Connect with us

China

ရှီကျင့်ဖိန်နှင့် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပေထုံတန် တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံသို့ တရားဝင် အလည်အပတ်ခရီးစဉ် လာရောက်သော ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပေထုံတန်နှင့် ဖေဖော်ဝါရီ ၆ ရက် နံနက်ပိုင်းက ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်တွင် တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံသို့ တရားဝင် အလည်အပတ်ခရီးစဉ် လာရောက်သော ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပေထုံတန်နှင့် ဖေဖော်ဝါရီ ၆ ရက် နံနက်ပိုင်းက ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ရှီကျင့်ဖိန်က တရုတ်-ထိုင်း ချစ်ကြည်ရေး လက်ဆင့်ကမ်းဆက်ခံလာသည်မှာ နှစ်ပေါင်းတစ်ထောင်ကျော်ရှိပြီဖြစ်ရာ “တရုတ်-ထိုင်း မိသားစုပမာ ချစ်ကြည်ရင်းနှီးမှု” သည် အချိန်ကြာလာသည်နှင့်အမျှ ပို၍ရှင်သန်အားကောင်းလာခဲ့ကြောင်း ထောက်ပြပြောကြားခဲ့သည်။ သံတမန် ဆက်ဆံရေးထူထောင်သည့် ရာစုနှစ်တစ်ဝက်ကြာကာလတွင် နှစ်နိုင်ငံသည် အပြန်အလှန်လေးစားမှု၊ တန်းတူညီမျှ ဆက်ဆံမှု၊ ရိုးသားစွာ အပြန်အလှန် ယုံကြည်မှု၊ အပြန်အလှန် ဖေးမကူညီမှုများကို လက်ကိုင်ထား၍ တစ်ဖက်နိုင်ငံ၏ နိုင်ငံ့ အချုပ်အခြာအာဏာ၊ လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေး အကျိုးစီးပွားအား ကာကွယ်ထိန်းသိမ်းမှုကို အစဉ်အမြဲ အခိုင်အမာ ထောက်ခံအားပေးခဲ့ကြကြောင်း၊ ယခုနှစ်သည် တရုတ်-ထိုင်း သံတမန်ဆက်ဆံရေး ထူထောင်သည့် နှစ် ၅၀ ပြည့် အခါမယနှင့် “တရုတ်-ထိုင်း ချစ်ကြည်ရေး ရွှေရောင် နှစ် ၅၀ ပြည့်” ဖြစ်ရာ နှစ်ဖက်အနေဖြင့် အစဉ်အလာကို ဆက်ခံ၍ အနာဂတ်သို့ အတူလက်တွဲ ရှေ့သို့ လျှောက်လှမ်းကာ တရုတ်-ထိုင်း အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးကို ထဲထဲဝင်ဝင် လက်တွေ့ဖော်ဆောင်ရေး တွန်းအားပေးပြီး နှစ်နိုင်ငံပြည်သူများအား ပိုမိုကောင်းမွန်စွာ အကျိုးဆောင်ရမည် ဖြစ်သလို ဒေသနှင့် ကမ္ဘာကို ပိုမို အကျိုးဖြစ်ထွန်းအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ရာစုနှစ်အတွင်း မကြုံစဖူး အပြောင်းအလဲကြီးများကို ရင်ဆိုင်ရာတွင် တရုတ်-ထိုင်း ဆက်ဆံရေး၏ တည်ငြိမ်မှုနှင့် သေချာရေရာမှုများဖြင့် ပြင်ပပတ်ဝန်းကျင်၏ မရေရာမှုကို ကိုင်တွယ်စီမံရန်အတွက် ထိုင်း-တရုတ် နှစ်နိုင်ငံသည် မဟာဗျူဟာ အပြန်အလှန်ယုံကြည်မှု ခိုင်မာရမည် ဖြစ်ပြီး အပြန်အလှန် အခိုင်အမာ ထောက်ခံအားပေးရမည် ဖြစ်ကြောင်း ရှီကျင့်ဖိန်က အလေးထား ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် ထိုင်းနိုင်ငံနှင့်အတူ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာများ ချိတ်ဆက်ပြီး အပြန်အလှန် အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှုများကို တိုးချဲ့သွားလိုကြောင်း၊ တရုတ်-ထိုင်း ရထားလမ်း စသည့် ပြယုဂ်စီမံကိန်းများကို ကောင်းမွန်စွာ ဖော်ဆောင်ပြီး တရုတ်-လာအို-ထိုင်း ချိတ်ဆက်ဖွံ့ဖြိုးတိုးတက်ရေး မျှော်မှန်းချက်က ပိုမိုများပြားသော အောင်မြင်မှုရလဒ်များ ဆောလျင်စွာ ရရှိရေး တွန်းအားပေးဆောင်ရွက်သွားလိုကြောင်း၊ ဒစ်ဂျစ်တယ် စီးပွားရေး၊ စွမ်းအင်သစ် မော်တော်ယာဉ် စသည့် ထွန်းသစ်စကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ နက်ရှိုင်းစွာ ဆောင်ရွက်မည်ဖြစ်သလို ပိုမို တည်ငြိမ်၊ ချောမွေ့သည့် ကုန်ထုတ်လုပ်ငန်းကွင်းဆက်၊ ထောက်ပံ့ရေးကွင်းဆက်ကို လက်တွဲအတူ တည်ဆောက်မည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အွန်လိုင်း လောင်းကစား၊ ဆက်သွယ်ရေး လိမ်လည်မှု တိုက်ဖျက်ရေးတွင် ထိုင်းနိုင်ငံက အားကောင်းသော အစီအမံများ ဆောင်ရွက်ခြင်းအပေါ် တရုတ်နိုင်ငံအနေဖြင့် တန်ဖိုးထားချီးကျူးပါကြောင်း၊ နှစ်ဖက်အနေဖြင့် လုံခြုံရေးကဏ္ဍ တရားဥပဒေစိုးမိုးရေးနှင့် တရားစီရင်ရေး ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်အားဖြည့်ကာ ပြည်သူများ၏အသက်အိုးအိမ်စည်းစိမ်လုံခြုံရေးကို ကာကွယ်ထိန်းသိမ်းရမည် ဖြစ်သလို ဒေသတွင်းနိုင်ငံများ ကူးလူးဖလှယ်ရေး ပူးပေါင်းဆောင်ရွက်မှု စနစ်ကို ကာကွယ်ထိန်းသိမ်းရမည် ဖြစ်ကြောင်း၊ အပြန်အလှန် သိရှိနားလည်မှု၊ ချစ်ကြည်ရင်းနှီးမှုကို နက်ရှိုင်းအောင် ဆောင်ရွက်ရမည် ဖြစ်ရာ သံတမန်ဆက်ဆံရေး ထူထောင်ခြင်း ၅၀ ပြည့်နှစ် အထိမ်းအမှတ် စုံလင်ကြွယ်ဝသော အစီအစဉ်များအား အတူတကွ ကျင်းပပြီး နှလုံးသားကို ပို၍ နွေးထွေးစေသော၊ ပြည်သူ့ အကျိုးဖြစ်ထွန်းစေသော လူမှုဘဝအကျိုးဖြစ်ထွန်းစေသည့် အစီအစဉ်များအား တည်ဆောက်ခြင်းဖြင့် တရုတ်-ထိုင်း ချစ်ကြည်ရေး ရင်ထဲစွဲမြဲနက်ရှိုင်းစေရန် ခေတ်အဆက်ဆက်လက်ဆင့်ကမ်းသွားရမည် ဖြစ်ကြောင်း၊ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ပူးတွဲ ဥက္ကဋ္ဌအဖြစ် ထိုင်းနိုင်ငံက တာဝန်ထမ်းဆောင်ခြင်းကို တရုတ်နိုင်ငံအနေဖြင့် အားပေးထောက်ခံသလို ထိုင်းနိုင်ငံက BRICS မိတ်ဖက်နိုင်ငံ ဖြစ်လာသည့်အပေါ် ဂုဏ်ပြုပါကြောင်း၊ ထိုင်းနိုင်ငံနှင့်အတူ နီးကပ်သည့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုများ ထားရှိကာ ကုလသမဂ္ဂအား ဗဟိုပြုသည့် နိုင်ငံတကာစနစ်နှင့် နိုင်ငံတကာဥပဒေအား အခြေခံသည့် နိုင်ငံတကာ စနစ်ကို အခိုင်အမာ ကာကွယ်သွားမည်ဖြစ်သလို ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ကာ ကမ္ဘာ့ ငြိမ်းချမ်းရေးအား ကာကွယ်ထိန်းသိမ်းပြီး ဘုံဖွံ့ဖြိုးတိုးတက်မှုအား မြှင့်တင်သွားလိုကြောင်း ပြောကြားခဲ့သည်။

