Connect with us

China

ရှီကျင့်ဖိန်နှင့် အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ သောမတ်စ်ဘတ်ချ် တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ၉ ကြိမ် အာရှ ဆောင်းရာသီ အားကစားပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ရန် တရုတ်နိုင်ငံသို့ ရောက်ရှိလာသော အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ သောမတ်စ်ဘတ်ချ်နှင့် ဖေဖော်ဝါရီ ၇ ရက် ညနေပိုင်းက ဟားအယ်ပင်းမြို့တွင် တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ဟားအယ်ပင်း၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ၉ ကြိမ် အာရှ ဆောင်းရာသီ အားကစားပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ရန် တရုတ်နိုင်ငံသို့ ရောက်ရှိလာသော အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ သောမတ်စ်ဘတ်ချ်နှင့် ဖေဖော်ဝါရီ ၇ ရက် ညနေပိုင်းက ဟားအယ်ပင်းမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ရှီကျင့်ဖိန်က ယခုနှစ်များတွင် တရုတ်နိုင်ငံအနေဖြင့် ပေကျင်း ဆောင်းရာသီ အိုလံပစ် အားကစားပွဲ၊ ချိန်တူး ကမ္ဘာ့တက္ကသိုလ် အားကစားပွဲ၊ ဟန်ကျိုး အာရှအားကစားပွဲများကို အောင်မြင်စွာ ကျင်းပခဲ့ရာ ယခုညချမ်း၌ ဟားအယ်ပင်း အာရှ ဆောင်းရာသီ အားကစားပွဲကို ကြိုဆိုရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဤအဓိက အားကစားပြိုင်ပွဲများသည် တရုတ်နိုင်ငံနှင့် အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီတို့၏ နီးကပ်သည့် ပူးပေါင်းဆောင်ရွက်မှုကို ဖော်ပြခြင်းဖြစ်ကြောင်း ၊ အိုလံပစ်စိတ်ဓာတ်သည် လူသားမျိုးနွယ် ယဉ်ကျေးမှု၏ အဓိက အစိတ်အပိုင်းဖြစ်ပြီး တရုတ်ပုံစံ ခေတ်မီအသွင်ပြောင်းမှုဖြင့် အင်အားကြီးနိုင်ငံတည်ဆောက်ရေး၊ အမျိုးသား မဟာပြန်လည်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ကို တွန်းအားပေးခြင်း၊ လူသားမျိုးနွယ် အေးအတူ ပူအမျှ အသိုက်အဝန်း အတူတည်ဆောက်ရေး မျှော်မှန်းချက်နှင့် အထူးကိုက်ညီပါကြောင်း၊ တရုတ်နိုင်ငံသည် အိုလံပစ်စိတ်ဓာတ်ကို တရုတ်နိုင်ငံ၏ ကောင်းမွန်သော အစဉ်အလာယဉ်ကျေးမှုများနှင့် ပေါင်းစပ်သွားမည် ဖြစ်ပြီး အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို အားသွန်ခွန်စိုက် ဆောင်ရွက်ကာ အားကစားအင်အားကြီးနိုင်ငံ၊ ကျန်းမာကောင်းမွန်သော တရုတ်နိုင်ငံ ရည်မှန်းချက်ကို တက်လှမ်းသွားမည် ဖြစ်ရာ နိုင်ငံတကာ အားကစားကဏ္ဍအတွက် အကျိုးသစ်များ အဆက်မပြတ် မုချမသွေ ဆောင်ကြဉ်းပေးမည် ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီနှင့်အတူ အိုလံပစ် အားကစား ရှင်သန်အားကောင်းစွာ ဖွံ့ဖြိုးတိုးတက်ရေး ဆက်လက်တွန်းအားပေးသွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။

