မြန်မာ-中文
မေရိကန်နှင့် ယူကရိန်း ကိုယ်စားလှယ်အဖွဲ့များ ဆော်ဒီအာရေဗျ၌ တွေ့ဆုံဆွေးနွေးမှုစတင်

ဆော်ဒီအာရေဗျ၊ ဂျက်ဒါ၊ မတ် ၁၁ ရက် (ဆင်ဟွာ)
အမေရိကန်နှင့် ယူကရိန်း ကိုယ်စားလှယ်အဖွဲ့များသည် မတ် ၁၁ ရက်မှ စတင်၍ ဆော်ဒီအာရေဗျနိုင်ငံ ဂျက်ဒါမြို့ရှိ Ritz-Carlton ဟိုတယ် အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ရာ ရုရှား-ယူကရိန်း တစ်စိတ်တစ်ပိုင်းအပစ်အခတ်ရပ်စဲရေးသည် တွေ့ဆုံဆွေးနွေးမှု၏ အဓိကအကြောင်းအရာ ဖြစ်မည်ဟု သိရသည်။
ယူကရိန်းသည် ယခုအကြိမ်တွေ့ဆုံဆွေးနွေးမှုအတွင်း အမေရိကန်ထံ ရုရှားနှင့် တစ်စိတ်တစ်ပိုင်း အပစ်အခတ်ရပ်စဲမှု သဘောတူညီချက်ရရှိရေး အစီအစဉ်တစ်ရပ်အား တင်ပြသွားမည်ဖြစ်ပြီး အဆိုပါအစီအစဉ်ဖြင့် အိမ်ဖြူတော်၏ ထောက်ခံအားပေးမှုကို ပြန်လည်ရယူရန် မျှော်လင့်ကြောင်း ဆော်ဒီအာရေဗျနိုင်ငံ Al Arabiya ရုပ်သံက မတ် ၁၁ ရက်တွင် သတင်းဖော်ပြခဲ့သည်။
အမေရိကန်က ယခုအကြိမ် တွေ့ဆုံဆွေးနွေးမှုအတွင်း ယူကရိန်းက ရုရှား-ယူကရိန်း ပဋိပက္ခ အဆုံးသတ်ရေးအတွက် မည်သည့်နောက်ဆုတ်မှုများ လုပ်ဆောင်ပေးရန် ဆန္ဒရှိသည်ကို နားဆင်နိုင်ရန် မျှော်လင့်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ပြောကြားခဲ့သည်ဟု အမေရိကန် CNN သတင်းရုပ်သံလိုင်းက မတ် ၁၀ ရက်တွင် သတင်းဖော်ပြခဲ့သည်။ (Xinhua)
————————————————————————————–
(Chinese Version)
美国和乌克兰代表团在沙特开始会谈
新华社沙特阿拉伯吉达3月11日电(记者罗晨 王海洲)美国和乌克兰代表团11日开始在沙特阿拉伯城市吉达的利兹卡尔顿酒店会议中心举行会谈,俄乌部分停火将是会谈的主要内容。
据沙特阿拉比亚电视台11日报道,乌克兰将在本次会谈中向美国提出一项与俄罗斯达成部分停火的计划,希望通过这一计划重新赢得白宫支持。
据美国有线电视新闻网10日报道,美国国务卿鲁比奥称,美国希望在此次会谈中听听乌克兰就结束俄乌冲突愿意做出哪些让步。(完)
图说:这是3月11日在沙特阿拉伯吉达拍摄的美国和乌克兰代表团会谈现场。新华社记者 王东震 摄