Connect with us

China

တရုတ်-ပါကစ္စတန် အာကာသယာဉ်မှူး ရွေးချယ်လေ့ကျင့်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် လက်မှတ်ရေးထိုး

ပါကစ္စတန်နိုင်ငံ မြို့တော်အစ္စလာမ်မာဘတ်ရှိ ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ်ရုံးခန်း၌ တရုတ်နိုင်ငံ လူတင်အာကာသယာဉ် စီမံကိန်းရုံး (CMSEO) ဒုတိယဥက္ကဋ္ဌ လျင်ရှီးချန် (ယာ) နှင့် ပါကစ္စတန်နိုင်ငံ အာကာသနှင့် အမြင့်လေထုအလွှာ သုတေသနကော်မရှင် (SUPARCO) ဥက္ကဋ္ဌ Muhammad Yousuf Khan တို့သည် ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ် Shehbaz Sharif (အလယ်) ၏ သက်သေထူမှုဖြင့် ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်အား အပြန်အလှန်လွှဲပြောင်းပေးအပ်နေသည်ကို ဖေဖော်ဝါရီ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အစ္စလာမ်မာဘတ်၊ မတ် ၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့သည် ဖေဖော်ဝါရီ ၂၈ ရက်တွင် အာကာသယာဉ်မှူး ရွေးချယ်လေ့ကျင့်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပြီး အနာဂတ် နှစ်အနည်းငယ်အတွင်း နိုင်ငံခြားသား အာကာသယာဉ်မှူးများ တရုတ်အာကာသစခန်းသို့ ဝင်ရောက်၍ ကာလတို ပျံသန်းမှုတာဝန်များ ထမ်းဆောင်သွားမည်ဖြစ်သည်။

ယခုအကြိမ် သဘောတူညီချက် လက်မှတ်ရေးထိုးမှုသည် တရုတ်နိုင်ငံအစိုးရက ပထမဆုံးအကြိမ် ပြည်ပနိုင်ငံအတွက် အာကာသယာဉ်မှူး ရွေးချယ်လေ့ကျင့်ပေးခြင်း၊ တရုတ်အာကာသစခန်းတွင် ပထမဆုံး နိုင်ငံခြားသား အာကာသယာဉ်မှူး ရောက်ရှိလာမည်ဖြစ်သော အမှတ်သင်္ကေတဖြစ်ပေသည်။

တရုတ်နိုင်ငံ လူတင်အာကာသယာဉ် စီမံကိန်းရုံး (CMSEO) နှင့် ပါကစ္စတန်နိုင်ငံ အာကာသနှင့် အမြင့်လေထုအလွှာ သုတေသနကော်မရှင် (SUPARCO) တို့သည် ဒေသစံတော်ချိန် ဖေဖော်ဝါရီ ၂၈ ရက် နံနက်ပိုင်းတွင် ပါကစ္စတန်နိုင်ငံ မြို့တော် အစ္စလာမ်မာဘတ်၌ “ပါကစ္စတန် အာကာသယာဉ်မှူးများ ရွေးချယ်ခြင်း၊ လေ့ကျင့်ခြင်းနှင့် တရုတ်အာကာသစခန်းတွင် ပျံသန်းမှုတာဝန်ထမ်းဆောင်ခြင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်” ကို လက်မှတ်ရေးထိုးခဲ့သည်။ ယင်းသည် တရုတ်-ပါကစ္စတန် နှစ်နိုင်ငံက လူလိုက်ပါ အာကာသယာဥ်ကဏ္ဍတွင် နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်သည့် စာမျက်နှာသစ်ကို ဖွင့်လှစ်လိုက်ရုံသာမက တရုတ်အာကာသစခန်း၌ ပျံသန်းမှုတာဝန် ထမ်းဆောင်ရန်အတွက် တရုတ်နိုင်ငံက နိုင်ငံခြားသား အာကာသယာဉ်မှူးများ ရွေးချယ်လေ့ကျင့်ရေး ပထမခြေလှမ်း လျှောက်လှမ်းလိုက်ခြင်းလည်း ဖြစ်ပေသည်။

အဆိုပါ သဘောတူညီချက် လက်မှတ်ရေးထိုးမှု အခမ်းအနားကို ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ်ရုံးခန်း၌ ကျင်းပခဲ့ရာ ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ် Shehbaz Sharif ၏ သက်သေထူမှုဖြင့် CMSEO ဒုတိယဥက္ကဋ္ဌ လျင်ရှီးချန်နှင့် SUPARCO ဥက္ကဋ္ဌ Muhammad Yousuf Khan တို့က သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။

အစီအစဉ်အရ နှစ်ဖက်သည် ရွေးချယ်မှုလုပ်ငန်းကို အချိန်တစ်နှစ်ဝန်းကျင်အတွင်း ပြီးမြောက်အောင် လုပ်ဆောင်သွားမည်ဖြစ်ပြီး ပါကစ္စတန် အာကာသယာဉ်မှူးသည် တရုတ်နိုင်ငံ၌ ဘက်စုံစည်းစနစ်တကျ လေ့ကျင့်မှု ခံယူသွားမည်ဖြစ်ကြောင်း CMSEO မိတ်ဆက်ပြောကြားချက်အရ သိရှိရသည်။ တရုတ်အာကာသစခန်း၏ ပျံသန်းမှုတာဝန် စီစဉ်ထားမှုအရ အနာဂတ်နှစ်အနည်းငယ်အတွင်း အာကာသယာဉ်ရွေးချယ်ကာ ပါကစ္စတန် အာကာသယာဉ်မှူးနှင့် တရုတ်အာကာသယာဉ်မှူးတို့အတူ တရုတ်အာကာသစခန်းတွင် အတူတကွဝင်ရောက်၍ ကာလတိုပျံသန်းမှု တာဝန်ထမ်းဆောင်ရန် စီစဉ်သွားမည်ဖြစ်သည်။

