Connect with us

North America

ထရမ့်တာဝါ (Trump Tower) သို့ ဝင်ရောက် ဆန္ဒပြခဲ့သူ ၁၀၀ ကျော်ကို နယူးယောက် ရဲတပ်ဖွဲ့ ဖမ်းဆီး

နယူးယောက်၊ မတ် ၁၄ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ နယူးယောက်မြို့ ရဲတပ်ဖွဲ့က မန်ဟက်တန်မြို့ အမှတ် ၅ လမ်းမကြီးရှိ ထရမ့်တာဝါသို့ ဝင်ရောက် ဆန္ဒပြခဲ့သူ ၁၀၀ ကျော်ကို မတ် ၁၃ ရက်က ဖမ်းဆီးခဲ့သည်။ဂျူးဆန္ဒပြသူ ၁၅၀ ဦးခန့်သည် ထရမ့်တာဝါ (Trump Tower) အတွင်းသို့ ဝင်ရောက်ပြီးနောက် ၎င်းတို့ ကုတ်အင်္ကျီများကို ချွတ်လိုက်ပြီး “အစ္စရေးကို လက်နက်တပ်ဆင်ခြင်း ရပ်တန့်ပါ” နှင့် “ကျွန်တော်တို့ အမည်သုံးခြင်း မပြုနဲ့” စသည့်စာလုံးများပါရှိသည့် တီရှပ်အင်္ကျီကို ထုတ်ဖော်ပြသ၍ ဧည့်သည်စောင့်ခန်းမတွင် ငြိမ်သက်စွာ ထိုင်၍ ဆန္ဒပြခဲ့ကြကြောင်း ဒေသခံမီဒီယာများ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဆန္ဒပြသူများက မကြာသေးမီရက်က ဖမ်းဆီးခံခဲ့ရသော ကိုလံဘီယာတက္ကသိုလ် ကျောင်းသားတစ်ဦးကို ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့သည်။ အဆိုပါ ကျောင်းသားသည် ဂါဇာကမ်းမြောင်ဒေသရှိ အစ္စရေး၏ စစ်ရေးလှုပ်ရှားမှုများကို ဆန့်ကျင်ခဲ့ခြင်းဖြစ်သည်။

အမေရိကန်နိုင်ငံ၏ အစိမ်းရောင်ကတ် ကိုင်ဆောင်ထားသော ဤကျောင်းသားသည် မတ် ၈ ရက်က ဖမ်းဆီးခံခဲ့ရပြီးနောက် နယူးယောက်မြို့တွင် အဆိုပါကျောင်းသားကို ပြန်လွှတ်ပေးရေး ဆန္ဒပြလှုပ်ရှားမှု အများအပြားပေါ်ပေါက်လာခဲ့သည်။ (Xinhua)
………………………….
(Chinese Version)
纽约警方逮捕百余名进入特朗普大厦抗议者
新华社纽约3月13日电(记者刘亚南)美国纽约市警方13日逮捕进入曼哈顿第五大道特朗普大厦的百余名抗议者。
据当地媒体报道,约150名犹太抗议人士进入特朗普大厦后脱去外衣,露出写有“停止武装以色列”和“勿以我们之名”等字样的T恤衫,在大堂内静坐抗议。
抗议者还要求释放日前被逮捕的一名哥伦比亚大学学生。这名学生反对以色列在加沙地带的军事行动。
这名持有美国绿卡的学生8日被捕后,纽约市已爆发多起要求将其释放的抗议活动。(完)
English Caption:New York Police Department (NYPD) officers arrest demonstrators during a protest against the Donald Trump administration’s policies on the Middle East, campus protests and immigration in New York City, the United States, March 11, 2025. (Photo by Michael Nagle/Xinhua)