိုင်ငံမှ ကုန်ပစ္စည်းများကို စည်းကြပ်ခွန် ၁၀ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံမည်ဟု ကြေညာခဲ့ကြောင်း၊ တရုတ်နိုင်ငံက မိမိ၏တရားဝင် အခွင့်အရေးနှင့် အကျိုးစီးပွားကို ကာကွယ်ရန်အတွက် အမေရိကန်က စည်းကြပ်ခွန် တိုးမြှင့်ကောက်ခံသည့် အစီအမံကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ၏ အငြင်းပွားမှု ဖြေရှင်းရေးယန္တရားတွင် တိုင်ကြားပြီးဖြစ်သည်ဟု တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ဖေဖော်ဝါရီလ ၄ ရက်တွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံမှ အမေရိကန်သို့ တင်ပို့သော ကုန်ပစ္စည်းများအပေါ် အမေရိကန်က စည်းကြပ်ခွန် တိုးမြှင့်ကောက်ခံမှုသည် WTO ၏ စည်းမျဉ်းစည်းကမ်းကို ပြင်းထန်စွာ ချိုးဖောက်နေပြီး အခြေအနေဆိုးရွားကာ တစ်ဖက်သတ်ဝါဒနှင် ကုန်သွယ်မှုဆိုင်ရာ ကိုယ်ကျိုးစီးပွား ကာကွယ်ရေးဝါဒ (trade protectionism) လုပ်ရပ်ဖြစ်သည်ဟု ပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။ အမေရိကန်၏လုပ်ရပ်သည် စည်းမျဉ်းစည်းကမ်းကိုအခြေခံသည့် နိုင်ငံစုံကုန်သွယ်ရေးယန္တရားကို ပြင်းထန်စွာ ထိခိုက်စေပြီး တရုတ်-အမေရိကန် နှစ်နိုင်ငံ၏ စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု အခြေခံကို ဖျက်ဆီးကာ တစ်ကမ္ဘာလုံး လုပ်ငန်းကွင်းဆက်၊ ထောက်ပံ့ရေးကွင်းဆက် တည်ငြိမ်မှုကို အနှောင့်အယှက် ဖြစ်စေကြောင်း၊ အမေရိကန်သည် တစ်ဖက်သတ်ဝါဒဖြင့် နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုဝါဒကို အကြိမ်များစွာ ကျော်လွန်လုပ်ဆောင်ခဲ့သဖြင့် WTO အဖွဲ့ဝင်များ၏ ပြင်းထန်စွာရှုတ်ချခြင်း ခံရကြောင်း၊ တရုတ်နိုင်ငံက အမေရိကန်၏လုပ်ရပ်ကို ပြတ်သားစွာ ကန့်ကွက်၍ အမေရိကန်က မှားယွင်းသောလုပ်ရပ်ကို ချက်ချင်းပြင်ဆင်ရန် တိုက်တွန်းကြောင်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် နိုင်ငံစုံကုန်သွယ်ရေးယန္တရားကို အခိုင်အမာ ထောက်ခံသူနှင့် အရေးပါ အကျိုးထမ်းဆောင်သူဖြစ်ကြောင်း၊ မိမိတို့သည် အခြား WTO အဖွဲ့ဝင်များနှင့်အတူ တစ်ဖက်သတ်ဝါဒနှင့် ကုန်သွယ်မှုဆိုင်ရာ ကိုယ်ကျိုးစီးပွား ကာကွယ်ရေးဝါဒ (trade protectionism) က နိုင်ငံစုံ ကုန်သွယ်မှုယန္တရားအပေါ် စိန်ခေါ်မှုကို ရင်ဆိုင်သွားမည်ဖြစ်ပြီး နိုင်ငံတကာကုန်သွယ်ရေး အစီအစဉ်ကျကျ တည်ငြိမ်စွာ တိုးတက်လာစေရန် ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်း ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်။ (Xinhua)

………………………
(Chinese Version)
中国已将美征税措施诉至世贸组织争端解决机制
新华社北京2月4日电 中国商务部新闻发言人4日表示,2月1日,美方宣布对中国有关产品加征10%关税,中方为捍卫自身合法权益,已将美征税措施诉至世贸组织争端解决机制。
发言人说,美方对中方输美产品加征关税,严重违反世贸组织规则,性质恶劣,是典型的单边主义和贸易保护主义做法。美方做法严重损害以规则为基础的多边贸易体制,破坏中美两国经贸合作基础,扰乱全球产业链供应链稳定。美方多次以单边主义凌驾多边主义,受到广大世贸成员的强烈谴责。中方对美方做法坚决反对,敦促美方立即纠正错误做法。
发言人表示,中方是多边贸易体制的坚定支持者和重要贡献者,我们愿与其他世贸成员一道,共同应对单边主义和贸易保护主义对多边贸易体制的挑战,维护国际贸易有序、稳定发展。(完)