Politics, Law & Military
တူးမြောင်း အချုပ်အခြာအာဏာအား ခိုင်မာစွာကာကွယ်သွားမည်ဟု ပနားမား နိုင်ငံခြားရေးဝန်ကြီးဆို

ပနားမားမြို့၊ မတ် ၁၄ ရက် (ဆင်ဟွာ)
ပနားမားနိုင်ငံအနေဖြင့် တူးမြောင်း အချုပ်အခြာအာဏာအား ခိုင်မာစွာကာကွယ်သွားမည်ဖြစ်ကြောင်း၊ “ပနားမားတူးမြောင်းကို ပနားမားပြည်သူများက ပိုင်ဆိုင်ပါတယ်၊ အမြဲတစေ ဒီလိုပဲဖြစ်ပါလိမ့်မယ်” ဟု ပနားမား နိုင်ငံခြားရေးဝန်ကြီး Javier Martínez-Acha က မတ် ၁၃ ရက်တွင် ပြောကြားခဲ့သည်။ပနားမားတူးမြောင်းအား “ပြန်လည်သိမ်းယူ” မည့် အစီအစဉ်အား ရေးဆွဲနေသည်ဟု အမေရိကန်အစိုးရအရာရှိ၏ ထုတ်ဖော်ပြောကြားချက်နှင့် စပ်လျဉ်း၍ Javier Martínez-Acha က “ကျွန်တော် နောက်ထပ်တစ်ကြိမ် ထပ်ပြောပါမယ်၊ ပနားမားပြည်သူတွေ စိတ်ချလို့ရပါတယ်။ တူးမြောင်းကို ကျွန်တော်တို့ ပိုင်ဆိုင်ဆဲပါ။ အမြဲတစေဒီလိုပဲ ဖြစ်ပါလိမ့်မယ်။ လက်ရှိ ဘယ်ခြိမ်းခြောက်မှုမှ မရှိသေးပါဘူး” ဟု ပနားမားမြို့တွင် အခမ်းအနားတက်ရောက်စဉ် သတင်းထောက်များအား အလေးထား ပြောကြားခဲ့သည်။
ပနားမားတူးမြောင်းအား “ပြန်လည်သိမ်းယူ” မည့် ရည်မှန်းချက်အား ဖော်ဆောင်ရန်အတွက် ပနားမား၌ အမေရိကန် စစ်ရေးအင်အားတိုးမြှင့်မည့် အစီအစဉ်အား အမေရိကန်စစ်တပ်မှ ရေးဆွဲရန် အိမ်ဖြူတော်က ညွှန်ကြားထားပြီးဖြစ်သည်ဟု အမေရိကန် အစိုးရအရာရှိနှစ်ဦးက ထုတ်ဖော်ပြောကြားခဲ့ကြောင်း အမေရိကန် NBC သတင်းဌာနက ဖော်ပြခဲ့သည်။ (Xinhua)
———————————
(Chinese Version)
巴拿马外长:坚定捍卫运河主权
新华社巴拿马城3月13日电(记者许咏政)巴拿马外交部长哈维尔·马丁内斯-阿查13日表示,巴拿马坚定捍卫运河主权,“巴拿马运河属于巴拿马人,并将一直如此”。
就美官员透露正在制定“收回”巴拿马运河方案,马丁内斯-阿查在巴拿马城出席活动时对在场的媒体记者强调:“我再重复一遍,巴拿马人民可以放心,运河仍然属于我们,并将一直如此,目前没有任何威胁。”
据美国全国广播公司新闻台报道,两名美国官员透露,白宫已指示美国军方制定方案,增加美国在巴拿马的军事存在,以实现“收回”巴拿马运河的目标。(完)
图说:2024年8月28日,在巴拿马首都巴拿马城附近,一艘货轮通过巴拿马运河的米拉弗洛雷斯船闸准备驶入太平洋。新华社记者 赵凯 摄