China
ရှီကျင့်ဖိန်နှင့် ရုရှား ဖက်ဒရေးရှင်း လုံခြုံရေးကောင်စီ အတွင်းရေးမှူး Sergei Shoigu တွေ့ဆုံဆွေးနွေး

ပေကျင်း၊ မတ် ၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ရုရှား ဖက်ဒရေးရှင်း လုံခြုံရေးကောင်စီ အတွင်းရေးမှူး Sergei Shoigu နှင့် ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်တွင် ဖေဖော်ဝါရီ ၂၈ ရက် ညနေပိုင်းက တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့ တွေ့ဆုံရာတွင် ရှီကျင့်ဖိန်က တရုတ်-ရုရှားသည် တောတောင်ရေမြေချင်း ဆက်စပ်နေသည့် ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံများ ဖြစ်ကြသလို ခိုင်မာမြဲမြံသည့် မိတ်ဆွေစစ်၊ မိတ်ဆွေမှန် ပို၍ ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယခုနှစ်တွင် မိမိနှင့် သမ္မတ ပူတင် နှစ်ကြိမ် ဆွေးနွေးဖလှယ်မှုများ ပြုလုပ်ခဲ့ရာ တရုတ်-ရုရှား ဆက်ဆံရေး တိုးတက်ရန်အတွက် ထိပ်တန်းအလွှာ အစီအမံများ ချမှတ်ခဲ့သလို အရေးကြီးသည့် နိုင်ငံတကာနှင့် ဒေသရေးရာ ကိစ္စရပ်များစွာကို နက်ရှိုင်းစွာ ဖလှယ်ခဲ့ကြောင်း၊ ယခုနှစ်သည် တရုတ်ပြည်သူများ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲ၊ ဆိုဗီယက်ပြည်ထောင်စု မဟာမျိုးချစ်စစ်ပွဲနှင့် ကမ္ဘာ့ ဖက်ဆစ်တော်လှန်ရေး စစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် ဖြစ်သလို ကုလသမဂ္ဂ တည်ထောင်ခြင်း နှစ် ၈၀ ပြည့်လည်း ဖြစ်ကြောင်း၊ ဤကဲ့သို့ တစ်မူထူးခြားသော သမိုင်းအနက်အဓိပ္ပာယ်ရှိသည့် နှစ်ကာလတွင် တရုတ်-ရုရှား ဆက်ဆံရေး အရေးကြီးသည့် ဆွေးနွေးမှုအစီအစဉ်များစွာကို ဆက်တိုက်ဆောင်ရွက်သွားကြမည် ဖြစ်ကြောင်း ၎င်းက ထောက်ပြခဲ့သည်။
နှစ်နိုင်ငံ အလွှာအသီးသီးအနေဖြင့် နီးကပ်သော ညှိနှိုင်းဆွေးနွေးမှုများကို ထိန်းသိမ်းကာ မိမိနှင့် သမ္မတ ပူတင်တို့ ရရှိထားသော ဘုံသဘောတူညီချက်ကို ဘက်စုံ ဖော်ဆောင်သွားရမည် ဖြစ်ကြောင်း၊ ထာဝရ အိမ်နီးချင်းကောင်း ချစ်ကြည်ရေး၊ ဘက်စုံ မဟာဗျူဟာ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေး၊ အပြန်အလှန်အကျိုးဖြစ်ထွန်းသော ဘုံအကျိုးစီးပွား ဖော်ဆောင်ရေးဖြစ်သော ခေတ်သစ် တရုတ်-ရုရှား ဆက်ဆံရေး စိတ်ဓာတ်အချက်အချာကို ကျယ်ပြန့်အောင် မြှင့်တင်ကာ မဟာဗျူဟာ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုနှင့် လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများ စဉ်ဆက်မပြတ် နက်ရှိုင်းအောင် ဆောင်ရွက်ပြီး နှစ်နိုင်ငံ အတူတကွ ဖွံ့ဖြိုးတိုးတက် အားကောင်းလာရေးအတွက် အထောက်အပံ့ အင်အားပြုရမည် ဖြစ်ကြောင်း၊ နှစ်ဖက်အနေဖြင့် နိုင်ငံတကာနှင့် ဒေသရေးရာ ကိစ္စရပ်များတွင် ညှိနှိုင်းမှုများကို ဆက်လက်အားဖြည့် ဆောင်ရွက်ရမည် ဖြစ်ရာ BRICS နှင့် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ (SCO) ၏ အခန်းကဏ္ဍကို အပြည့်အဝ အသုံးချကာ ကမ္ဘာ့တောင်ဘက်ခြမ်း စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ရေး ဦးတည်ချက်ကြီးကို ခိုင်မာအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
