Connect with us

Media

တရုတ်နိုင်ငံ နန်ရှားကျွန်းစုအနီး လွင့်မျောနေသော နိုင်ငံခြားကုန်တင်သင်္ဘောတစ်စင်းကို ကယ်ဆယ်ပေးခဲ့

နန်ရှား၊ မတ် ၁၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နန်ရှားကျွန်းစုအနီး ပင်လယ်ပြင်တွင် စက်ချို့ယွင်းမှုကြောင့် လွင့်မျောနေသော ပနားမားကုန်တင်သင်္ဘောတစ်စင်းကို Pearl River မြစ်ဝဆီသို့ ဘေးကင်းစွာ ဆွဲယူလာနိုင်ခဲ့ကြောင်း သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက မတ် ၁၇ ရက်၌ ပြောကြားခဲ့သည်။

Nanhai Rescue Bureau ၏ ကြိုးပမ်းကယ်ဆယ်မှုကြောင့် ၎င်းသင်္ဘောပေါ်ရှိ အမှုထမ်း ၂၁ ဦးမှာ ဘေးကင်း၊ ကျန်းမာလျက်ရှိကြောင်း သိရသည်။
ထိုသင်္ဘောမှာ စက်ချို့ယွင်းမှုရှိကြောင်းသတင်း လက်ခံရရှိပြီးနောက် ဗျူရိုအနေဖြင့် ကယ်ဆယ်ရေးသင်္ဘောတစ်စင်း ချက်ချင်းစေလွှတ်ခဲ့ကာ သင်္ဘောဆွဲယူလာရေး အစီအစဉ်ကို ဂရုတစိုက်ဆောင်ရွက်ခဲ့သည်။
ဆိုးဝါးသောရာသီဥတုနှင့် ဘူမိဗေဒအခြေအနေများကြောင့် ၉ ရက်ကြာ ရေကြောင်းခရီးနှင်ပြီးနောက် ကယ်ဆယ်ရေးသင်္ဘောက ပနားမားသင်္ဘောကို အောင်မြင်စွာဆွဲယူလာနိုင်ခဲ့ကြောင်း သိရသည်။

၂၀၀၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော Nanhai Rescue Bureau သည် တရုတ်နိုင်ငံ၏ ကျွမ်းကျင်ကယ်ဆယ်ရေးအဖွဲ့အစည်းများအနက် တစ်ခုဖြစ်သည်။ (Xinhua)
……………………………………
(English Version)
Foreign cargo ship rescued near China’s Nansha Islands (TikTok)
A Panamanian cargo ship drifting in waters near China’s Nansha Islands due to mechanical failure has been safely towed to the Pearl River estuary, China’s Ministry of Transport said on Friday.
Thanks to the rescue effort by the Nanhai Rescue Bureau, the 21 crew members on board were safe and sound.
When receiving the malfunction report of the ship, the bureau immediately dispatched a rescue vessel, and carefully formulated a towing plan.
The rescue vessel successfully towed the ship back under unfavorable weather and geological conditions after a 9-day voyage.
The Nanhai Rescue Bureau, established in 2003, is one of China’s professional rescue organizations.
Xinhua News Agency correspondents reporting from Beijing. (XHTV)