Connect with us

Europe

အမေရိကန်က ကနေဒါ၏ “အရင်းအမြစ်၊ ရေ၊ မြေယာနှင့် နိုင်ငံ” ကို လိုချင်တပ်မက် ဖြစ်နေသည်ဟု ကနေဒါဝန်ကြီးချုပ် ပြောကြား

ကနေဒါနိုင်ငံ တိုရွန်တိုမြို့ရှိ ပါတီအတွင်း ရွေးကောက်မှုအတွက် လူထုစည်းရုံးပွဲ၌ မိန့်ခွန်းပြောကြားနေသော ကနေဒါ လစ်ဘရယ်ပါတီ ခေါင်းဆောင် ကိုယ်စားလှယ်လောင်း Mark Carney အား ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အော့တဝါ၊ မတ် ၁၁ ရက် (ဆင်ဟွာ)
အမေရိကန်က ကနေဒါ၏ “အရင်းအမြစ်၊ ရေ၊ မြေယာနှင့် နိုင်ငံ” ကို လိုချင်တပ်မက် ဖြစ်နေသည်ဟု မကြာမီ ကနေဒါနိုင်ငံ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်တော့မည့် Mark Carney က မတ် ၉ ရက်တွင် ပြောကြားခဲ့သည်။

ယင်းနေ့အစောပိုင်းတွင် Mark Carney သည် အပြတ်အသတ် အားသာချက်ဖြင့် ကနေဒါ အာဏာရပါတီ လစ်ဘရယ်ပါတီ၏ ခေါင်းဆောင်အသစ်အဖြစ် ရွေးချယ်ခံရသည်။ “အမေရိကန်က ကျွန်တော်တို့ရဲ့ အရင်းအမြစ်၊ ကျွန်တော်တို့ရဲ့ ရေ၊ ကျွန်တော်တို့ရဲ့ မြေယာ သာမက ကျွန်တော်တို့ရဲ့ နိုင်ငံကိုလည်း လိုချင်တပ်မက် ဖြစ်နေတယ်။ အကြံအစည် အထမြောက်တာနဲ့ ကျွန်တော်တို့ရဲ့ဘဝက ဖျက်ဆီးခံရလိမ့်မယ်” ဟု Mark Carney က ရွေးကောက်ပွဲ အောင်မြင်သည့် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

Mark Carney က ၎င်းတို့အစိုးရအနေဖြင့် အမေရိကန်အပေါ် လက်တုံ့ပြန်သည့် စည်းကြပ်ခွန်အစီအမံများကို ဆက်လက်ထားရှိမည် ဖြစ်ကြောင်း၊ အမေရိကန်သမ္မတ ထရမ့်ရဲ့ အကြံအစည် မအောင်မြင်စေရန် ကနေဒါက သွေးစည်းညီညွတ်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

စိန်ခေါ်မှုအသစ်ကို ရင်ဆိုင်ကိုင်တွယ်ရာတွင် အတွေးအခေါ်သစ်နှင့် အစီအစဉ်အသစ် လိုအပ်သည်ကို ကနေဒါပြည်သူများက သိရှိကြောင်း၊ ကနေဒါအစိုးရအနေဖြင့် ပို၍ အင်အားကြီးမားသော စီးပွားရေးကို တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ ယုံကြည်အားထားရသည့် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်များနှင့် ကုန်သွယ်မှုဆက်ဆံရေး အသစ်ကို တည်ဆောက်သွားမည် ဖြစ်သလို နယ်စပ်လုံခြုံရေးကို အာမခံထားဆောင်ရွက်သွားမည် ဖြစ်ကြောင်း Mark Carney က ပြောကြားခဲ့သည်။

လစ်ဘရယ်ပါတီ၏ ခေါင်းဆောင်အသစ်အဖြစ် ရွေးချယ်ခံရသည့် Mark Carney သည် လက်ရှိဝန်ကြီးချုပ် ထရူးဒိုး၏ နေရာတွင် ဆက်ခံ၍ ကနေဒါဝန်ကြီးချုပ်အဖြစ် ထမ်းဆောင်ကာ အစိုးရအဖွဲ့အသစ် ဖွဲ့စည်းသွားမည်ဖြစ်သည်။ (Xinhua)

——————————
(Chinese Version)
卡尼:美国觊觎加拿大的“资源、水、土地和国家”
新华社渥太华3月9日电(记者林威)即将出任加拿大总理的马克·卡尼9日说,美国觊觎加拿大的“资源、水、土地和国家”。
当天早些时候,卡尼以压倒性的优势当选为加拿大执政党自由党新领导人。卡尼在胜选演讲中说:“美国觊觎我们的资源,我们的水,我们的土地,甚至我们的国家。一旦得逞,将摧毁我们的生活。”
卡尼说,他的政府将保持对美国的报复性关税措施。加拿大要团结起来,不能让美国总统特朗普得逞。
卡尼表示,加拿大人知道,应对新的威胁,需要新的想法和新的计划。加拿大政府将建立更强大的经济,与可靠的合作伙伴建立新的贸易关系,并确保边境安全。
当选自由党新领导人的卡尼将接替现任总理特鲁多出任加拿大总理,组建新内阁。(完)
1. 2025年2月19日,在加拿大多伦多的一个党内竞选造势集会上,加拿大自由党领袖候选人马克·卡尼在发表演讲。(李海涛摄)