Sergei Shoigu က သမ္မတ ရှီကျင့်ဖိန်ထံသို့ သမ္မတ ပူတင်၏ ရင်းနှီးစွာ နှုတ်ခွန်းဆက်စကားကို ပြောကြားခဲ့ရာ သမ္မတ ပူတင်အနေဖြင့် သမ္မတ ရှီကျင့်ဖိန်နှင့် စစ်မှန်သောချစ်ကြည်ရေးနှင့် နီးကပ်သည့် ဆက်သွယ်မှုကို အထူး တန်ဖိုးထားကြောင်း ပြောကြားခဲ့သည်။
ရုရှား-တရုတ် ဆက်ဆံရေးသည် မကြုံစဖူး မြင့်မားသောအဆင့်သို့ ရောက်ရှိနေပြီး မည်သည့်တတိယဘက်ကိုမျှ ပစ်မှတ်မထားကြောင်း၊ ရုရှား-တရုတ် ပေါင်းစည်းမှုက ကမ္ဘာ၏အရေးကြီးသည့်အခန်းကဏ္ဍမှ ပါဝင်သလို နိုင်ငံကြီးများ ဆက်ဆံရေး၏ စံနမူနာကို ထူထောင်နိုင်ခဲ့ကြောင်း၊ ရုရှား-တရုတ် နှစ်နိုင်ငံသည် အပြန်အလှန် ယုံကြည်မှု၊ တန်းတူညီမျှ တွေ့ဆုံဆွေးနွေးမှု အစဉ်အမြဲရှိရာ နှစ်နိုင်ငံ မဟာဗျူဟာပူးပေါင်းဆောင်ရွက်မှုသည် နှစ်ဖက်ဘုံအကျိုးစီးပွားနှင့် ကိုက်ညီကြောင်း၊ ရုရှားနိုင်ငံအနေဖြင့် နှစ်နိုင်ငံခေါင်းဆောင်များ ရရှိထားသော အရေးကြီးသဘောတူညီချက်များကို လက်တွေ့ ဖော်ဆောင်သွားမည်ဖြစ်ပြီး တရုတ်နိုင်ငံနှင့်ဆက်ဆံရေးကို မပြောင်းမလဲခိုင်မာစွာ အားဖြည့်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ယူကရိန်းအကျပ်အတည်း ငြိမ်းချမ်းစွာ ဖြေရှင်းရေး တွန်းအားပေးမှုတွင် တရုတ်နိုင်ငံက အစဉ် အပြုသဘော ပါဝင်ဆောင်ရွက်ခဲ့ကြောင်း၊ ထို့အပေါ် ရုရှားနိုင်ငံအနေဖြင့် အလေးအနက် တန်ဖိုးထားပါကြောင်း ၎င်းက ပြောကြားခဲ့သည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် ဝမ်ရိ ပါဝင် တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ရုရှား ဖက်ဒရေးရှင်း လုံခြုံရေးကောင်စီ အတွင်းရေးမှူး Sergei Shoigu တို့ ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်တွင် ဖေဖော်ဝါရီ ၂၈ ရက် ညနေပိုင်းက တွေ့ဆုံဆွေးနွေးခဲ့စဉ် (ဆင်ဟွာ)
………………………..
(Chinese Version)
习近平会见俄罗斯联邦安全会议秘书绍伊古
新华社北京2月28日电(记者董雪)2月28日下午,国家主席习近平在北京人民大会堂会见俄罗斯联邦安全会议秘书绍伊古。
习近平指出,中俄是山水相连的友好邻邦,更是百炼成钢的真心朋友。今年我同普京总统已两次交流,对中俄关系发展作出顶层设计,就一系列重大国际和地区问题深入沟通。今年是中国人民抗日战争、苏联伟大卫国战争暨世界反法西斯战争胜利80周年,也是联合国成立80周年。在这样一个具有特殊历史意义的年份,中俄关系将迎来一系列重要议程。双方各层级要保持密切沟通,全面落实我同普京总统达成的共识,弘扬永久睦邻友好、全面战略协作、互利合作共赢的新时代中俄关系精神内核,不断深化战略协作和务实合作,助力两国共同发展振兴。双方要继续加强在国际和地区事务中的协调,充分发挥金砖国家和上海合作组织作用,巩固全球南方团结合作大方向。
绍伊古转达普京总统对习近平主席的亲切问候,表示普京总统高度珍视同习近平主席的真挚友谊和密切联系。俄中关系处于前所未有的高水平,不针对任何第三方。俄中组合在世界上发挥了重要作用,树立了大国关系典范。俄中始终相互信任、平等对话,两国战略合作符合双方共同利益。俄方将切实落实两国元首达成的重要共识,坚定不移加强对华合作。中方一直积极推动乌克兰危机和平解决,俄方对此深表赞赏。
王毅参加会见。(完)
1. 2月28日下午,国家主席习近平在北京人民大会堂会见俄罗斯联邦安全会议秘书绍伊古。 新华社记者 刘卫兵 摄