တရုတ်နိုင်ငံ လူတင်အာကာသယာဉ် စီမံကိန်း စတင်ဖော်ဆောင်လာကတည်းက “ငြိမ်းချမ်းစွာ အသုံးပြုမှု၊ တန်းတူညီမျှ အပြန်အလှန် အကျိုးဖြစ်ထွန်းမှု၊ အတူတကွ ဖွံ့ဖြိုးတိုးတက်မှု” အခြေခံမူကို အစဉ်အမြဲကိုင်စွဲကာ လူသားအားလုံးကို မျက်နှာမူ၍ တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု ရလဒ်ကို မျှဝေလျက်ရှိသည်။ တရုတ်အာကာသစခန်း၏ ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းများကို တံခါးဖွင့်ပေး၍ လူသားမျိုးနွယ် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှုအတွက် အင်အားများ တက်တက်ကြွကြွ အကျိုးဆောင်ဖြည့်တင်းခဲ့သည်။ ယခုအကြိမ် ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် လက်မှတ်ရေးထိုးမှုသည် နိုင်ငံတကာ လူတင်အာကာသယာဉ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွင် ပိုမိုများပြားသော ဖွံ့ဖြိုးဆဲနိုင်ငံများ ပါဝင်လာရန်အတွက် စံနမူနာပြခြင်းဖြစ်ပြီး ပိုမိုများပြားသည့်နိုင်ငံများအား စကြဝဠာ၏ လျှို့ဝှက်နက်နဲမှုကို အတူလက်တွဲ စူးစမ်းလေ့လာရန် နှိုးဆော်ရေးနှင့် လူသားမျိုးနွယ်တစ်ရပ်လုံးကို အကျိုးဖြစ်ထွန်းစေသည့် လမ်းတွင် စာမျက်နှာသစ် အတူတကွဖွင့်လှစ်ရေးအတွက် အကျိုးပြုစေကြောင်း သိရသည်။ (Xinhua)

ပါကစ္စတန်နိုင်ငံ မြို့တော်အစ္စလာမ်မာဘတ်ရှိ ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ်ရုံးခန်း၌ တရုတ်နိုင်ငံ လူတင်အာကာသယာဉ် စီမံကိန်းရုံး (CMSEO) ဒုတိယဥက္ကဋ္ဌ လျင်ရှီးချန် (ယာ) နှင့် ပါကစ္စတန်နိုင်ငံ အာကာသနှင့် အမြင့်လေထုအလွှာ သုတေသနကော်မရှင် (SUPARCO) ဥက္ကဋ္ဌ Muhammad Yousuf Khan တို့သည် ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ် Shehbaz Sharif (အလယ်) ၏ သက်သေထူမှုဖြင့် ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်အား အပြန်အလှန်လွှဲပြောင်းပေးအပ်နေသည်ကို ဖေဖော်ဝါရီ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………..
(Chinese Version)
中巴签署选拔训练航天员合作协议
新华社伊斯兰堡2月28日电(记者蒋超 李国利)中国和巴基斯坦2月28日签署合作协议选拔训练航天员,外籍航天员将在未来几年内进入中国空间站执行短期飞行任务。
这次协议的签署,标志着中国政府将首次为外国选拔训练航天员,中国空间站将迎来首位外籍航天员造访。
当地时间28日上午,中国载人航天工程办公室与巴基斯坦太空与高层大气研究委员会在巴基斯坦首都伊斯兰堡,正式签署《关于选拔、训练巴基斯坦航天员并参与中国空间站飞行任务的合作协议》,开启了中巴两国在载人航天领域深化合作的新篇章,迈出了中国选拔训练外籍航天员参与中国空间站飞行任务的第一步。
签字仪式在巴基斯坦总理府举行,在巴基斯坦总理夏巴兹·谢里夫见证下,中国载人航天工程办公室副主任林西强与巴基斯坦太空与高层大气研究委员会主席穆罕默德·优素福·汗签署协议。
据中国载人航天工程办公室介绍,按计划,双方将利用一年左右的时间完成选拔工作,巴基斯坦航天员将在中国接受全方位的系统训练。根据中国空间站的飞行任务规划安排,将在未来几年内择机安排巴基斯坦航天员与中国航天员一道进入中国空间站执行短期飞行任务。
中国载人航天工程立项实施以来,始终坚持“和平利用、平等互利、共同发展”的原则,着眼面向全人类共享中国发展成果,主动开放中国空间站合作机会,积极为构建人类命运共同体贡献力量。这次合作协议的签订,为更多发展中国家参加国际载人航天合作提供了范例,有利于激励更多国家携手探索宇宙奥秘,共同在造福全人类的道路上书写新的篇章。(完)
图说:2月28日,在位于巴基斯坦首都伊斯兰堡的巴基斯坦总理府,在巴基斯坦总理夏巴兹·谢里夫(中)见证下,中国载人航天工程办公室副主任林西强(右)与巴基斯坦太空与高层大气研究委员会主席穆罕默德·优素福·汗交换协议。新华社发(艾哈迈德·卡迈勒摄)