ပေထုံတန်က “ထိုင်း-တရုတ် ချစ်ကြည်ရေး ရွှေရောင် နှစ် ၅၀ ပြည့်” အခါသမယတွင် တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်ရသည့်အတွက် အလွန်ဝမ်းသာကြောင်း ပြောကြားခဲ့သည်။
နှစ် ၅၀ ကြာကာလအတွင်း ထိုင်း-တရုတ် ဆက်ဆံရေးသည် မိုးဒဏ်လေဒဏ်ကို ဖြတ်သန်းခဲ့ကြရာ အစဉ်အမြဲ အပြန်အလှန် ဖေးမကူညီမှု၊ အတူတကွ ဖွံ့ဖြိုးတိုးတက်မှု၊ အစဉ်အမြဲ အပြန်အလှန် ယုံကြည်မှု၊ အပြန်အလှန် ဗဟိုအကျိုးစီးပွားများအား လေးစားမှုများဖြင့် တစ်မူထူးခြားသော ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်သည့် ဆက်ဆံရေးကို ထူထောင်ခဲ့ကြကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို အခိုင်အမာ ကျင့်သုံးကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ အဆင့်မြင့်အလွှာ ကူးလူးဖလှယ်ရေးကို အားဖြည့်ကာ အပြန်အလှန် ချိတ်ဆက်မှု၊ ကုန်သွယ်စီးပွား၊ လယ်ယာစိုက်ပျိုးရေး စသည့် ကဏ္ဍများ၌ နီးကပ်သော ပူးပေါင်းဆောင်ရွက်မှုများ ထားရှိသွားလိုကြောင်း၊ လူမှုယဉ်ကျေးမှုဖလှယ်ရေး၊ ပြည်သူချင်း စိတ်ချင်းယှက်နွှယ်ရေးကို မြှင့်တင်ကာ ငြိမ်းချမ်းရေးကို အတူမျှဝေ၍ အတူတကွ စည်ပင်ဝပြောသော နောက်ထပ် နှစ် ၅၀ ကို ဖွင့်လှစ်ပြီး သားစဉ်မြေးဆက် အကျိုးဖြစ်ထွန်းအောင် ဆောင်ရွက်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် အခြားသော အိမ်နီးချင်းနိုင်ငံများနှင့်အတူ တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်သွားလိုပြီး ထိရောက်သည့် အစီအမံများကို ပြတ်ပြတ်သားသား ဆောင်ရွက်ကာ အွန်လိုင်းလောင်းကစား၊ ဆက်သွယ်ရေး လိမ်လည်မှု စသည့် နယ်စပ်ဖြတ်ကျော် ပြစ်မှုများကို တိုက်ဖျက်သွားလိုကြောင်း၊ နိုင်ငံတကာရေးရာတွင် တရုတ်နိုင်ငံက တာဝန်သိနိုင်ငံကြီး အခန်းကဏ္ဍမှ အစဉ်အမြဲပါဝင်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အကျိုးစီးပွားကို အခိုင်အမာ ကာကွယ်ထိန်းသိမ်းပေးရာ ထိုင်းနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုများ အားဖြည့်၍ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို အတူတကွ ရင်ဆိုင်ဖြေရှင်းသွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။ အဆိုပါတွေ့ဆုံဆွေးနွေးပွဲကို ဝမ်ရိ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံသို့ တရားဝင် အလည်အပတ်ခရီးစဉ် လာရောက်သော ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပေထုံတန်နှင့် ဖေဖော်ဝါရီ ၆ ရက် နံနက်ပိုင်းက ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်တွင် တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