သောမတ်စ်ဘတ်ချ်က အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီအား တရုတ်နိုင်ငံက ရေရှည် အားထုတ်ပံ့ပိုးမှုအပေါ် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။  တရုတ်နိုင်ငံသည် အံ့ဩဖွယ်အမှတ်တရဖြစ်စေသည့် ပေကျင်း ဆောင်းရာသီ အိုလံပစ် အားကစားပွဲ စသည့် အဓိကပြိုင်ပွဲကြီးများကို အောင်မြင်စွာ ကျင်းပခဲ့ရာ အပြည်ပြည်ဆိုင်ရာ အိုလံပစ်လုပ်ငန်းအတွက် ကြီးမားသည့် အခန်းကဏ္ဍမှ အကျိုးဆောင်ခဲ့ပါကြောင်း၊ တရုတ်နိုင်ငံက စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ရေး၊ တန်းတူညီမျှ လေးစားရေး စသည့် အတွေးအခေါ်များကို  အဆိုပြုဖော်ဆောင်ပြီး နိုင်ငံပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒကို အခိုင်အမာ ကိုင်စွဲကာ အားကစား နိုင်ငံရေး အသွင်ပြောင်းမှုကို ဆန့်ကျင်ကြောင်း၊ အပြည်ပြည်ဆိုင်ရာ အားကစားလုပ်ငန်းတွင် ဖွံ့ဖြိုးဆဲနိုင်ငံများ ကျယ်ကျယ်ပြန့်ပြန့်ပါဝင်အောင် ပံ့ပိုးလျက်ရှိရာ အိုလံပစ် အားကစား ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်ရေးကို အားကောင်းသည့် တွန်းအားပေးမှု ဖြစ်စေပါကြောင်း၊ တရုတ်နိုင်ငံက  ပို၍ကြီးမားသော ဖွံ့ဖြိုးတိုးတက်ရေး အောင်မြင်မှုများဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေး၊ တိုးတက်ရေး လုပ်ငန်းများ၌ ပိုမိုကြီးမားသော အခန်းကဏ္ဍမှ ပါဝင်မည်ဟု ယုံကြည်ပါကြောင်း၊ ဟားအယ်ပင်း ဆောင်းရာသီ အားကစားပွဲ မုချမသွေ အပြည့်အဝအောင်မြင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် ချိုက်ချီ၊ ဝမ်ရိ၊ ချန်ရီချင်တို့ ပါဝင်ခဲ့ကြသည်။ (Xinhua)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ၉ ကြိမ် အာရှ ဆောင်းရာသီ အားကစားပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ရန် တရုတ်နိုင်ငံသို့ ရောက်ရှိလာသော အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ သောမတ်စ်ဘတ်ချ်နှင့် ဖေဖော်ဝါရီ ၇ ရက် ညနေပိုင်းက ဟားအယ်ပင်းမြို့တွင် တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

—————————————-
(Chinese Version)
习近平会见国际奥林匹克委员会主席巴赫
新华社哈尔滨2月7日电(记者曹嘉玥、徐凯鑫)2月7日下午,国家主席习近平在哈尔滨会见来华出席第九届亚洲冬季运动会开幕式的国际奥林匹克委员会主席巴赫。
习近平指出,近年来,中国成功举办北京冬奥会、成都大运会、杭州亚运会,今晚将迎来哈尔滨亚冬会。这些重大体育赛事,都体现了中国同国际奥委会的密切合作。奥林匹克精神是人类文明的重要组成部分,与中国以中国式现代化全面推进强国建设、民族复兴伟业的目标和推动构建人类命运共同体的愿景高度契合。中国将奥林匹克精神同中华优秀传统文化相结合,大力发展体育事业,朝着建设体育强国、健康中国目标迈进,必将为国际体育事业不断作出新的贡献。我们愿同国际奥委会一道,继续推动奥林匹克运动蓬勃发展。
巴赫表示,感谢中方长期以来给予国际奥委会的大力支持。中国成功举办精彩难忘的北京冬奥会等重大赛事,为国际奥林匹克事业作出了重大贡献。中国倡导并践行团结合作、平等尊重等理念,坚持多边主义,反对体育政治化,支持发展中国家广泛参与国际体育事业,有力推动了奥林匹克运动健康发展。相信中国将不断以更大的发展成就,在世界和平、发展、进步事业中发挥更大作用。相信哈尔滨亚冬会一定会圆满成功。
蔡奇、王毅、谌贻琴等参加会见。(完)