Connect with us

China

တရုတ်နိုင်ငံက Siwei Gaojing-3 02 ဂြိုဟ်တု အောင်မြင်စွာ လွှတ်တင်

ကျိုချွမ်၊ မတ် ၁၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံက မတ် ၁၅ ရက် ဒေသစံတော်ချိန် မွန်းတည့် ၁၂ နာရီ ၁၁ မိနစ်ခန့်တွင် ကျိုချွမ် ဂြိုဟ်တုလွှတ်တင်ရေးစင်တာ၌ Long March-2D သယ်ဆောင်ရေးဒုံးပျံကိုအသုံးပြု၍ Siwei Gaojing-3 02 ဂြိုဟ်တုအား အာကာသအတွင်းသို့ လွှတ်တင်ခဲ့ရာ ထိုဂြိုဟ်တုသည် သတ်မှတ်ဂြိုဟ်ပတ်လမ်းသို့ အဆင်ပြေချောမွေ့စွာ ဝင်ရောက်ခဲ့ပြီး လွှတ်တင်ရေး မစ်ရှင် အပြည့်အဝ အောင်မြင်ခဲ့သည်။ ယခုအကြိမ် မစ်ရှင်တွင် Tianyan-23 ဂြိုဟ်တုကိုလည်း သယ်ဆောင်ပြီး လွှတ်တင်ခဲ့ကြောင်း သိရသည်။
ယခုအကြိမ် မစ်ရှင်သည် Long March စီးရီး သယ်ဆောင်ရေးဒုံးပျံများ၏ ၅၆၄ ကြိမ်မြောက် ပျံသန်းခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)


……………………
(Chinese Version)
我国成功发射四维高景三号02星
新华社照片,酒泉,2025年3月15日
3月15日12时11分,我国在酒泉卫星发射中心使用长征二号丁运载火箭,成功将四维高景三号02星发射升空,卫星顺利进入预定轨道,发射任务获得圆满成功。这次任务还搭载发射了天雁23星。这次任务是长征系列运载火箭的第564次飞行。 新华社发(汪江波 摄)