………………………..

(Chinese Version)
习近平会见泰国总理佩通坦
新华社北京2月6日电(记者董雪、邵艺博)2月6日上午,国家主席习近平在北京人民大会堂会见来华进行正式访问的泰国总理佩通坦。
习近平指出,中泰友好传承千年,“中泰一家亲”历久弥新。建交半个世纪以来,两国坚持相互尊重、平等相待、真诚互信、守望相助,始终坚定支持对方维护国家主权、安全、发展利益。今年是中泰建交50周年暨“中泰友谊金色50年”,双方要继往开来、携手前行,推动中泰命运共同体建设走深走实,更好造福两国人民,更多惠及地区和世界。
习近平强调,面对百年未有之大变局,中泰双方要巩固战略互信,坚定相互支持,以中泰关系的稳定性和确定性应对外部环境的不确定性。中方愿同泰方对接发展战略,拓展互利合作,实施好中泰铁路等旗舰项目,推动中老泰联通发展构想早日取得更多成果。深化数字经济、新能源汽车等新兴领域合作,携手打造更加稳定畅通的产业链供应链。中方赞赏泰方采取有力措施打击网赌电诈,双方要继续加强执法安全和司法合作,维护人民生命财产安全,维护地区国家交往合作秩序。要深化相知相亲,共同举办丰富多彩的建交50周年庆祝活动,打造更多暖人心、惠民生工程,让中泰友好深入人心、世代相传。中方支持泰国担任澜湄合作共同主席,祝贺泰国成为金砖伙伴国,愿同泰方密切沟通协作,坚定捍卫以联合国为核心的国际体系和以国际法为基础的国际秩序,增进全球南方团结合作,维护世界和平,促进共同发展。
佩通坦表示,很高兴在“泰中友谊金色50年”之际访华。50年来,泰中关系经历风雨,始终守望相助、共同发展,始终相互信任、尊重彼此核心利益,建立了特殊的友好合作关系。泰方坚定奉行一个中国政策,期待同中方一道,加强高层交往,密切互联互通、经贸、农业等领域合作,促进人文交流、民心相通,开启共享和平、共同繁荣的下一个50年,造福子孙后代。泰方愿同中方和其他邻国加强执法合作,采取坚决有效措施,打击网赌电诈等跨境犯罪。中国在国际事务中始终发挥负责任大国作用,坚定维护发展中国家利益,泰方愿同中方加强协调配合,共同应对全球性挑战。
王毅参加会见。(完)
1. 2月6日上午,国家主席习近平在北京人民大会堂会见来华进行正式访问的泰国总理佩通坦。 新华社记者 刘卫兵 摄