China
ဟယ်လိဖုန်းနှင့် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဟောင်း Henry Paulson တွေ့ဆုံဆွေးနွေး

ပေကျင်း၊ မတ် ၁၇ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ ဘဏ္ဍာရေးနှင့် စီးပွားရေးဆိုင်ရာ ဗဟိုကော်မရှင်ရုံး အကြီးအကဲ ဟယ်လိဖုန်းသည် အမေရိကန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဟောင်း Henry Paulson နှင့် မတ် ၁၆ ရက်က ပေကျင်းမြို့၌ တွေ့ဆုံခဲ့ရာ နှစ်ဖက်က တရုတ်-အမေရိကန် ကုန်သွယ်စီးပွား ဆက်ဆံရေး၊ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး စသည်တို့နှင့်စပ်လျဉ်း၍ အမြင်သဘောထားချင်း ဖလှယ်ခဲ့သည်။
ဟယ်လိဖုန်းက တရုတ်နိုင်ငံ၏ စီးပွားရေးသည် ပြန်လည်မြင့်တက်ကောင်းမွန်သည့်အရှိန်ကို ထိန်းထားလျက်ရှိသလို ဆန်းသစ်ဖန်တီးမှုဖြင့် ဖွံ့ဖြိုးတိုးတက်ရေးအား တွန်းအားပေးသည့် အောင်မြင်မှုရလဒ်များမှာ သိသာထင်ရှားကြောင်း၊ ဈေးကွက်မျှော်မှန်းချက်များကို စဉ်ဆက်မပြတ် ကောင်းမွန်အောင် ပြုပြင်ဆောင်ရွက်လျက်ရှိသလို ပြည်တွင်းဝယ်လိုအား အလားအလာနှင့် ပြည်တွင်း ကိုယ်တိုင်လည်ပတ်မှုအလားအလာ ကြီးမားကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှု အခင်းအကျင်းသစ်သည် အရှိန်အဟုန်ဖြင့် ပုံပေါ်လာလျက်ရှိသလို တရုတ်နိုင်ငံ၏ စီးပွားရေးသည် ရေရှည် အကောင်းဘက်သို့ လျှောက်လှမ်းနေသည့် အခြေခံမှာ ပြောင်းလဲမှုမရှိဘဲ အနာဂတ်အလားအလာ အလွန်တောက်ပဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။
Henry Paulson က အမေရိကန်-တရုတ် ဆက်ဆံရေးသည် အလွန် အရေးကြီးကြောင်း၊ အစိမ်းရောင်အသွင်ပြောင်းခြင်းသည် ရေစီးကြောင်းကြီး ဖြစ်ရာ Paulson Institute အနေဖြင့် အမေရိကန်-တရုတ် ဆက်ဆံရေး တည်ငြိမ်ရန်နှင့် အစိမ်းရောင် ကာဗွန်လျော့နည်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြုသဘောအင်အား ဆောင်ကြဉ်းပေးသွားလိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)
———————
(Chinese Version)
何立峰会见美国前财政部长保尔森
新华社北京3月16日电 中共中央政治局委员、中央财办主任何立峰16日在京会见美国前财政部长保尔森,双方就中美经贸关系、全球经济等交换看法。
何立峰表示,中国经济保持回升向好势头,创新驱动发展成效显著,市场预期持续改善,国内需求潜力和内循环空间巨大,新发展格局正在加快形成,中国经济长期向好的基本面没有改变,前景依然十分光明。
保尔森表示,美中关系十分重要,绿色转型是大势所趋,保尔森基金会愿继续为美中关系稳定和绿色低碳发展贡献积极力量。(完)
1. 3月16日,中共中央政治局委员、中央财办主任何立峰在北京会见美国前财政部长保尔森。 新华社记者 岳月伟 摄